"ကိုကိုကျွန်တော်အလုပ်သွားတော့မယ်"
"အင်းဂရုစိုက် ဘာမှမမေ့စေနဲ့နော်"
"အင်းပါဗျ ကိုကိုသာဂရုစိုက်နေ။ ခဏနေရင် မြေလွှာသစ်လာလိမ့်မယ်။ သူပြောတာတွေလည်းနားထောင်နော်"
"ဟုတ်ပါပြီကွာ။ စစ်လေးကလည်း ကိုကို့ကိုကလေးများမှတ်နေလား"
ခြံဝထိလိုက်ပို့လိုက်တော့ ထွက်ခါနီးပြန်လှည့်ကာ စိုက်ကြည့်လာတာမို့
"ဘာလဲ"
"ကျွန်တော်အာဘွားပေးလို့ရလားကိုကို"
"ဟင်"
မငြင်းရက်တာမို့ တွေဝေမိပေမယ့် နောက်ဆုံးတော့ ခေါင်းညိမ့်ပြလိုက်သည်။
"ရွှတ်"
"သွားပြီဗျာကိုကို။ လောကကြီးရယ် အချိန်တိုင်းလှနေပါရောလား"
"ပေါက်ကရတွေအော်မသွားနဲ့လေ။ ကားလည်းသေချာစီးအုံး မမှားစေနဲ့"
ပြန်လှည့်လာလို့ မျက်စိမှိတ်ကာလက်ဝှေ့ယမ်းပြသွား၏။ ပြန်ဝင်ဖို့လုပ်ချိန် မျက်ဝန်းဒေါင့်မှတွေ့လိုက်ရသူကြောင့် အလန့်တကြားကြည့်မိတော့ ကားဘေးတွင်ရပ်နေသူ မြင်တာကိုသိတော့ ကိုယ့်ဆီလျောက်လာလေ၏။
အချိန်တိုင်းသူသာစိုးမိုးနေလို့တွေ့ချင်နေတာနဲ့ နေထွက်တည်းကသူနေတဲ့နေရာရှေ့ရောက်နေမိတယ်။ အချိန်အတော်ကြာတော့ အိတ်လေးဆွဲလို့ ကိုယ်မဟုတ်တဲ့အခြားတစ်ရောက်နောက်ကပါလာတယ်။
သူတို့ပတ်သတ်မှုအမှန်ကဘာလဲ။ ကိုယ့်ကိုနာကျည်းလို့တမင်ခံစားရအောင်များလုပ်နေသလား။ အထဲပြန်ဝင်တော့မှာမို့ ကားထဲကထွက်ကာကြည့်တော့ ကိုယ့်အားမြင်သွားသူကဝင်ပြေးဖို့လုပ်နေလေရဲ့။ သူ့ဆီအမြန်နှုန်းနဲ့ပြေးသွားလိုက်ပြီး တံခါးပိတ်ဖို့ပြင်နေတဲ့လက်ကိုဖမ်းဆွဲလိုက်သည်။
"နေပါအုံးခင်ဗျားရယ်"
"ငါ့ကိုလွှတ်။ မင်းဘာလာလုပ်တာလဲ ငါ့ကိုပါထပ်သတ်ဖို့လား"
"နားထောင် ပြောတာကိုအရင်နားထောင်"
"မပြောနဲ့ငါမင်းဆီကဘာမှမကြားချင်ဘူး။ မင်းငါ့ရှေ့ကထွက်သွား နောက်ထပ်လည်းမလာနဲ့"