Chapter(23)

6.3K 748 25
                                    

တစ်နေ့တစ်ခြား Jiminပိုဝလာတယ်။
အရင်ကျောင်းတတ်တဲ့နှစ်ဝက်အတွင်း
ကြိုးကြိုးစားစား ဝိတ်တွေချ..၊
skinတွေ ကဲထားခဲ့ပေမဲ့ အခုတော့
အကုန် သဲထဲရေသွန်သလိုပါပဲ။

ညဘက်တွေဆို မအိပ်ပဲ ဖုန်းတွေကြည့်၊
စာတွေဖတ်လို့ မျက်မှန်ကလဲ ပါဝါပိုထူလာတယ်။
မျက်နှာမှာလဲ ဝက်ခြံတွေပေါက်လာတယ်။
ဒါပေမဲ့ သူဂရုမစိုက်နိုင်ဘူး။

သူပို့တဲ့စာတွေကို seenပဲပြပြီး
Replyမပြန်လာတဲ့ Jungkookကြောင့်
သူအသဲကွဲနေတယ်။
နောက်ကျတော့ သူ့ဘက်ကပဲလိုက်
ဆက်သွယ်နေရတာကို
သူတကယ် ရှက်လာတယ်။

သူကတောင် ငါ့ကိုမခေါ်မပြောချင်တာ။
ငါကရော ဘာကိစ္စနဲ့ လိုက်တွယ်ကပ်နေရမှာလဲလို့တွေးပြီး
အစားတွေ သိမ်းကြုံးစားရင်း
Emotional eatဖြစ်ပြီး
အရင်ကထက်ပိုပြီး စုက်ပြက်သက်တဲ့ရုပ်ဖြစ်လာတာပဲ။

နွေရာသီ ပိတ်ရက်မို့လို့
သူ T shirt မိုးပြာရောင်လေး တစ်ထည် ရယ်
ဘောင်းဘီအမည်းအတိုလေး တစ်ထည်ရယ်ဝတ်ပြီး
Slipperလေး တစ်ရံကိုကောက်စီးရင်း
ဆံပင်စုတ်ဖွားနဲ့ အိညောင့် အိညောင့်လမ်းလျှောက်ရင်း
လမ်းထိပ်က တော့ပိုကီဆိုင်ကို သူထွက်လာခဲ့တယ်။

မေမေမှ အိမ်မှာမှမရှိတာ သူအဆင်ပြေသလိုပဲ
တစ်ခုခုကိုကြည့်ကျပ်ပြီး စားရတော့မှာပေါ့..။

"အန်တီရေ.. တော့ပိုကီ ၂ပွဲလောက်.."

"ဘယ်လောက်ကျလဲမသိဘူး ခမျ"

ဆိုင်ထဲရောက်ရောက်ချင်း ပြိုင်တူထွက်လာတဲ့
သူ့နံဘေးက အသံနောက်တစ်ခုကြောင့်
ထိုလူကိုသူလှည့်ကြည့်လိုက်တယ်။

သူရင်ကလေး လိုက်ခနဲခံစားလိုက်ရတယ်
သူ့ရှေ့ကလူသားက သူတချိန်လုံး
လွမ်းနေရတဲ့သူဖြစ်တာကြောင့်မို့လို့နေမယ်။

Jungkookပဲ..။
သူကဘာလာလုပ်တာလဲ ငါတို့လမ်းထိပ်ကို။
ငါ့ဆီကိုလာတာများလား။

သူအဲ့လိုတွေးပြီးပြီးချင်းမှာပဲ
သူ့အတွေးတွေကို သူခါထုတ်လိုက်ရတယ်။
ဘာလို့ဆို Jungkookဘေးနားမှာ
Jungkookရဲ့လက်ကိုချိတ်ထားတဲ့
မိန်းခလေးငယ်ငယ်လေး နောက်တစ်ယောက်လဲ
ပါသေးတာကိုး။

Magic In The MoonlightWhere stories live. Discover now