ကံ့ကော်(mesua ferrea)part-10

1.4K 97 0
                                    

ဒီနေ့ကျောင်းတွင် ပြိုင်ပွဲများရှိသည်။ ရှိုင်းတို့က ထုပ်ဆီးထိုးပြိုင်ကြသည်။ ယောက်ျားလေးများက basketball ပြိုင်ပွဲရှိသည်။ ရှိုင်းတို့ထုပ်ဆီးထိုးကစားရာတွင် ပြဿနာဖြစ်ကြသည်။ ထုပ်ဆီးထိုးပြိုင်သည့် အဖွဲ့ သုံးဖွဲ့ရှိသည်။ ရှိုင်းတို့အဖွဲ့ကစားနေရသည်မှာ သုံးပွဲဆက်တိုက် တစ်ပွဲမှမနားရသေး။ ကျန်အဖွဲ့များမှာ တလှည့်စီနားပြီးပြီဖြသ်သည်။ ရှိုင်းတို့တူ်ထဖွဲ့လုံးအတော်ပင် ေမာနေကြပြီထြစ်သည်။

G-11နှင့်ပြိုင်ရာ ရှိုင်းတို့အဖွဲ့နိုင်သည်ကို G-11အဖွဲ့ကငြင်းသဖြင့် ပြဿနာတတ်ကြသည်။ သို့သော်ရှိုင်း တစ်လုံးမှဝင်မပြောခဲ့။ ရှိုင်းထိုသို့လည်း ရန်မ့ဖစ်တတ်ချေ။ ရှိုင်းမှာ အနောက်တွင် သည်အတိုင်းရပနေသော်လည်း ကျန်လူများမှာ ရန်ပြန်ဖြစ်နေကြသည်။ အဆိုးဆုံးမှာ ခြူးပင်။ ခြူးက အလွန်စွာုသောကြောင့် ပိုဆိုးသည်။ G-11များ ရန်ဖြသ်နေသော်လည်း သူတို့ အတန်းပိုင်ဖြစ်သည့် တီချယ်မှာ တစ်ခွန်းမျှဝင်မပြောချေ။ တားသာတားနေသည်။ တားမရသည့် အဆုံး တီချယ်ပါလက်လျော့လိုက်ပြီး ရှိုင်းနားတွင် လာရပ်နေသည်။

ထို့နောက် ရှိုင်းတို့ အတန်းပိုင်ဆရာမမှ အရှုံးပေးကာ နားရန်ပြောလိုက်သောကြောင့် ရှိုင်းတို့အဖွဲ့ နိုင်သော်လည်း အရှုံးပေးခဲ့ကြသည်။ ထိုနောက် ရှိုင်းတို့အပေါ်တတ်လာခဲ့ကြသည်။ ရှိုင်းတို့အဖွဲ့ မကျေနပ်ကြောင်းပြောနေသည့် စကားများကို အတန်းထဲမှ ချွန်စက်အဖွဲ့မှ G-11များကိုပြန်ချွန်လေသည်။ သည်လိုနှင့် ပြဿနာပိုကြီးလာသည်။

ထိုသို့ပြန်ပြောသည်ကို အတန်းထဲမှ  ရှိုင်းတို့အဖွဲ့ဘက်မှပါသော အမကြီး တယောက်မှ အိမ်သာသွားရင်းကြားခဲ့သည်။ ရှိုင်းတို့ အဖွဲ့မှ မကျေနပ်သဖြင့် အတန်းပိုင် ဆရာမထံတွင် သွားတိုင်လေသည်။ အတန်းပိုင် ဆရာမမှ ရန်မဖြစ်ရန်တားလိုက်သဖြင့် ရန်ပွဲငြိမ် သွားသည်။

သည်လိုနှင့် ခဏအကြာတွင် ယောကျ်ားလေးများ basketball ပြိုင်ပွဲ စတင်ယှဥ်ပြိုင်ကြသည်။ အထက်တန်းBioတဖွဲ့ Ecoတဖွဲ့ အလယ်တန်းတဖွဲ့ ပြိုင်ရသည်။ G-11မှ အကိုကြီးများသည Bioအဖွဲ့ဘက်မှ ကစားကြသည်။

ကံ့ကော် (mesua ferrea)Where stories live. Discover now