Part 22(Zawgyi&Unicode)

7.4K 662 47
                                    

[Zawgyi]

'မုန့်ပြားသလက် စားချင်တာလို့ ခန့်ရာ'

'ဆိုင်ပိတ်ထားတာ ကိုမြတ်လဲ မြင်ရဲ့သားနဲ့ဗျာ ဒီအချိန်တွေဆို ပိတ်ပြီလေ တခြားဟာ ပြောင်းစားပါဗျာ'

အသည်းအသက်ဖြစ်သူ ဂျစ်တူးက ညနေစောင်းနေကာမှ မုန့်ပြားသလက်စားချင်တယ်ဆိုတာကြောင့် သွေးခန့်ခမျာ ချစ်ရသူကို ကားပေါ်တင်ကာ မုန့်ပြားသလက် ရှာပုံတော် ထွက်နေရခြင်း ... မြို့ထဲက ရှားရှားပါးပါး တစ်ခုတည်းသောဆိုင်က ပျူပျူငှာငှ ကြိုဆိုသည်မှာ ပိတ်ထားသော သံဗန်းတံခါးကြီးနဲ့ ... ပိတ်တယ်ဆိုတော့လဲ ဘယ်တတ်နိုင်မလဲ ရောက်ရာအရပ်ကနေ ပြန်လှည့်ကာ မုန့်ပြားသလက်ဆိုင် တွေ့လိုတွေ့ငြား မြို့ထဲ ပတ်ရှာနေခြင်း ... အဲ့တာကို ဘေးကနေ ပွစိပွစိနဲ့ မစားရမချင်း တွတ်ထိုးနေတဲ့ အဆိုးအဆာလေး ... မချစ်ဘူး မချစ်ဘူးနဲ့ ငြင်းတုန်းကလဲ ခါးခါးသီးသီး ... ချစ်တယ်လို့ ဝန်ခံပြန်တော့လဲ သွေးခန့်ကို shock ရစေတဲ့အထိ ... ခုလဲ ဂျစ်တိုက်နေတာ လိုချင်တာမရတဲ့ ကလေးတွေလို ... ချစ်ရပါသည် ချစ်ရသူက ဆိုးနေတယ်ဆိုတာ ကိုယ့်တစ်ယောက်ထဲ အတွက် သီးသန့်ဆိုတာ သိတာမလို့ ... ဆိုးစမ်းပါ ကိုယ့်အသက် ကိုယ်က မင်းဆိုးတဲ့အတိုင်း ပိုချစ်ပြပါ့မယ် ...

'ငါစားချင်တာ ပြောတာလေ ဘာလဲ ခန့် မင်းက ငြိုငြင်တာလား ရတယ် မရှာပေးချင်တော့ရင်လဲ အိမ်ပဲ ပြန်ပို့တော့'

'အားးး ဆိုးလိုက်တာ အဲ့လို သဘောမဟုတ်တာ သိရဲ့သားနဲ့ကိုဗျာ'

'မင်းက စိတ်ပျက်တာလား ခန့် ငါဒါလေး ဆိုးတာလေ မင်းတစ်ယောက်ထဲကိုပဲ ငါဆိုးလို့ရလို့ဆိုးတာလေ မင်းမကြိုက်ရင် မဆိုးဘူး ငါသိတယ် မင်းငါ့ကို စိတ်ပျက်တာ'

သွေးခန့် စိတ်တွေလဲတကယ်လေရပါသည်။ ဆိုးတယ်လို့ပြောမိတာကို အတည်ပေါက်ကြီးတွေ စိတ်မကောင်းဖြစ်ပြနေတဲ့ အဆိုးအသွမ်းတစ်ယောက်ကို ကြည့်ရင်း အူယားလာတာက ပိုသည်။ ဒီကကောင် သူ့ကို ဘယ်လောက်ချစ်လဲ သူမသိတာလဲ မဟုတ် ... သတ်သတ်ကို ဆိုးလို့ရလို့ ဆိုးနေတာ ... ဒီကကောင်ကလဲ နေနိုင်ရိုးလား ...

'မဟုတ်တာတွေ ကိုမြတ်ရာ ကိုယ်ပြောတာက လိုက်ရှာရတာ ကြာနေရင် ဗိုက်ဆာနေမှာ စိုးလို့ပါ'

 မျှော်လင့်ချက်လေးမပျက်ချင်ပါ / မျှော်လင့်ချက်လေးမပျက်ချင်ပါ [Completed]Where stories live. Discover now