{18}

2.4K 219 3
                                    

စိတ်ရှုပ်ရှုပ်နဲ့ ဆိုဖာပေါ် ထိုင်နေလိုက်ပြီး ကော်ဖီ သောက်ချင်လာတာမို့ မိုအာ့ကို ဖျော်ခိုင်းလိုက်တယ်...။

သေသေချာချာ သတိထားမိလာတာ တစ်ခုက...ကော်ဖီရဲ့ အရသာက ပုံမှန်ထပ်ပိုခါးနေတယ်...။

"မိုအာ...!! အ့ ..."

ရုတ်တရက် ခေါင်းတွေထိုးကိုက်လာပြီ မျက်လုံးတွေ မူး​ေ၀သွားတာမို့ ဆိုဖာပေါ်မှာပဲ လှဲနေလိုက်တယ်...။

"ဂျွန်..သခင်လေး..."

"မို..မိုအာ..."

"ကျွန်မ..ကူ..ကူတွဲပေးမယ်နော်.."

"ရ..ရတယ်.."

ရုတ်တရက် ဂျောင်ကု ကိုယ်ပေါ်ကို မှောက်ကျ လာတဲ့ မိုအာ့ရဲ့ ခန္ဓာကိုယ်...!!

ရုန်းကန်ချင်တဲ့ အင်အားတွေလဲမရှိ !! ဒီအထိအတွေ့ကို သဘောကျနေသလို...!!

ဘာတွေလဲ...!!

"မိုအာ...အယုတ်မာမ..."

"အ..အဒေါ်ကြီး..."

ရုတ်တရက် ဂျွန်အိမ်တော်ကိုပြန်ရောက်လာတဲ့ အိမ်အကူ တစ်ချို့နဲ့ ဂျီမင်...!!

"နင်..အယုတ်တမာမ အခုချက်ချင်းထစမ်း..!! "

"အဒေါ်ကြီး..ဘာတွေဖြစ်နေတာလဲဟင်..."

တကယ့်ကို ဘာမှမသိတဲ့ မျက်နှာထားနဲ့...စူးစူးစမ်းစမ်း မေးလာတဲ့ ဂျီမင့်ကြောင့်...အဒေါ်ကြီးရဲ့ ဒေါသတွေလဲ ဘယ်ရောက်လို့ ရောက်မှန်းမသိတော့...!!

*ငါ့သားလေးသာ လာဖြစ်လိုက်ပါတော့လား ပတ်ခ်ဂျီမင်ရယ်...!!*

"ကဲ ဂျီမင်လေးက တစ်ခြားသူတွေနဲ့ အိမ်ပေါ်ကို တက်တော့နော်...အဒေါ်ကြီး အောက်မှာ ချက်ပြုတ်လိုက်ဦးမယ်..."

"ဟီး ဟုတ်ကဲ့..."

အိမ်ပေါ်ကို ကျော့ကျော့မော့မော့လေး တက်သွားတဲ့ ဂျီမင့်ကို ကြည့်ရင်း စိတ်ထဲတော့ နည်းနည်း ကြည်နူးမိသား...။

"မိုအာ...ဂျွန် သခင်လေးက...နင့်ကျေးဇူးရှင်နော်...နင် အဲ့လိုယုတ်မာရသလား..."

ဂျောင်ကု ကိုကြည့်ရတာလဲ စိတ်လွတ်နေပုံ ဆိုဖာ ထက်လဲလျောင်းနေပြီး...မျက်နှာကလဲ မအီမသာ !!

အတိတ်💔   [Compelet]Where stories live. Discover now