{15}

2.8K 142 3
                                    

Zawgyi

"ကိုကြီး မင်းကဘယ်လိုဖြစ်လို့ ပြောတော့ နောက် လမှဆို

"အားဝမ်း မင်းက ဒီကိုဘယ်လို ရောက်နေတာ

  ရှောင်းကျန့် ဟာ သူ့ရှေ့က လူနှစ်ယောက် စကားပြောနေသည်ကို နားမလည်စွာ ကြည့်နေမိသည်"

"ရှောင်းကျန့် ဒါက ငါ့အကိုလေ အရင်က နိုင်ငံခြားမှာ အခုမှ ပြန်လာတာ " ကိုကြီး သူက ငါ့ သူငယ်ချင်း ချစ်ဖို့ မကောင်းဘူးလား

  ဝမ်းလုဟာ ရှောင်းကျန့် ကို တစ်လှည့် ထျန်းချန်ကို တစ်လှည့် ဖက်ရင်း ပါစပ်က တစ်လည်စက်ပြောနေလေသည်" ရှောင်းကျန့် မှာတော့ အရှက်ပိုကာ နားရွတ်ဖျားလေးများက နီရဲလာသည်" ထိုနည်းအတူ ထျန်းချန်လဲ ရှက်ပြုံးပြုံးနေမိရင်း ရှောင်းကျန့် ကို ခိုးခိုး ကြည့်နေသည်"

"ရှောင်းကျန့် ရုပ်ရှင်ချိန် နီးနေပြီ သွားရအောင်

"ငါလဲလိုက်မယ်

"လက်မှတ်ရှိလို့လားကိုကြီး ကျွန်တော့်မှာအပိုမပါဘူးနော်

"ဝယ်ထားတာ ရှိပါတယ်

"ဒါဆို သွားကျရအောင်

  ဝမ်းလုဟာ သူ့အကိုလက်ကိုတစ်ဖက် ရှောင်းကျန့် လက်ကို တစ်ဖက်ဆွဲကာ ရုပ်ရှင်ရုံကြီးထဲ ဝင်သွားလေသည်" မီးအရောင် မှိန်မှိန်လေး ရှိနေတဲ့အခန်းကြီးထဲကို ရှောင်းကျန့် ဝင်လိုက်ရင်ပင် အမှတ်တမက် မြင်လိုက်ရတဲ့အရာလေး ရှောင်းကျန့် သေချာအောင်နောက်ထပ်တစ်ဖန် ပြန်ကြည့်တော့ လုံးဝသေချာနေသည်က ရိပေါ်နဲ့ ရန်းလိသာ သူသေချာပေါက်မြင်ရသည်က ရန်းလိလက်က ရိပေါ် လက်မောင်း ကို ဖက်ထားနေသည်"

"ရှောင်းကျန့် သွားလေး ဘာလို့ ရပ်နေတာ

"အော် အေးအေး

  ရိပေါ်တို့ကို ငေးကြည့် နေတဲ့ရှောင်းကျန့်ကို ဝမ်းလုပြောလိုက်မှ အသိပြန်ဝင်လာလေသည်" ရှောင်းကျန့် တို့လဲ သူတို့နေရာနဲ့ သူတို့ ထိုင်နေကျသည် " ရှောင်းကျန့် ပဲ ကံဆိုးတာလား ကံကောင်း သည်လားမသိ လက်မှတ်အတူတူဝယ်တဲ့ဝမ်းလုနဲ့ကျ ခုံအဝေးကြီးဖြစ်နေပြီး အတူဝယ်မထားတဲ့ ထျန်းချန်နဲ့ကျ ဘေးချင်းယှဉ် ခုံမှာ ဖြစ်လို့နေသည်"

(ဦး"Oo Wang🚨🔞⚠️)(ဦး"Oo Wang🚨🔞⚠️)Complete Where stories live. Discover now