ကံ့ကော် (mesua ferrea)part-11

1.5K 110 0
                                    

ညနေကျူရှင်ကပြန်ရောက်တော့ မာမီ​က အ​စောကြီး ပြန်ရောက်နေလေရဲ့။

'ဟာ မာမီ အစောကြီးပါလား'

'အင်း သမီးမွေးနေ့မို့ စောပြန်လာတာ
အပြင်မှာ မုန့်သွားစားကြမယ်လေ'

'တကယ်လား'

'အင်း'

'ခန အင်္ကျီသွားလဲလိုက်အုန်းမယ်'

'အင်း'

ရှိုင်းအင်္ကျီလဲရန် အပေါ်သို့ပြေးတတ်လာခဲ့သည်။ ထို့နောက် အောက်ရောက်တော့ မာမီက အခန်းထဲတွင်ရှိနေသဖြင့် မာမီ့ အခန်းထဲကိုလိုက်သွားခဲ့သည်။ မာမီက Diary စာအုပ်ဟန်တူသော latherဖြင့်ပြုလုပ်ထားသော အမဲရောင် စာအုပ်တစ်အုပ်ကို ဖတ်နေသည်ကို တွေ့လိုက်ရသည်။

'မာမီ'ရှိုင်းအသံကြားသည်နှင့် မာမီ ထိုစာအုပ်ကို အံဆွဲထဲထိုးထည့်လိုက်သည်။

'အော် ရှိုင်းပြီးပြီလား'

'ဟုတ်
ဒါနဲ့ မာမီ ဘာတွေဖတ်နေတာလဲ'

'အော် မာမီ စာရင်းစာအုပ်ကြည့်နေတာပါ'

'အော် သွားမယ်လေမာမီ'

'အေး..အေး..သွားကြမယ်'

ထို့နောက်ခြံထဲတွင်ရပ်ထားသော crownကားလေးနှင့် သားမိနှစ်ယောက် 19လမ်းဘက်ထွက်လာခဲ့ကြသည်။

19လမ်းရောက်သည်နှင့် ဆိုင်တစ်ဆိုင်တွင် ဝင်၍ ရှိုင်းမှ အကင်များရွေးနေသည်။

'မာမီ ရှိုင်းအများကြီးစားမှာနော်'

'စားပါ..စားပါ'

'အကို ကြက်ဆာတေးရှိလားဗျ'

'ကြက်ဆာတေးက ကုန်သွားပြီ အခုမှပြန်လုပ်ရမှာ ဝက်ဆာတေးတော့ရှိတယ် ယူမလားညီလေး'

ခေါ်လဲခေါ်ချင်စရာပါလေ ရှိုင်းပုံးစံက မိန်းကလေးပုံတစက်မှမပေါက်။ တီရှပ် အဖြူရောင်လက်ရှည်နှင့် ဘောင်းဘီတို အနက်ကလေးဝတ်ထားကာ မျက်မှန်လေးထောင့်လေးနှင့် အခုလိုမသိသည့် သူအတွက်ဆို ရှိုင်းကယောက်ျားလေးတယောက်ပင်။

'အော် ကြက်ဆာတေးရရင် တချက်လောက်ပြောပေးနော် ကျနော်က ဝက်သားမစားလို့'

ကံ့ကော် (mesua ferrea)Where stories live. Discover now