“ကို ဘာဖြစ်လို့လဲ”
မျက်ရည်စတွေဖြင့် ဘုန်းမဟော်အား မေးနေသော သူမ။
“ကို ကြိုးတကယ်တောင်းပန်ပါတယ် ကြိုး သမီးလေးကို အကြားကြီး ကိုနဲ့ဝေးရာမှာ ထားခဲ့မိတယ် ကိုက သမီးလေးရဲ့ အဖေဖြစ်ကြောင်းကိုလဲ ကြိုး မဝန်ခံရဲခဲ့ဘူး ကြိုးတောင်းပန်ပါတယ်”
ကြိုး၏ လက်အား ဆွဲကိုင်ကာ သူ၏ ရင်ဘတ်ပေါ်တွင် တင်လိုက်၏။
“ကြိုး နားထောင်ကြည့် ကိုယ် ဘယ်လောက်ရင်တွေခုန်နေလဲဆိုတာ သိလား”
ကြိုး ရှုက်စနိုးဖြင့်သာ ခေါင်းလေးငုံထားမိသည်။ ဘယ်လောက်သာယာသည့်အချိန်ဖြစ်ပေမလဲ။
“ကိုယ် ကြိုးကိုချစ်တယ် ကြိုး ကိုယ့်ကို ပြန်ချစ်ပါလား”
ရွှေချည်ကြိုးသည် ဖြေဖို့ အဖြေကို တုန့်ဆိုင်းနေမိသည်။ အကယ်၍ ထိုတယောက်သောသူသည်သာ မရှိခဲ့လျင် ရွှေချည်ကြိုးနှင့် ဘုန်းမဟော်သည် အလိုက်ဖက်ဆုံး ကြိုးကြာမောင်နှံ အနေဖြင့် တည်ရှိနေပေအုံးလိမ့်မည်။
“ဖေဖေ မေမေ”
အခန်းထဲသို့ ပြေးဝင်လာ သမီးကြောင့် ရွှေချည်ကြိုးသည် ဘုန်းမဟော်၏ ရင်ဘတ်ပေါ်ရှိ လက်လေးအား အမြန်ဆွဲယူလိုက်သည်။
“ဖေဖေ သက်သာလားဟင်”
“သက်သာပါတယ်ကွာ ဖေ့သမီးလေးက ဖေ့ဆီလာပါအုံး”
အချစ်ပိုအကဲပိုနေကြသော သားအဖနှစ်ယောက်အား မကြည့်ချင်မှအဆုံး။ ခြေထောက်ဒဏ်ရာကြောင့် companyသို့လည်း သွား၍ မရ။ အလုပ်တွေအကုန် မိုးမင်းကိုသာ တာဝန်လွှဲထားရသည်။ ဘုန်းမဟော်က မထနိုင်တော့ ကြိုးပါ အလုပ်ပျက်ရသည်။ ကြိုး၏ အလုပ်တွေကိုတော့ မာမီက ကြည့်ပေးသည်။ သမီးလေးကိုတော့ ရီသာ အစစအရာရာ တာဝန်ယူပေးသည်။
အိပ်ယာထဲတွင်သာလှဲနေရသည်မှာ အတော်ပျင်းရိဖွယ် ကောင်းလှပေသည်။ အောက်ထပ်မီးဖိုခန်းမှ ထွက်လာသော အမွှေးနံ့သင်းသင်းက သူ၏ဗိုက်ကို သည်းခံနိုင်စွမ်းကင်းမဲ့စေသည်။ သူကြိုးစားပြီး လမ်းလျောက်ကြည့်သော်လည်း အဆင်မပြေ။
“ကို ဘာလိုချင်လို့လဲ”
“ဪ ကိုယ် ဗိုက်ဆာလာသလားလို့”
“ဒါများ ကြိုးကို အော်လိုက်ပါလား လာ ကြိုးတွဲပေးမယ်”
ကြိုး ဘုန်းမဟော်အား အပေါ်ထပ်က ဧည့်ခန်းဆီသို့ တွဲသွားပေး၏။
“ကို ခဏထိုင်နေနော် ကြိုး စားစရာသွားယူပေးခဲ့မယ်”
“အင်း”
ရွှေချည်ကြိုးသည် ဘုန်းမဟော်အား ချစ်နေသော်လည်း ချစ်သည်ဟူ၍ မဝန်ခံရဲပေ။ ဤအတိုင်း ရှိနေခြင်းက အရာအားလုံးအတွက် အကောင်းဆုံးပင်ဖြစ်ပေလို့မည်။
မီးဖိုခန်းထဲမှ စွပ်ပြုတ်ကို ပြန်နွေးပြီး ယူလာခဲ့လိုက်သည်။ အရင်က ကုတ်အကျီတွေ ဘောင်းဘီတွေသာ ဝတ်သည်မို့ ယခုလို တီရှုပ်ဖြူနှင့် ပုဆိုးမတိုမရှည် ဝတ်ထားသည်က လူကို ပို၍သန့်ပြန့်စေသည်။
