{16🔞⛔⚠️}

3.9K 124 2
                                    

Zawgyi

ရှောင်းကျန့် တို့အခုဆိုရင် မြို့ထဲကနေ ပြန်လာလို့နေသည် " ကားပေါ်မှာတော့ ငြိမ်သက်လို့နေသည် ထျန်းချန်လဲ ရှောင်းကျန့် ကို ဘယ်ကနေဘယ်လို စကားပြောရမှန်းမသိဖြစ်နေသည် "ရှောင်းကျန့် နဲ့ မျက်လုံးချင်းစုံတိုင်း သူ့မှာ အသက်ရူကျပ်နိုင်လောက်တဲ့ထိဖြစ်ရတယ်  ရှောင်းကျန့် နဲ့စတွေ့တဲ့ချိန်ကစ အခုထိ ရင်အစုံဟာ ခုန်ပေါက်နေစဲပင်

  ရှောင်းကျန့်  ထျန်းချန် ကားနဲ့ ပြန်လာပြီး အိမ်ကဘယ်မှာဆိုတာ ပြောပြကာ သူကတော့ ကားအပြင်တစ်နေရာကိုသာ ငေးနေသည်" ရှောင်းကျန့် စိတ်ထဲ စိုးရိမ်နေတာက ရိပေါ်သူ့ကို ဆူအုံးမလား အခုလို တစ်စိမ်းနဲ့အတူပြန်လာတာကိုရော ကြိုက်ပါ့မလား နောက်ပြီး သူ့ကို ရိပေါ် အပြစ်ပေးအုံးမလား ဒါသာ တွေးနေမိသည် ရှောင်းကျန့်  ရိပေါ်ကိုကြောက်ပါသည် ဟိုအရင်က ရိပေါ် အိမ်ကို ပြန်မလာပဲ နှစ်နဲ့ချီတုန်းက သူရိပ်ါကို ကြောက်တာထက် လွမ်းနေရတာများသည် "အခုက လွမ်းတော့မလွမ်းရပေမဲ့ ရိပေါ်ကိုမြင်တာနဲ့ စိတ်ထဲကြောက်စိတ်ဖြစ်ပေါ်နေရသည် သု့အထင် ရိပေါ်အခုနောက်ပိုင်း အတော်လေး ထူးဆန်းနေသည်  သူ့ကို ဟိုအရင်တွေကထက် ချုပ်ချယ်လာတယ် ထစ်ဂနဲရှိ သူ့ကိုပဲ ဆူတယ်"

"ကလေး ဒီခြံလား

"အာ ဟုတ် ဟုတ်တယ် ဗျ

  ရှောင်းကျန့် အတွေးလွန်နေချိန် ထျန်းချန်အမေးကြောင့် အမြန်ပင်ပြန်ဖြေမိသည်" ထျန်းချန်ဟာ ခြံဝနား ကားကို ရပ်လိုက်သည်" ထျန်းချန် ကားရပ်တော့ ရှောင်းကျန့် ဟာ သူ့ ပိုက်ဆံ အိတ်လေးပိုက်ကာ ဆင်းလိုက်သည်"

"ကလေး နေအုံး

"ဗျာ ဘာလို့လဲ

"ရှောင်းကျန့် အမေးကြောင့် ထျန်းချန်ဟာ သူ့ကားနောက်ခန်းကို ဖွင့်ကာ ရှောင်းကျန့် မနက်က ဝယ်ထားတဲ့ အရုပ်ကြီးအပြင် ထိုအရုပ်ကြီးထက်မသေးတဲ့ ယုန်အရုပ်ကြီး တစ်ခု ထုတ်လာသည်"

"ကလေး အရုပ်တွေလေ မယူတော့ဘူးလား

"ကိုကို ယူလာခဲ့တာလား ကျွန်တော် က မနက်မှ ကားသမား ဦးလေးကြီးကို ယူခိုင်းမယ်လို့ တွေးထားတာ

(ဦး"Oo Wang🚨🔞⚠️)(ဦး"Oo Wang🚨🔞⚠️)Complete Where stories live. Discover now