အပိုင်း၂

4 1 0
                                    

အိမ်တော်တွင်
"မင်းဘယ်က ပြန်လာတာလဲ"
လေသံမာမာဖြင့် ကြိုဆိုနေပုံမှာမေးစရာမလိုလောက်
အောင် သေချာသိနေ
"မင်းကဒီအိမ်ကို ဇရပ်များထင်နေတာလား "
"....."
"မင်းကိုငါ ပြောနေတယ်လေ"
"ခွမ်း...."
ဖန်ခွက်တစ်လုံးအား ကြမ်းပြင်ပေါ်သို့လွတ်ပစ်လိုက်
"မင်း ဒီအိမ်ကိုဘာလို့ပြန်လာတာလဲ!"
"ဘာလဲ အဘိုးကကြောက်နေတာလား"
"ငါ့အလုပ်ကို ထိခိုက်လာရင် ဘယ်သူ့ကိုမဆိုရှင်းပစ်
ဖို့ဝန်မလေးဘူး.!"
"အဘိုးမလုပ်ရဲတာ မရှိပါဘူး"
နှစ်ယောက်တည်း အချေအတင်ဖြစ်နေသည့်အနေအ
ထားမှာ
"သား သွားနားတော့"
"မင်းကများ..ရာရာစစ မင်းကို ဘယ်သူကဝင်ပါခိုင်း
လို့လဲ"
"အဖေ ဟိန်းမာန်က အခုမှပြန်ရောက်တာ"
"မင်းတို့ ငါကိုပမာမခန့် လုပ်နေတာလဲ"
"အဖေဘယ်အချိန်မှအတ္တ ၊မာန‌ေတွ ‌ေလျှာ့မှာလဲ"
တိတ်ဆိတ်သွားခဲ့တဲ့နှုတ်ခမ်း တစ်စုံကအတိတ်မှာဝဲ
လွှင့်လေသလား။ ထိုညတွင် ဘယ်သူတွေများ အိပ်၍
မပျော်ရှိနေလိမ့်မလဲ

နောက်တစ်နေ့နံနက်တွင်

"သား...ဟိန်းမာန်"
"ဗျာ"
အိပ်ခန်းဝတွင်ဒေါ်သူဇာဝင်းမှ လှမ်းခေါ်နေ
"အမေ"
အသက်မပါတဲ့ခေါ်သံကြားမှာ စိမ်းသက်မှုတွေ ရှိနေ
တုန်းဆိုတာ ဒေါ်သူဇာဝင်းသိနေသည်၊
"သား‌ မေမေကိုခွင့်လွှတ်နိုင်ပြီလား"
"အမေ ကျွန်တော်မငယ်တော့ပါဘူး"
"အမေ မနက်စာလုပ်ထားတယ် ဆင်းလာခဲ့"
"ဟုတ်ကဲ့ပါ"
မနက်ခင်းမြင်ခွင့်ကတော့မလှနိုင်ပါ
ထမင်းစား စားပွဲတွင်ထိုင်နေသောအဘိုးဖြစ်သူ ကို ကျော်နိုင်သည် အမြင်မကြည် ဖြစ်နေသည့်ပုံစံ
"သား လာထိုင်"
"သားကြိုက်တဲ့ ကော်ဖီနဲ့ ကိတ်မုန့် စား"
"စည်းကမ်းပျက်ရင် ငါ့အစီအစဥ်အတိုင်းလုပ်မှာ"
"........"

***************
ဒီလိုနဲ့ပဲ ဖြတ်သန်းလာတာ၂လ နီးပါးဖြစ်လာသည်
"လွန်း....."
"ဟာအကို...ဘယ်ကလှည့်လာတာလဲ"
"လွန်းဆီဘဲ သက်သက်လာခဲ့တာ"
"ဘာကိစ္စရှိလို့လဲ ဟင်"
"ဟင့်အင်း သတိရလို့"
"ဗျာ"
"ဟင့်....ဘာတွေဒီလောက်လန့်သွားတာလဲ"
"မဟုတ်ပါဘူး အကိုကျွန်တော်မုန့်လုပ်ပေးမယ်"
"ကျေးဇူးပါ"
"ခဏစောင့်"

လွန်းသည်ဆိုင်ရဲ့ မီးဖိုချောင်ထဲတွင် မုန့်လုပ်နေသည်
"လွန်း.."
"အကို ဘာဖြစ်လို့လဲ"
လွန်းရဲ့နောက်က မတ်တပ်ရပ်ကာခေါ်လိုက်၍
"ကိုယ်ခဏ ဖတ်လို့ရလား"
"အင်း..ရ.ပါ..တယ်"
လွန်းကိုဖတ်ထားလိုက်ကာ ခေါင်းလေးတိုးဝင်နေ
"ကျေးဇူးပါ..လွန်း"
အချိန်တွေကြာလာတာနှင့်အမျှ လွန်း နှင့် ဟိန်းမာန်
ကြားတွင် နားလည်မှုပိုရှိလာလေ၊ နွေးထွေးမှုပိုရှိလာ
လေပဲ

မုန်းဖို့အတွက်မဟုတ်ပါWhere stories live. Discover now