“ကို ဒီမှာ စွပ်ပြုတ်လေး သောက်ရအောင်”
“အင်း ပေး ကိုယ်ဘာသာ သောက်လိုက်မယ်”
ကြိုး၏ လက်မှ စွပ်ပြုတ်ပန်းကန်အား ယူမည်ပြုတော့ သူမက လက်မခံ။
“တော်ပါ ကိုရယ် ကြိုးတိုက်ပါ့မယ်”
ညင်သာစွာ တိုက်နေသော ရွှေချည်ကြိုးအား ကြည့်ပြီး သူကြည့်နူးမိသည်။ သူလိုချင်သည်မှာ ဒါမဟုတ်ဖူးလား။ သူ့အား ကြင်နာစွာ ဂရုစိုက်ပေးစေချင်တာ။ အခုဆို အခေါ်အဝေါ်အသုံးအနှုန်း လေးတွေက အတော့်ပင် သဘောကျမိသည်။
“ကြိုး ကိုယ့်ကို ချစ်လား”
“ဟင်”
ကြိုး ဤမေးခွန်းကို မဖြေချင်။ ဖြေဖို့လဲ မဝံ့မရဲ ဖြစ်နေမိသည်။
“ကြိုး ဖြေပေးပါကွာ ကြိုး ကိုယ့်ကို ချစ်လား”
“ဒီအချိန်ထိပဲရောက်နေပြီ ကိုရယ် ဖြေစရာလိုသေးလို့လား”
“လိုတာပေါ့ ကိုယ်က ကြိုးကို ချစ်တယ်ဆိုပေမယ့် ကြိုးက ကိုယ့်ကို အဖြေမပေးသေးဘူးလေ”
“ကို ဒီမှာ စွပ်ပြုတ်တွေ အေးနေတော့မယ်”
သူ့အား စကားလမ်းလွှဲသွားသော ထိုအမျိုးသမီးအား ချစ်မဝဖြစ်ရပြန်ပါသည်။ အချိန်တွေက ကုန်ဆုံးလာလိုက်သည်မှာ ဘုန်းမဟော်၏ ခြေထောက်ပင် အတော်ကောင်းလာလေပြီ။ Companyကို ပစ်ထားမိသည်မှာ အတော်ပင်ကြာနေ၍ ဒီနေ့တော့ အလုပ်တွေပြန်စ ရမည့်နေပင်။
“ကို မပြီးသေးဘူးလား ကိုမိုးမင်းစောင့်နေတာ ကြာနေပြီ”
“အေး လာပြီ ကြိုးရေ”
ဘုန်းမဟော်၏ အလုပ်သို့ ကြိုးပထမဆုံးလိုက်ခြင်း ဖြစ်သည်။ ဒါတောင် သူက ကြိုးကို မရမက အတင်းခေါ်ခဲ့ခြင်းကြောင်ြ ဖြစ်သည်။ လမ်းဘေး အပင်တွေ တရွေ့ရွေ့ ရွေ့လျားသွားသည်ကိုသာ ငေးနေမိသည်။
နားထဲတွင် ကြားနေကြာသော အအသံတပိုင်းတစကြောင့်ပင် သူပို၍ ကြောက်လန့်နေရသည်။
“ကြိုး လာ”
သူမအား အရန်သင့် ကမ်းပေးလာသော သူ၏ လက်အား သူမငြင်းဆန်မိခဲ့ပေ။
“ကြိုး ခဏနေရင် အားလုံးနဲ့ မိတ်ဆက်ပေးမယ်နော်”
“ဟုတ် ကို”
တယောက်နှင့်တယောက် လက်ချင်းယှက်၍ လျှောက်လာကြသော ဘုန်းမဟော်နှင့် ကြိုးအား ဝန်ထမ်းတွေ အားလုံးက ကွက်ကြည့်ကွက်ကြည့်နှင်ပင်။ တကယ်ဆို Companyတွင် personalအရ ဝင်ထွက်သွားလာသူသည်။ဆိုဖီယာတစ်ယောက်တည်း ရှိသည်
မဟုတ်လား။
အခုတခါ ဘော့စ်နှင့်ပါလာသော အမျိုးသမီးသည် နှစ်လိုဖွယ် အဆင်းရှိသူ၊ သမင်မျက်လုံးဇင်ယော်တောင် မျက်ခုံးနှင့် လှပနေသူပင်။ ဤ အမျိုးသမီးနဲ့ဘော့စ်၏ အခြေအနေ၊ ဆိုဖီယာနှင့် ဘော့စ်၏ အခြေအနေ အားလုံးက နားမလည်နိုင်စရာပေ။