< Unicode>
ဒီနေ့ကတော့ မှတ်မှတ်ရရပါ။ မှားမှား ယွင်းယွင်း ဖြစ်အောင် လုပ်တဲ့ ညလို့ပြောရင်လည်း ခရေ အတွက် မမှား။ သူမရဲ့ အဖေ၊အမေ နဲ့ မောင်လေး တို့က သူမ အဖိုး၊ အဖွား တွေရှိတဲ့ မန္တလေးကို အလည်သွားကြသေည်။ အိမ်မှာက ခရေတစ်ယောက်တည်း စာမေးပွဲမပြီးသေးတာမို့ ကျန်ခဲ့ရခြင်း ဖြစ်လေသည်။ စာမေးပွဲ ပြီးရင် မိဘတွေနောက် မန္တလေးကို လိုက်သွားဖို့ မသွားဖို့လည်း ဆုံးဖြတ်ချက် သေချာမချရသေးချေ။ အဓိက က ပန်း ဟုခေါ်သော သူမ ချစ်သူငယ်ချင်း ပန်းချယ်ရီ များ ဘာလုပ်ချင်မလဲ မေးချင်တာပါ။ ပန်းရဲ့ အဖြေပေါ်မူတည်ပြီး သွားဖို့ မသွားဖို့ ဆုံးဖြတ်ရန် စိတ်ကူးထားလေသည်။
ပန်းက ညနေ ၆ နာရီလောက် သူမတို့နှစ်အိမ်အလွယ်တကူ ကူးလို့ရအောင်ဖေါက်ထားတဲ့ ဘေးခြံတံခါးက ကူးလာပြီး ...
' ခရေ.. ရေ ငါလာပြီ။ မေမေက ညနေစာလုပ်ရင်း စားဖို့အသီးတွေပါ ထည့်ပေးလိုက်တယ်။ ထမင်းကော စားပြီးပြီလား။ နင့် မိဘနဲ့ မောင်လေးတို့ကော သွားကြပြီလား။ ဘယ်အချိန် တည်းက ထွက်သွားကြတာလည်း။ ဒီည နင်တစ်ယောက်တည်းဆို ငါနင်နဲ့ အတူ အိပ်ပေးမယ်လေ။' ဟုပြောရင်း စာကြည့် စားပွဲသို့လျှောက်သွားလေသည်။
ခရေက ' အေး.. စားပြီးပြီ။ မေမေတို့က ညနေ ၄ နာရီ လောက်မှထွက်သွားကြတာ။ ကားတော့ မောင်လေးနဲ့ အဖေနဲ့ တစ်ယောက်တလှည့် မောင်းမယ်ပြောတယ်။ ဟင်း ငါနှော် စက်မှုက လူတွေများ စာမေးပွဲ စောပြီးတာ မနာလိုဘူး။ ငါကတစ်ယောက်တည်းလည်း အိပ်ရဲတယ်။ ငါက နေရဲတယ် ပြောလို့ မေမေတို့က အကုန်သူ ထွက်သွားကြတာ။'
ပန်းက ' ဟုတ်ပါ့။ နင့် မောင်လေးက စက်မှုဆိုတော့ သာသာယာယာ ခရီးသွားလို့ ရနေပြီ။ အတန်းငယ်တာလည်း ပါတယ်။ ဟဟ ငါတို့သာ ကိုယ့်ဝဋ်နဲ့ ကိုယ်စာလုပ်ရအုံးမယ်။ ရတယ် ငါနင်နဲ့ အတူဒီနေ့ အိပ်ပေးမယ်။ မေမေက နင်တစ်ယောက်တည်း ဖြစ်နေရင် အိပ်ပေးဖို့ မှာလိုက်တယ်။'
မနက်ဖြန်ဆို ပန်းနှင့် ခရေတို့ တက်ခဲ့တဲ့ နည်းပညာတက္ကသိုလ် civil engineering ဘာသာရပ်ရဲ့ နောက်ဆုံးနှစ် နောက်ဆုံးဘာသာရပ်စာမေးပွဲရှိတယ်။ နှစ်ယောက်လုံးက ငယ်ငယ်ကတည်းက စာကိုအမြဲတမ်း အတူတူကျက်နေကြဖြစ်လေသည်။ စာအတူတကွ လုပ်ရင်း ခရေက ပန်းနားမလည်တဲ့ စာတွေအမြဲတမ်း ပြန်ရှင်းပြနေကြ။ တစ်ခါတစ်ရံ ခရေနားမလည်တဲ့ စာတွေကို ပန်းက အထူးသဖြင့် အင်္ဂလိပ်စာကို ရှင်းပြနေကြ။ ခရေက စာကျက်လည်း ပျင်းတယ်လေ။ ဒါကြောင့် တစ်ခါတလေ ပန်းက ခရေအတွက်စာတွေ ဖတ်ပြတာကို နားထောင်ပြီ ခရေက စိတ်နဲ့ လိုက်မှတ်ရတာဖြစ်လေသည်။ ကျက်စာတွေနဲ့ပတ်သက်လာရင် ခရေက အမှတ်ကောင်းမရတာက ငယ်ငယ်တည်းက ခပ်များများဖြစ်လေသည်။
YOU ARE READING
စိတ်ရောင် အပြေး (or) colourful mind (Complete)
Random( Unicode) နင့်ကြောင့်သာ အချစ်တန်ဖိုး နားလည်ခဲ့ပြီး.... လောကကြီးမှာ လှပအောင် နေထိုင်တတ်လာခဲ့တာ...။ ကျေးဇူးပါ...ခရေ။ (ပန်းချယ်ရီ)