ဝေါကနဲဝေါကနဲတိုက်တဲ့မြစ်ကမ်းပါးလေကအေးသည်
Felix သည်ခြေနှစ်ချောင်းကိုပူးကပ်လျက်နက်ပြာရောင်ဂွမ်းကပ်အနွေးထည်ကြီးထဲမှာမြုပ်နေပြီးပေါင်မုန့်တစ်လုံးကိုအငမ်းမရစားနေသည်
မြစ်ကမ်းပါးကတိုက်တဲ့လေသေမတတ်အေးသည် နားအုပ်တဲ့အထိခေါင်းစွတ်စွတ်ထားတာတောင်ခိုက်ခိုက်တုန်နေသည်
သူ့ကံတရားရယ်ဆိုးဝါးလိုက်ကြောင်းတွေးရင်း အိပ်မက်ထဲကအလိုလိုက်ခံရဲ့သူ့ဘဝအကြောင်းတွေးမိသည် အဲ့လိုဖြစ်သွားရင်တောင်ကောင်းမည်
"စောက်ကျိုးနည်းတွေ ယောကျာ်းလေးချင်းကြီးကို"
ပစ်ပစ်နှစ်နှစ်ပြောပြီးနောက်တွင်မုန့်စားထားတဲ့လက်ကိုဘောင်းဘီနဲ့သုတ်ကာကမ်းပါးနားကနေထခဲ့သည်
ရုတ်တရပ်ဗန်ကားအမဲတစ်စီးပေါ်လာပြီးပေါ်လာတဲ့ထောင်ထောင်မောင်းမောင်းလူတစ်စုသည်သူ့စီအပြေးလာနေပြီ
နေပါဦး ဒီလူတွေ
ဟိုနေ့ကသူ့ကိုဒီနားမှာပဲဘာမှန်းမသိတဲ့ဆေးဖြူမှုန့်တွေမူးပြီးပေးခဲ့တာမလား ကိုကင်းလိုမျိုး
အနံ့ရပြီးတာနဲ့အိပ်ပျော်သွားတာအကြာကြီးနှစ်နှစ်ကာကာအိပ်ပျော်ပြီးနောက်မှာပေါက်ကရအိပ်မက်ဆီကနိုးထသည်
"လွှတ် ဘာတွေလဲမင်းတို့!!"
ရုန်းကန်တွန်းထိုးပေမဲ့ခေါင်းကိုစွတ်လာတဲ့အမဲရောင်အအုပ်နဲ့အတူကားပေါ်ဆွဲခေါ်ချင်းခံရသည်
.....................
"ချီးပဲ ဒါဘယ်နေရာကြီးလဲ"
ခေါင်းအုပ်အမဲထဲကမြင်ရတဲ့မီးရောင်မှိန်မှိန်ကြားလူတစ်ချို့ရှိတာကိုတွေ့ရပေမဲ့ဘယ်သူကဘယ်သူလဲသေချာမသိ
စကားပြောသံတိုးတိုးကြားနေရသည်
ဒီလေသံကိုသူရင်းနှီးသလိုပဲ"ချွတ်ပေးလိုက်!"
ရင်းနှီးနေတဲ့အသံတစ်ခုမှာခေါင်းကအမဲအုပ်ကိုချွတ်ပေးလာသည်
မီးရောင်ကိုအခုမှရတာကြောင့်မျက်လုံးကစူးကနဲလက်နဲ့ကာဖို့လုပ်ပေမဲ့အခုမှလက်ကိုနောက်ပြန်ပြီးခုံနဲ့ချည်ထားသည်