Description

141 17 3
                                    

ချီရှုရန် အရင်ဘဝတွင် ဆိုးရွားစွာ နေထိုင်ခဲ့ရသည်။ သူမက အသေအချာကြီးကို ကံကောင်းမှုရှိပေမယ့် "အငှားခံ" လိုက်ရပြီး သူမ၏ ကံကောင်းမှုတို့က ကံဆိုးမှုဖြစ်သွားကာ _ ကောင်းသောလက်တို့ ပုတ်သိုးသွားသည်။ သူမ၏ မိသားစုလည်း တကွဲတစဖြစ်ကာ သေဆုံးရသည်။ သူမ အမျိုးတွေက သူမ၏ ပိုင်ဆိုင်မှုတွေကို လက်ဝါးကြီးအုပ် အပိုင်သိမ်းသွားသည်။ တက္ကသိုလ်ဝင်စာမေးပွဲဝင်မှာလည်း စာခိုးချသည်ဟု အတိုင်ခံရသည်။ သူမ၏ အနာဂတ်ဟာလည်း လုံးဝ ပျက်ဆီးသွားသည်။

ဤအရာတွေအကုန်လုံး၏ အစဖြစ်သည့် သူမ၏ အကောင်းဆုံးသူငယ်ချင်းကိုတောင် ကျေးဇူးတင်နေ‌လိုက်သေးသည်။

တစ်နေ့အထိပေါ့ ကောင်းကင်ဘုံဆရာ ခံစားမိပြီး သူမကို တပည့်အဖြစ် သတ်မှတ်လိုက်သည့် ထိုနေ့အထိပေါ့။

ချီရှုရန် ပြာပုံကနေ တိုးထွက်လာပြီး သွေးဆာနေသည့် နတ်ဆိုးမဖြစ်လာပြီး မကောင်းသည့်သူတွေကို သုတ်သင်ရင်း လူတွေ သူ့နာမည်ကြားရင် တုန်လှုပ်ခြောက်ခြားသည်အထိပေါ့။ ထိုအရာကပဲ သူမအသက်ကို နှုတ်ယူသွားသည်။

နောက်တစ်ခါ ပြန်လည်မွေးဖွားလာပြီး တက္ကသိုလ်ဝင်စာမေးပွဲမတိုင်ခင် အရင်ဘဝက မှတ်ဉာဏ်တွေနှင့် အသက်၁၇နှစ်အရွယ်ကို ပြန်ရောက်သွားသည်။

ဤဘဝတွက် သူမ သဘာဝလွန်စွမ်းအားတွေကို အပ်နှင်းခံရပြီး လူတစ်ယောက်၏ ကံကြမ္မာနှင့် အနာဂတ်ကို အတိအကျပင် မြင်နိုင်ပေသည်။

အတိတ်ဘဝက သူမ၏ မိသားစုကို ဖျက်ဆီးခဲ့သည့် မည်သူ့ကိုမဆို ဖျက်ဆီးပစ်ဖို့ တိုင်တည်လိုက်သည်။

သို့ပေမယ့် သူမ၏ လက်စားချေအစီအစဉ်မစခင်...

တစ်ရက်မှာ သူမ စီးပွားရေးပညာရှင်တစ်ဦးကို ထိမိပြီး ကြောင်နားရွက် ဆက်စီဝတ်စုံဝတ်ဆင်ကာ ရေချိုးခန်းထဲကထွက်လာပြီး ထိုလူ၏ ဘောင်းဘီရှေ့ ဒူးထောက်ကာ ဒယ်ဒီဟု ခေါ်နေသည့် သူမပုံစံကို မြင်လိုက်ရတယ်!

ချီရှုရန် လျှော့ရသွားသည်။ အနာဂတ်မှာ ငါ့ဘဝက ဘယ်လောက်ထိဆိုးမှာမလို့လဲ? ဘာလို့ သိက္ခာမဲ့ရတာလဲ!

ချီကျန်းပေ မြို့တော်ရှိ ချီမိသားစု၏ အင်အားကြီး အမြစ်တွယ်သည့် ခေါင်းကောင်တစ်ယောက် ဘုရား၏ သားတော်ဟု ခေါ်မှတ်‌ရလောက်အောင် ကံအရမ်းကောင်း_ ရုပ်ရည်ချောမော၊ မထီမဲ့မြင်ပုံစံ စိတ်ဓာတ်မာကြောပြီး အင်အားတောင့်တင်း မြို့တော်တွင် ဒုတိယလူကြိုက်အများဆုံး လူပျို။ အားနည်းပြီး နေမကောင်းဖြစ်သည်မှာ ဆရာဝန်တွေက အသက် ၃၀ ကျော်အထိ မနေရဘူးဟု ခန့်မှန်းချေထုတ်ထားသည်မှလွဲ သူက ဟော့ဖြစ်‌သည်။

သူ့အတိတ်ဘဝတွင် ၂၉နှစ်အထိသာ အသက်ရှင်သည်။

သို့ပေမယ့် သူမနှင့် တွေ့ဆုံပြီးနောက် သူ့အသက်က အနည်းငယ် ထူးခြားလာသည်။

နွေရာသီအားလပ်ရက်မှာ ပိုက်ဆံရှာမည်။

"ဒီရက်တွေမှာ လူလိမ်တွေ အရမ်းများနေတယ်"

"ဟုတ်တယ် သူတို့ ခြေကောင်းလက်ကောင်းကြီးနဲ့ အလုပ်ကောင်းကောင်းမရှာကြဘူး"

လူအုပ်စုတစ်စုက ဗေဒင်ဟောဆိုင်းဘုတ်ထောင်ထားသည့် ချီရှုရန်ကို လက်ညှိုးထိုးနေသည်။ တစ်ဖက်တွင် သူမကို လူလိမ်ဟု သမုတ်ကြပြီး တစ်ဖက်တွင်လည်း အနည်းငယ် ရှေ့ဖြစ်ဟောသူနှင့် တူနေသယောင်။ ချီရှုရန် တည်တည်ငြိမ်ငြိမ်ဖြင့် စုပ်လုံးစုပ်ရင်း အဆောင်ဆွဲနေသည်...

တစ်လအကြာ...

"မာစတာချီ မင်း ငါ့ကို ရှေ့ဖြစ်ဟောပေးခဲ့တာ လေ ကံကောင်းလို့ပေါ့ မသေတယ်"

"မာစတာချီ ဒီတစ္ဆေကာကွယ်အဆောင်က ဘယ်လောက်လဲ? ကျွန်တော် ဆယ်ခုယူမယ်!"

"မာစတာချီ ကျွန်တော့်မိသားစုရဲ့ကံကို တွက်ပေးလို့ရများခင်ဗျ? ပိုက်ဆံက အဓိကမဟုတ်ဘူး"

လူတိုင်း၏ မျက်လုံးတွေက ချီရှုရန် ပိုက်ဆံအမြောက်အမြား သိမ်းနေတာကို ကြည့်ပြီး တောက်ပနေသည်။ ပိုက်ဆံသိမ်းသည့် အပေါစားအလုပ်မျိုး လုပ်နေသည်တောင် ဆရာကျနေပုံကိုကြည့်ပြီး သူမက ပညာကြီးမားသော ပညာရှင်ဖြစ်မည်ဟု တွေးမိကြသည်။
...
ဆင်တူတဲ့ translation မျိုးတွေ့ရင် လာပြပေးပါနော်

သရဲနှင်သူWhere stories live. Discover now