၂၉။ ပန်းနှစ်ပွင့်

882 70 2
                                    

ခရေမှာ မိမိနေသည့် အိမ်သို့ရောက်လာခဲ့လေသည်။ တံခါးမကြီးကို သောဖွင့်ပြီးဝင်လျင် ဝင်ခြင်း သင်းပျံ့သည့်ရနံ့နှင့် အတူ မိမိတိုက်ခန်း တစ်ခုလုံးမှာ သန့်ရှင်းတောက်ပြောင်နေလေသည်။ ပန်းရောက်နေတာလား?

'ပန်း... ပန်း... ပန်း'

ဟု တကြော်ကြော်အော်ရင်း အိမ်ထဲဝင်လာခဲ့ ပြီး တစ်အိမ်လုံး နှစ်ခေါက်လောက် ပတ်ရှာလိုက်လေသည်။ သူမကို မတွေ့ချေ။ နောက်မှသာ ရေခဲသေတ္တာပေါ်ရေးကပ်ထားသော စာကိုတွေ့လေသည်။ ဟင်... ပြန်သွားပြီပေါ့... ငါနဲ့ မတွေ့လိုက်ရဘူးပဲ...။

ပန်းထံသို့ မိမိရောက်နေပြီ ဖြစ်ကြောင်းနှင့် အိမ်မှ စားစရာတွေ ထည့်ပေးလိုက်ကြောင်း message တော့ပို့လိုက်လေသည်။

ခရေ, ပန်းအခန်းကို ဝင်လာတော့ အခန်းထောင့်ရှိ တယောလေးကို ကြည့်ပြီး... အော်...ချစ်စွာသော ပန်းကလေး တေးဆိုသွားပြီနေမှာ... ဆိုပြီး ဝမ်းသာစိတ်လေး ကို တသိမ့်သိမ့်နှင့် ခံစားရလေသည်။

ရှုမဝသည့် သမီးကလေး နဲ့ တွေ့ခဲ့ရတာရော.. ချစ်သော ပန်းကလေး တေးဆိုသွားတာရော နှစ်ခု ပေါင်းပြီး ခရေမှာ ပျော်ရွှင်ကာ ဝမ်းသာလှလေရာ... ခန္ဓာမှာလည်း Dopamine hormone များထွက်လျက် ရှိချေသည်။

(Dopamine. Also known as the "feel-good" hormone, dopamine is a hormone and neurotransmitter that's an important part of your brain's reward system.)

..........

ပန်းမှာ ညနေ ၄နာရီ လောက်ကတည်း ခရေထံသို့ သူမတစ်ခုခု ချက်ကာ ညနေစာ အတူစားရန်စောင့်နေမည်ဟု ပြောသဖြင့် ရုံးကစောပြန်ချင်လှကာ ဖင်တကြွကြွ ဖြစ်နေလေသည်။

ပန်းကိုပင် တစ်ခုခုဝယ်လာစရာများ ရှိပါက message ပို့ထားပေးပါဟု စာပြန်ထားလိုက်ပေသည်။ ပန်းက နွားနို့ နှင့် ပျားရည် ကုန်နေသဖြင့် ဝယ်ခဲ့ပေးပါပြောသဖြင့် ဝင်ဝယ်ခဲ့လေသည်။ ညတီဗွီကြည့်ရင်း...စကားစမည်ပြောရင်း...စားရစေရန် အစေ့အဆံများပါ ဝယ်ခဲ့လေသည်။

'ပန်းရေ... ငါပြန်ရောက်ပြီ' ဆိုကာ အိမ်တံခါး ပိတ်လျင် ပိတ်ချင်း ဖိနပ်ချွတ်ကပင် အော်လေသည်။

'ခရေပြန်လာပြီလား' ဆိုကာ ပန်းမှာ ရောက်လာလျက် လက်ထဲမှ အထုတ်အပိုးများကို ဆွဲယူလေသည်။ ခရေအိမ်ထဲ ဝင်လာလေရာ...

စိတ်ရောင် အပြေး (or) colourful mind (Complete)Where stories live. Discover now