အရင်ဆုံးအသိက တစ်ကိုယ်လုံးနာကျင်နေတာပဲ ။ခေါင်းတွေကိုက်တာမှလဲ ပြောမပြတတ်၊မျက်လုံးကိုမဖွင့်ခင် ဘေးကနေရာကိုလက်နဲ့ဟိုဒီစမ်းကြည့်တော့ မတွေ့ ရ၊မျက်လုံးကိုအားယူပြီးဖွင့်လိုက်တော့ မျက်နှာကျက်ကိုမြင်တယ် ဟုတ်တယ် ဒါသူ့အခန်း ၊ငုတ်တုတ်ထိုင်လိုက်မိပြီး တစ်ခန်းလုံးဝေ့ကြည့်တော့မတွေ့ ။
"ကျစ် ဖြစ်ပြန်ပြီကွာ "
အိပ်မက်မက်ပြန်ပြီ။
ဒီတစ်ခါတော့စိတ်ကျေနပ်စွာ သူခံစားမိလေသည် ၊မသိရင်တကယ့်အပြင်မှာခံစားရသလ်ုမျိုး သူ့ရဲ့ခံစားမှုအထွတ်အထိပ်ကိုရောက်ခဲ့ရတာ သူ့ရဲ့အောက်ကလှပစွာရှိနေတဲ့ ကိုကို့ ကို သူအကြိမ်ကြိမ် လုပ်ခဲ့မိတယ်။အိပ်မက်ထဲမှာတောင်ဆွဲဆောင်နိုင်လွန်းတယ်ကိုကိုရယ် ။
အရင်ကအိပ်မက်တွေတုန်းက ကိုကိုက သူ့ကိုထားပြီးပျောက်ကွယ်သွားခဲ့တာချည်း ၊ခုတစ်ခါတော့ သူ့ရဲ့ဆောင့်ချက်တိုင်းမှာ သာယာဖွယ်အသံလေးနဲ့ ညဉ်းညူနေခဲ့သတဲ့လား ဒီလောက် ခံစားမှုကောင်းခဲ့တာက အိပ်မက်တဲ့လား ?
သူ့အဝတ်စားတွေတော့လဲထားတယ် ယွီပင်း မနေ့ကသူ့ကိုလိုက်ပို့တာလား ဆိုင်မှာ သီချင်းဆိုနေတဲ့ကောင်လေးကို ငေးကြည့်ရင်းအိပ်ပျော်ခဲ့တာလောက်ပဲသတိရတယ် ဒါပေမယ့် စိတ်ကတကယ်လို့ပဲထင်နေတယ်
အိပ်ရာပေါ်ကထပြီး ဖုန်းကိုအသည်းအသန်ရှာကာ ယွီပင်းဆီသို့
"Hello ယွီပင်း ယွီပင်း"
"အမလေးမောင်မင်းကြီးသားရေ ဖြည်းဖြည်းခေါ်ပါဟ ဘာလဲ အခုမှထတယ်လား အမူးပြေပြီလား ဘယ်လိုနေလဲ ငါလာခဲ့ရမလား"
အခုမှထတယ်ဆိုတော့ ဖုန်းကိုနားနဲ့ခွာလိုက်ပြီး နာရီကိုကြည့်တော့ 11 :00 am တဲ့လား
"မင်းကလဲ မေးခွန်းတွေများလိုက်တယ် ငါမေးတာပဲဖြေ မင်းမမေးနဲ့အုံး"
"အမယ် "
"မနေ့ကငါမူးပြီးဆိုင်မှာအိပ်ပျော်သွားတာပဲသိတယ် မင်းငါ့ကိုအိမ်လိုက်ပို့တာလား"
"ငါမပို့လို့ မင်းကိုဘယ်ကောင်ကပို့မလဲ 😏 ငါ့မှာလေ မင်းကြောင့်စောက်ရှက်တွေတောင်ကွဲတယ် နောက်မသွားတော့ဘူးမင်းနဲ့ အိမ်မှာပဲသောက်တော့ "
YOU ARE READING
Love Hurts [COMPLETED]
Fanfictionချစ်ပေမယ့်လည်း နာကျင်ရတဲ့ အတိတ်ကအရာတွေကြောင့် ခဗျားကိုမုန်းတယ်💔