Unicode
ဂုဏ်မြင့်သူရယ်
အပိုင်း ၄
အလင်းရောင်အောက်တွင် ထိုအမျိုးသားသည် အဖက်ဖက်မှ ပြီးပြည့်စုံနေသည်။ သူ့အသားအရည်သည် သာလွန်ကောင်းမွန်နေပြီး အရက်သောက်ထားသောကြောင့်လားမသိ သူ၏ မျက်ခွံများမှာ မို့မောက်နေသည်။ သူ၏ ကျဉ်းမြောင်းသော မျက်လုံးများက သိမ်ငယ်သော ခံစားချက်ကို ဖော်ပြနေသည်။
သူ၏ ပုံပန်းသဏ္ဌာန်သည် နုပျိုသော အသွင်ကို ဆောင်သည်။ မြင်မြင်ချင်းတွင်၊ သူသည် ဘွဲ့ရလူငယ်တစ်ယောက်နှင့် ပိုတူသော်လည်း သူ၏ရင့်ကျက်သောဝတ်စားပုံကြောင့် ထိုအရောင်အဝါသည် အလွန်မှေးမှိန်သွားသည်။
သူ့အကြည့်တွေက ယဲ့အန်းကို မေးခွန်းထုတ်နေသည်။
ယဲ့အန်းသည် အနည်းငယ် ရင်းနှီးနေပုံပေါက်သည်ဟု ခံစားမိသည်။ အနည်းငယ် မှင်သက်သွားကာ၊ ကမန်းကတန်းပြောသည်။ "Sorry နော်"
ထိုလူ၏ နောက်တွင် သူ၏လက်ထောက်ဖြစ်ပုံရသော အခြားလူတစ်ယောက်ရှိသည်။ လက်ထောက်က ခပ်တိုးတိုးပဲ မေးလိုက်သည်။“အဆင်ပြေရဲ့လား”
ရှန်းချွမ်နှင့် လုဟုန်တို့လည်း လှည့်ကြည့်ကြသည်။
လုဟုန် သည် မူလက သူ့မျက်လုံးများမှာ ကျဥ်းမြောင်းနေသော်လည်း သူ့ရှေ့တွင် ထိုလူ၏အသွင်အပြင်ကို မြင်ပြီးနောက် သူ့အမူအရာ ရုတ်တရက် ပြောင်းလဲသွားသည်။ "သခင်လေး ရှဲ့မလား"သူ၏ ရီဝေနေသော အမူအရာသည် ချက်ချင်းပင် အပြုံးချိုချိုအဖြစ်သို့ ပြောင်းလဲသွားသည်။ သူ့အိတ်ကပ်ထဲမှ Business Card တစ်ကဒ်ကို ထုတ်ပြီး သူ့ရှေ့ကလူကို ပေးလိုက်သည်။ "ကျွန်တော်တို့ ဒီနေရာမှာတွေ့မယ်လို့ ထင်တောင်မထင်ထားဘူး..."
လုဟုန် မူးနေပြီ၊ သူ့စကားပင် ရှုပ်ယှက်ခတ်နေသည်။ လူငယ်သည် အနည်းငယ် မျက်မှောင်ကြုတ်ကာ သူ့ကို မမှတ်မိကြောင်း သိသာသည်။
လက်ထောက်သည် လုဟုန်၏ လက်မှ ကတ်ပြားကို အမြန်လက်ခံလိုက်ပြီး တစ်ချက်ကြည့်လိုက်ကာ ယဉ်ကျေးသောအပြုံးဖြင့် "အားနာပါတယ်၊ ကျွန်တော်တို့မှာ လုပ်စရာတွေရှိသေးလို့။ ခွင့်ပြုပါဦး။”
ESTÁS LEYENDO
ဂုဏ်မြင့်သူရယ် (ဘာသာပြန်)
RomanceName - YOU'RE SO ARROGANT Type - Web novel Genre - Comedy Josei Romance Tags - Arranged Marriage Arrogant Characters Beautiful Female Lead Cold Love Interests Disabilities Family Business Female Protagonist Handsome Male Lead Marriage Modern Day Pr...