မိုးသားရောင် ဂါဝန်ရှည်လေးနှင့်က perfectဖြစ်လွန်းလှသည်။ အမို့အမောက်အရှိုက်အဝန်းတို့နှင့်ကား မြင်သူတကာကို ဆွဲဆောင်နိုင်သော အစွမ်းရှိနေလေရဲ့။ မဟော်မျက်လုံးတွေက ကြိုးဆီမှ မခွာချင်။ ကြိုးကို ကြည့်လေ သူ့ရင်တွေ ပိုခုန်လာလေပင်။ မဟော် မိခင် ဒေါ်ထားဝေကလည်း ကြိုးကို အတော်ပင်သဘောကျနေလေ၏။ သားလေးအား မည်မျှပင် မိန်းမရှုပ်သည်ဟု ပြောနေပါစေ ဒေါ်ထားဝေ ယုံကြည်သည် ကြိုးသည်သာ သားလေး၏ အရာရာဖြစ်နေလိမ့်မည်။မဟော့် ဖခင်သည်လည်း ထို့အတူပင်။ ကြိုး မဟော်နောက်မှ လိုက်ပါလာရင်း
"မဟော်ရယ် ဘာကြောင့်များ ဒါတွေ ဝတ်ခိုင်းရတာလည်း အဝတ်အစားအတွက်များ ငါ့ဖာသာ အေးဆေးစီစဉ်မှာပေါ့"
"အဟား မရပါဘူး ကိုယ်တို့မိသားစုနဲ့ family မိသားစုဆိုတာက မျဉ်းပြိုင်တွေပဲလေ ဒါကြောင့် ကိုယ်ကတော့ အရှုံးမခံနိုင်ပေါင်"
ကြိုး သူ့အား မျက်စောင်းလှလှထိုးမိလိုက်သည်။ပွဲထဲတွင် တွေ့သမျှ အသိ တစ်ယောက်ချင်းစီနှင့်နှုတ်ဆက် ရယ်မောနေရသည်မှာ ကြိုး ပင်ပန်းလှသည်။ ဒီတခါတော့ မဟော့် အသိတွေထင်သည် မဟော်ဆီသို့ တည့်တည့်လျှောက်လာကြသည်။
"မဟော် ငါတို့ ကလပ်သွားမလို့ မင်းကော"
"သူရ ခေါ်မနေပါနဲ့တော့ ဂဏန်းလှလှလေးတစ်ကောင် သူရှာထားတာပဲ"
ကြိုး ထိုသူတို့ပြောလိုက်သော စကားကြောင့် ဒေါသထွက်သွားပေမယ့် ကြိုး ပွဲကြမ်းလိုက်လျှင် အန်တီတို့ အန်ကယ်တို့ပါ အရှက်ရစေမည့် အဖြစ်မျိုး။
"ဘာကွ"
"ho sorryပါကွာ"
"လာ ကြိုး"
မဟော် ကြိုးလက်အား ဆွဲကိုင်ကာ ထိုနားမှ ထွက်ခွာလာ၏။ မဟော် ဒေါသတွေသာ ထွက်နေလေရဲ့။
"ကြိုးငါတောင်းပန်ပါတယ် တကယ်ဆို "
"ရပါတယ် "
ကြိုး အမှားတွေ ဟုသာ ကြိုးယုံကြည်မိသည်။ မဟော်မှာတော့ ကြိုးအား အမြဲ ခိုးကြည့်ရသည်မှာ အမောပင်။
"အကိုက HKL ရဲ့ MD ထင်တယ် အကိုတို့အတွဲကို ပုံလေးရိုက်ခွင့်ပြုပါ"