Chapter (17)

6.6K 865 56
                                    

"Jungkook မြန်မြန်လေး ! အား"

"Jimin-ah..I'm coming"

"ငါသေတော့မယ် Jungkook..ah"

"ရပြီ ရပြီ ကိုယ်ပြီးပြီ.....ဒီကောင်တွေတကယ် မသေတာ...တော်တော်သက်ယူလိုက်ရတယ်"

In game Voice chatကနေကြားရတဲ့
Jungkookအသံအေးအေးကြောင့်
ရင်တုန်ပန်းတုန်ဖြစ်နေသော Jiminခမျာ
နှလုံးရောဂါရပြီး ထိုင်ငိုရတော့မယ့်အဖြစ်ကနေ
သီသီလေး ကင်းလွတ်လာသည်။

ယခုသူတို့က League of legends..ဟုခေါ်သော
Moba ဂိမ်းတစ်ခုကို ကစားနေခြင်းဖြစ်သည်။
Jiminကိုယ်တိုင်က Gameကစားရာတွင်မတော်သော်ငြား
Jungkookကစားသောထိုဂိမ်းအကြောင်းသိချင်တာရော
Jungkookက ကစားရန် မြူဆွယ်သောကြောင့်ရော ၊
Jungkookနှင့်အတူ ကစားချင်တာကြောင့်ရော..၊
သူထိုဂိမ်းကို ကစားဖြစ်သည်။

စစချင်း ကစားတုန်းက killအများကြီးရသောကြောင့်
Jimin ပျော်ရွှင်နေခဲ့သော်လဲ..၊
levelကွာသော Jungkookနှင့်အတူတွဲဆော့သောအခါ
ရန်သူကပါ သူနှင့် level အလွန်ကွာပြီး
strongဖြစ်နေသောကြောင့်
စလာလာချင်း မှာတင် Jiminခမျာ ပိုးစိုးပက်စက်
လောင်မြိုက်နေရတော့သည်။

"ငါငိုပါငိုမိတော့မလို့..."

အမှန်တကယ်ပင် ငိုမိတော့မည့်အခြေနေဖြစ်သည်။
သူ့ဘဝတစ်လျှောက်လုံးတွင် ဂိမ်းတစ်ခုကစားရ၌
ဒီလောက် စိတ်ရောနှလုံးသားပါ မြုပ်နှံ၍ မဆော့ဖူးချေ။
itemဆိုသည့်အရာတွေရော uplane,bottom laneနှင့်
ရူပ်ယှတ်ခတ်နေသည့်အရာများနှင့်
ပထမဆုံး နှဖူးစာဆုံခြင်းဖြစ်သည်။

ကိုယ့်ဘာသာဆို ပေါ်လာတဲ့ခလုပ်လေးနှိပ်
ဟိုနှိပ် ဒီနှိပ် နှိပ်ရုံဖြင့်သာ ပြီးသွားမည်ဆိုသော်လဲ
Game အကြောင်း နိုက်နိုက်ချွတ်ချွတ်
အသေချာကြီးရှင်းပြနေသော Jungkook ကြောင့်
သူ့မှာ သေချာလိုက်နားထောင်ပြီး
သေချာလိုက်ဆော့ရမှ,အသေချာကြီးကိုnobတော့သည်။

"Hahaha Jiminကလဲ မငိုပါနဲ့"

တစ်ဖက်က Jungkookရဲ့ ရီသံကိုကြားသောအခါ
သူ့နှလုံးသားလေးက နူးညံသွားရပြန်သည်။

Game ရူံးတယ်ဆိုပေမဲ့ Jungkookရီသံလေးကြားရတာ
တန်ပါတယ်လေ ဟီဟီ..

Magic In The MoonlightHikayelerin yaşadığı yer. Şimdi keşfedin