အပိုင်း ၅

23 5 0
                                    

ချီလင်းရန် သူမ အက်စီးဒန့်၏ နောက်ဆက်တွဲတွေကို ဖြေရှင်းဖို့ ထွက်လာခဲ့ပေမယ့် ခဏခဏ သူ့သမီးလေးနှင့် ဆေးရုံတွင် သူ့အပေါ်အရမ်းမှီခိုနေသည့် သူ့သမီးလေးပုံကို တွေးမိနေသည်။ သူထွက်သွားတုန်းက ဖြစ်ကျန်ခဲ့သည့် သူမ၏ တမ်းတမ်းတတဖြစ်နေသည့် ပုံစံကို မြင်ရသည်မှာ ကြီးကောင်ကြီးမား လူအိုကြီး အရည်ပျော်နိုင်သည်။

မှောင်နေပြီဖြစ်ပြီး ညနေရောက်နေပြီမလို့ သူ့စိုးရိမ်မှုတွေက မလို‌အပ်ပေမယ့် သူ မြန်မြန်လှုပ်ရှားကာ ဆုံးဖြတ်ချက်ချပြီး ချယ်ရီထုတ်ကြီးတစ်ထုတ်နှင့် တခြားအသီးအိတ်တို့ကို ကိုင်ကာ သူ့အစ်မအိမ်ဘက်ကိုရောက်ခဲ့သည်။ သူ တံခါးခေါက်မည်လုပ်ကာမှ တံခါးက တိုက်ဆိုင်စွာ ပွင့်သွားသည်။ သူ့သမီးလက်ထဲက စွပ်ပြုတ်ခွက်နှင့် သူမ၏ မျက်လုံးရဲရဲကိုမြင်တော့ သူ့မျက်နှာပေါ်က အပြုံးတို့က ပျောက်ကွယ်သွားသည်။

ဝင်ပေါက်က ထမင်းစားခန်းနှင့်နီး၍ သူ ခြေလှမ်းကျယ်တို့ဖြင့် ဝင်လာသည်။ သူ့မျက်လုံးက သိမ်းငှက်တစ်ကောင်ကဲ့သို့ စူးရှနေပြီး စားပွဲတစ်ခုလုံးကို ကြည့်လိုက်ကာ အကုန်လုံးက်ု သေချာမြင်လိုက်ရသည်။

သူ နေ့လည်က ချီရှုရန်၏ ခန္ဓာကိုယ်ကို အားဖြည့်ပေးဖို့ ဝယ်လာသည့် အခွံပျော့လိပ်စွပ်ပြုတ်က ကောင်းယွမ်ရန်နှင့် ကောင်းယွမ်ရှင်း ပန်းကန်းလုံးတွေထဲတွင် အနားသတ်အထိပြည့်နေသည်။ သူ့အစ်မနှင့် သူမယောက်ျား၏ ပန်းကန်ထဲတွင်လည်း အသားကြီးကြီးတွေရှိနေသည်။ ကောင်းလင်းရွှယ်၏ ပန်းကန်လုံးထဲတွင်တောင် အသားဖတ်တစ်ဖတ်နှစ်ဖတ်ရှိသည်။ တစ်မိသားစုလုံး၏ ပါးစပ်တွေက အဆီတွေဝင်းနေလေသည်။ ရှုရန် သူမခုံတွင်ဝင်ထိုင်လိုက်တော့ အသားမရှိသည်ကို မြင်လိုက်ရသည်။ အရှေ့တွင်တော့ ဘာမှမပါသည့် ခြောက်ကပ်နေသည့် ဟင်းရွက်ဟင်းတွေပင်။

ချီလင်းရန် အံကြိတ်လိုက်သည်။ ဤအရာက သူ့ရဲ့ အစ်မကောင်းကြီးနှင့် ယောက်ဖတို့က သူ့အတွက် သူ့သမီးလေးကို ဂရုစိုက်ပေးသည့်ပုံပေါ့။

"စစ်ကျို့(စတုတ္ထဦးလေး) စစ်ကျို့ ဘာကောင်းတာတွေ ယူလာတာလဲ?" ကောင်းယွမ်ရန် ချီလင်းရန်၏ အေးစက်သော မျက်နှာကို သတိမထားမိ။ သူ့မျက်လုံးတွေက ချီလင်းရန် ကိုင်ထားသည့် အိတ်အကြီးကြီး‌ပေါ်မှာပဲ ရှိနေသည်။ "ချယ်ရီတွေပဲ စစ်ကျို့ ကောင်းလိုက်တာ!"

You've reached the end of published parts.

⏰ Last updated: May 13 ⏰

Add this story to your Library to get notified about new parts!

သရဲနှင်သူWhere stories live. Discover now