အပိုင်း ၄

30 8 2
                                    

ချီရှုရန် တံခါးကန်သံကို ကြားပေမယ့်လည်း မထ သူမမျက်လုံးတွေ အေးစက်သွားသည်။ ကောင်းလင်းရွှယ်သည် အားနည်းသူကိုအနိုင်ကျင့်ပြီး အားကြီးသူကို ကြောက်သည့်လူမျိုးဖြစ်သည်။ အားနည်းသူအရှေ့မှာမှ အောင်နိုင်သူ လုပ်တတ်သည်။ အရင်က သူမသည် သူမကို တကယ်ပင်ကြောက်ခဲ့သည်။ ဘာလို့ဆို သူမအိမ်မှာ နေခဲ့ရလို့ဖြစ်သည်။ သူမသည် သူတို့အိမ်က ကပ်ပါးလေးလို ခံစားခဲ့ရပြီး သူမကို ရန်စမိမည်စိုး၍ သည်းခံခဲ့သည်။

တစ်ချို့လူတွေက သည့်ထက်ပိုဆိုးနိုင်သေးသည်ဆိုတာကို သူမ မထင်ထားမိခဲ့။ ကောင်းလင်းရွှယ်လိုလူမျိုးက တစ်လက်မနိုင်လျှင် တစ်ပေလိုချင်သူပင်။ သူမသည် ချီရှုရန်၏ ပစ္စည်းများကို အကြိမ်များစွာ လုယူပြီး လုယူရသည့် ချိုမြိန်မှုကို ခံစားမိနေသည်။ သူမ မုန့်ဖိုးကုန်သည့်အချိန်တိုင်း သို့မဟုတ် ချီရှုရန်၏ ပစ္စည်းတစ်ခုခုကို လိုချင်တိုင်း ဝေ့လည်ကြောင်ပတ်ဖြင့် နည်းအမျိုးမျိုးသုံး၍ လုယူတတ်သည်။

ထို့အပြင် ချီကျွေ့ဟွားသည် အလွန့်ကို အရာရာကငိ အုပ်စိုးချင်ကာ သူမ သမီးကို အဖိုးမတန်ဟု သတ်မှတ်ထားသူဖြစ်သည်။ ချီရှုရန်လောက် သူမကို အနိုင်မကျင့်ပေမယ့် သူမသမီးနှင့် သူမသားနှစ်ယောက်ကို ဆက်ဆံသည့်ပုံစံသည် မိုးနှင့်မြေလိုကွာခြားသည်။ တစ်ဖက်မှာတွင် ချီလင်းရန်က သူ့ရဲ့ တစ်ဦးတည်းသော သမီးလေးဖြစ်သည့် ချီရှုရန်ကို အချစ်တွေအကုန်လုံးဖြင့် ချစ်ပေးသည်။ ထို့ကြောင့် ကောင်းလင်းရွှယ်က လိုအပ်သည်ခံစားရပြီး ပိုပြီး မနာလိုလာကာ ချီရှုရန်ကို ရွံရှာလာသည်။

ကောင်းလင်းရွှယ် အပြင်ဘက်၌ တံခါးကို အကြာကြီး ကန်နေပေမယ့်လည်း ချီရှုရန် ထွက်လာပြီး တံခါးလာမဖွင့်သည်ကိုမြင်တော့ သူမ အနည်းငယ် ဒေါသထွက်လာချေပြီ။ သူမ လတ်တလော ချီရှုရန်လည်ပင်းက ကျောက်စိမ်းဖြူလည်စွဲကို သဘောကျနေပြီး ချီရှုရန်ကို သူမကို ပေးခိုင်းလေသည်။ သို့ပေမယ့် အမြဲတမ်း ခေါင်းငုံ့ခံသည့် ချီရှုရန်က ကငြင်းဆန်နေသည်။ သူမ လိုချင်တာကို သူမရမည်ပင်။ သို့ပေမယ့် ဒီနေ့ သူမဦးလေး လာလည်ခြင်းက သူမကို တစ်ကြိမ်ထပ်ပြီး လှုံ့ဆော်နေပေသည်။

သရဲနှင်သူWhere stories live. Discover now