3

155 19 0
                                    

Unicode

ဂုဏ်မြင့်သူရယ်

အပိုင်း ၃

မင်္ဂလာပွဲကို ဆွေးနွေးပြီးနောက် ရှဲ့ပိုင်ယန်သည် ယဲ့အန်း နှင့်  ယဲ့ယွမ်နျန်ကို ပြန်လွှတ်လိုက်သည်။ သူတို့ထွက်သွားပြီးနောက် မျက်နှာပေါ်တွင် ပျော်ရွှင်မှု အလျှင်းမရှိသော သားဖြစ်သူကို ကြည့်လိုက်သည်။ သူ့ရင်ဘတ်တွင်းမှ သက်ပြင်းတစ်ချက်မှုတ်ထုတ်လိုက်မိသည်။

"အားရှော၊ ဒီအိမ်ထောင်ရေးကို မင်းဆန္ဒမရှိဘူးလား။"

ထိုစကားကိုကြားသည်နှင့် ရှဲ့ရှောက အပေါ်ထပ်ကိုပြန်တက်ခါနီးမှာ သူ့ခြေလှမ်းတွေကို ရပ်လိုက်သည်။

ရှဲ့ပိုင်ယန် သက်ပြင်းချလိုက်သည်။ "အားရှော မင်းရဲ့လက်ရှိ အခြေအနေအရ မင်းကိုဂရုစိုက်ဖို့ မင်းဘေးမှာ တစ်ယောက်ယောက်ရှိသင့်တယ်။ မင်းကို ပြုစုစောင့်ရှောက်ပေးမဲ့ သူကိုလည်း မငှားချင်ဘူးမလား။ ယဲ့ မိသားစု သမီးရဲ့ နောက်ခံက အနည်းငယ် အားနည်းပေမဲ့ သူမသည်လည်း မလိမ္မာတဲ့ မိန်းကလေးတစ်ယောက်မဟုတ်ပါဘူး။ စိတ်ထားနူးညံ့တဲ့ ပညာတတ်တစ်ယောက်ပါပဲ။ တခြားသူတွေကို ဘယ်လိုဂရုစိုက်ရမယ်ဆိုတာ သူသိကောင်းပါတယ်။”

စောစောက သူ့အခန်းထဲတွင် သူ့ကိုယ်သူ ကြွားလုံးထုတ်ခဲ့တာကို သတိရရင်း ရှဲ့ရှောက တိတ်ဆိတ်နေခဲ့သည်။

"ဒါပေမယ့် သား သူ့ကို မကျေနပ်ရင် အဖေ့ ကို ချက်ချင်း ပြော။ အဖေ မင်းကို တခြားတစ်ယောက်ရှာပေးမယ်၊ အားလုံးပြင်ဆင်ပြီးတဲ့အထိတော့ စောင့်မနေနဲ့  သည်လိုဆိုရင် ငါတို့မျက်နှာပျက်ရလိမ့်မယ်။”

“ဘာမှ ကျေနပ်စရာ မရှိဘူး…”

ရှဲ့ရှောက ရှဲ့ပိုင်ယန် ပြောလက်စကို ဖြတ်လိုက်ပြီး "ယဲ့ မိသားစုနှင့် လက်တွဲဖို့ ဆွေးနွေးတာက ပြေလည်သွားပြီလား?"

ရှဲ့ပိုင်ယန်က ဖြည်းဖြည်းချင်းပြန်ပြောသည်။"အဖေ ရှောင်ရန်ကို တာဝန်ပေးထားတယ်။ တိုးတက်မှုနဲ့ ဘယ်လိုဆက်လုပ်ရမယ်ဆိုတာ ရက်အနည်းငယ်အတွင်း မင်းကို ပြန်ပြောလိမ့်မယ်။"

ဂုဏ်မြင့်သူရယ် (ဘာသာပြန်)Nơi câu chuyện tồn tại. Hãy khám phá bây giờ