Final

4.3K 256 5
                                    

ဂနာ ငြိမ်မနေတဲ့ စိတ်တွေ ဘယ်အရာနဲ့ ထိန်းချုပ်လိုက်ရမလဲမသိ...။

စိုးရိမ်စိတ်ပဲ ကြီးလွန်းနေတာလား...ဟုတ်ပါတယ်...ဂျေးမင် ဆိုတဲ့ ချစ်ရတဲ့ သူကို ဆုံးရှုံး ပြီးပြီပဲ....ဂျီမင့်ကို ထပ်အဆုံးအရှုးခံနိုင်ပါ့မလား...။

အသဲနှလုံးမရှိတဲ့ စာရေးသူကသာ ခံနိုင်ပါလိမ့်မယ်.....အသက်နဲ့ နှင့်နေတဲ့အထိ ချစ်တာမို့...ကျုပ်ကတော့ မခံနိုင်ဘူး...။

အခုချိန်မှာ ကျုပ်ဦးတည်ချက်က ဘယ်မှန်းမသိဘူး...တိုင်ပင်ရမဲ့ လူတစ်စုံတစ်ဦးဆိုတာကလဲ ရှိမနေပြန်တော့...ကျုပ်အတွက် အားငယ်ရပြန်သလိုလို...

ကျုပ်...ဂျီမင့်ကို ကာကွယ်မှာပါ..အသက်နဲ့ရင်းပြီးပဲ ဖြစ်ဖြစ်....။

အခုက ဘယ်ကိုသွားရမလဲ...ဦးတည်ချက်ကဘယ်လဲ....။

ဖုန်းခေါ်ဆိုသူရဲ့ နောက်ကွယ်က တစ်ဖက်သားလူကိုကော သိချင်စိတ်က ပြင်းပြလွန်းနေသည်...။

ဂျွန် ဂျောင် ကု ဆိုတဲ့ ကျုပ်ကလဲ ကံဆိုးလွန်းပါရဲ့...။

အချစ်ဦး...အာ..မဟုတ်ဘူး ရည်းစားဦး..က ပျောက်ဆုံးသွားတယ်....အစားထိုးလူတစ်ဦးငယ်က ရင်ခွင်ထဲ တိုး၀င်လာခဲ့တယ်...။

အစားထိုးလူကို ချစ်မိတော့မှာလား...ဆိုတဲ့ အချိန်မှာ ရည်းစားဦး ကပြန်ရောက်လာပြန်ပြီ...။

ရည်းစားဦးဟာ ရည်းစားဦးပဲ....အချစ်ဦးမှ မဟုတ်လေရောပဲ.....။

အချစ်ဦး...ဟုတ်ပါရဲ့...ဂျီမင် ဆိုတဲ့ ဖြူဥသေးကွေး ကောင်ငယ်လေးကသာ အချစ်ဦး ဖြစ်ခဲ့တာ....။

နာမည်ဆင်ခဲ့တယ်.....အမူအရာ အကျင့် သေးသေးလေးကအစ တူညီခဲ့တယ်...။

ကျုပ်နှလုံးသားကိုက ဂျီးများလွန်းခဲ့တာ....

ဦးတည်ချင်မဲ့နေပြီး မငြိမ်နေတဲ့ စိတ်တွေ ဘယ်အရာနဲ့ ထိန်းချုပ်ရမလဲ..။

စီးကရက် တစ်လိပ်ကိုသာ ယူပြီး ရှိုက်ဖွာနေလိုက်တော့တယ်...။

အရာအားလုံး အဆင်ပြေမသွားဘူး ဆိုရင်တောင်...နည်းနည်းလေးတော့ စိတ်အဆင်ပြေသွားမှာလေ...။

"အကို့အနမ်းက စီးကရက်ထပ် ပိုကောင်းမယ် ထင်တယ် ဂျွန်...."

"ကျစ်...."

အတိတ်💔   [Compelet]Where stories live. Discover now