Part 26(Zawgyi&Unicode)

6.4K 571 4
                                    

[Zawgyi]

'အောယားး ကီကီးလေး ပျင်းနေပြီလား သည်းခံကွာနော် ကိုကြီးလဲ ပျင်းနေတာ အပြင်ထွက်လို့ရရင် ကိုကြီးနဲ့ ဆိုင်ကယ် ပတ်စီးမယ်နော်'

'အာဝု ဝု ဝု ...'

အိမ်ရှေ့ ဆင်ဝင်လေး အောက်မှာ မင်းမြတ်နဲ့ ကီကီလေး ငုတ်တုတ်ထိုင်ပြီး မင်းမြတ် ပြောသမျှကို နားလည်သလိုလိုနဲ့ အသံလေးပေးနေတဲ့ ကီကီလေးကို မင်းမြတ်မှာ တကယ် ချစ်မဝ ... ဆယ်တန်းဖြေပြီးကာစ ကီကီလေး ၁ လသား ကတည်းက မင်းမြတ် မွေးထားခဲ့တာမလို့ ဒီခွေးလေးက မိသားစုတစ်ပိုင်း မင်းမြတ် ဖခင်ရဲ့ အသည်းကျော်လေး ... တစ်ခါတစ်လေ သားအရင်ထက်ပိုပြီး ဒီ ငပုလုံးကောင်ကို အဖြစ်သည်းနေတတ်လို့ မင်းမြတ်မှာ ခွေးနဲ့ အပြိုင် မိဘကို သဝန်တိုနေရတာ ခဏခဏ ...

'ဟဲ့ နွေဦး နင်ပြောနေတာတွေ ခွေးက နားလည်လို့လားဟယ်'

ကီကီကို မင်းမြတ်က စကားတွေ ပြောနေတုန်း နောက်က အသံကြားလို့ လှည့်ကြည့်လိုက်တော့ လက်ထဲမှာ လေးဆင့်ချိုင့်တစ်လုံး ကိုင်ထားတဲ့ ယမင်း ... ငြိမ်နေတဲ့ ကီကီကလဲ ဘာလို့မှန်းမသိ ယမင်းကိုဆိုလျှင် သဘောမကျဘူးထင်သည်။ မြင်တာနဲ့ ဟောင်နေတတ်တာကြောင့် မကိုက်တတ်ပေမယ့် အခပ်မသင့်ရင် လှမ်းဟပ်နေမှာ စိုးလို့ မင်းမြတ်က ထိန်းထားရသေးသည်။

'အေး ယမင်း နင် ကီကီ့ကို ခွေးလို့ မပြောနဲ့ ငါ့ ဖေကြီး ကြားရင် ပြဿနာတက်မယ်'

'နင်ကလဲ ခွေးမလို့ ခွေးလို့ပြောတာကို'

မင်းမြတ်က သတိပေးသော်လည်း မဲ့ရှုံ့ ကာ ပြောနေသည့် ယမင်းကို ဘာမှ ပြန်မပြောချင်တော့ ... သွေးခန့်နဲ့သာဆို ကီကီက ဟောင်ဖို့ နေနေသာသာ ခုန်တက်ပြီး ဖက်တောင် နမ်းနေလောက်ပြီ ...

'ထားပါ နင်ဘာလာလုပ်တာလဲ'

'ဒီနေ့ အတက် နေ့လေဟာ သင်္ကြန်လဲ မရှိတော့ အိမ်မှာ မုန့်ဟင်းခါး ချက်စားကြလို့ ငါလာပို့တာ'

'အိမ်ထဲမှာ မေကြီး နဲ့ ဖေကြီး ရှိတယ် ဝင်သွားလိုက်လေ နင့် အိမ်က မုန့်ဟင်းခါးတော့ သူတို့ ကြိုက်တယ်'

တကူးတက လာပို့ပေးတာမလို့ မင်းမြတ်လဲ ဆက်ပြောမနေတော့ပဲ အိမ်ထဲကိုသာ သွားပို့ဖို့ ပြောလိုက်တော့သည်။ အပြင်မှာလဲ ကီကီလေးနဲ့ ထိုင်နေတာ ကြာနေပြီမလို့ ပုတိုလုံးကောင်ကို ကောက်ချီပြီး မင်းမြတ် အိမ်ထဲလိုက်ဝင်လာတော့ မီးဖိုချောင်ထဲမှာ မေကြီး နဲ့ ဖေကြီးကို ယမင်းက မုန့်ဟင်းခါး ထည့်ပေးနေတာ လှမ်းမြင်ရသည်။

 မျှော်လင့်ချက်လေးမပျက်ချင်ပါ / မျှော်လင့်ချက်လေးမပျက်ချင်ပါ [Completed]Tempat cerita menjadi hidup. Temukan sekarang