Unicode
Flash Back (ရှေ့အပိုင်းတွေက လွန်ခဲ့တဲ့သုံးနှစ်ကအကြောင်းတွေပါ ခုအပိုင်းကသာ ယခုလက်ရှိအချိန်အကြောင်းစပါပြီ part 1ရဲ့ပထမဆုံးက အဆက် ဆက်ပါပြီ)
ဟူး အိပ်ပြန်ရောက်တဲ့ထိ အိပ်ရာပေါ်ပက်လက်လဲပြီးအတွေးကမ္ဘာထဲဆက်နေနေ လိုက်တယ် သူ့မန်နေဂျာလို့ပြောရတဲ့ ယွီပင်းကိုတော့ သူ့နယ်ကမိဘအိမ်ပြန်လွတ်လိုက်တယ် မန်နေဂျာဆိုပေမယ့် korea မှာတွေ့ရင်းအတူနေခင်သွားတဲ့သူငယ်ချင်း၊ကိုယ့်ကိုခင်လို့ korea မှာ အနုပညာ activities တွေရှိရင်သူ့ကိုကူညီပေးရင်း သူ့မန်နေဂျာလုပ်ပါဆိုလို့ မန်နေဂျာဖြစ်လာတဲ့သူ ၊chinaက fans တွေနဲ့လဲ တကယ့်ဆက်သွယ်မှုတွေ အနုပညာလှုပ်ရှားမှုတွေသိအောင်လုပ်ပေးတဲ့သူ ခုတော့နားခိုင်းလိုက်တာ၊သူ china ရောက်တုန်းသူ့အကြံစည်တွေကိုအကောင်ထည်ဖော်ဖို့ အဆောင်ခန်းပြောင်းနေမယ် ၊သဘက်ခါ ကျဲ သေဆုံးတာ သုံးနှစ်ပြည့် ၊ကျဲအတွက်လွမ်းဆွေးတမ်းတခြင်း သုံးနှစ်ပြည့်ပြီးမှ အဆောင်ခန်းပြောင်းတော့မယ်၊သေချာတယ် ကောရှီးချန်ကလက်ခံမှာမဟုတ်ဘူး ၊သူမသိတဲ့ကိစ္စတွေလုပ်မှာမို့ လိမ်ညာပြီးပြောင်းနေရမှာပဲ၊ ကျဲအတွက်သူလက်စားပြန်ချေနိုင်တော့မှာပါ ရှောင်းရှောင်ကျန့်ရေ
Yibo ကျဲရဲ့ diary လေးကိုဖွင့်ပြီးဖတ်လိုက်တယ်
Diary (4.2.2016)တဲ့လား၊လွန်ခဲ့တဲ့၄ နှစ်ကကျဲပထမဆုံးစပြီးရေးခဲ့တဲ့ရက်စွဲ ၊နေ့တိုင်းနီးကပါး ရှောင်းကျန့်ဆိုတဲ့လူတစ်ယောက်အကြောင်းဘယ်လောက်ထိချစ်နေပါပြီ ဘယ်လောက်ထိ ခံစားနေခဲ့ရပြီး ကိုယ့်ကိုကိုယ်သေလောက်တဲ့ထိအောင် ချစ်ခဒ့ရတာလဲ ကျဲရာ၊ကျဲဆုံးပြီးရက်လည်နေ့မှာ အိမ်တော်ထိန်းပေးခဲ့တဲ့ ကျဲရဲ့ diary ကို သူ korea ရောက်တော့ သတိရလို့ ဖတ်ခဲ့မိတာ အကုန်ဖတ်ပြီးချိန်ထိ ကျဲမသေခင် တစ်လအထိရေးခဲ့တဲ့ ကျဲချစ်တဲ့လူအတွက် diary, သူ Diaryမဖတ်ခင်ချိန်ထိ လူတစ်ယောက်ကို ဘယ်တော့မှမမုန်းခဲ့ဖူးဘူး၊ သူဖတ်ပြီးနောက်မှာ ရှောင်းကျန့်ဆိုတဲ့လူကိုမုန်းတဲ့စိတ်နဲ့ သူကျောင်းပြီးအောင်မနည်းကြိုးစားခဲ့ရတယ် ရှောင်းကျန့်ဆိုတဲ့လူရဲ့ကြောင်းတွေကို သူ့မန်နေဂျာယွီပင်းကတစ်ဆင့် chinaမှာ လူတချို့နဲ့စုံစမ်းခိုင်းခဲ့တာ သူ china ပြန်လာတဲ့အချိန် စောင့်စားနေခဲ့ရတဲ့အချိန်ရောက်လာခဲ့ပြီ။
YOU ARE READING
Love Hurts [COMPLETED]
Fanfictionချစ်ပေမယ့်လည်း နာကျင်ရတဲ့ အတိတ်ကအရာတွေကြောင့် ခဗျားကိုမုန်းတယ်💔