Part-34

2.7K 81 1
                                    

သိသိသာသာဖောင်းထွက်လာတဲ့ဗိုက်ကြောင့် ရှပ်အိင်္ကျီအပွကြီးတစ်ထည်ကိုသာဝတ်လို့ထားသည်။ အလုပ်သွားရန်နက်ကတိုင်ချည်ခိုင်းနေသူမှာ ထဖို့အဆင်မပြေသောသူကြောင့် အိပ်ယာထက်သာထိုင်ခိုင်း၍ ငုံ့လို့ပေးလာ၏။

"ဖြစ်နိုင်ရင်မောင်လိုက်ခဲ့ချင်တာ ဒီနေ့အစည်းအဝေးကအရမ်းအရေးကြီးနေတယ်"

"မလိုဘူးဆိုကွာ သစ်လေးလည်းလိုက်လာမှာပဲ။ ရိုက်ပြီးသွားရင်အခြေနေကိုငါလှမ်းပြောမှာပေါ့"

"မဟုတ်ရင်လည်းမင်းအားတဲ့နေ့မှ"

"ရတယ် လုပ်စရာရှိတာလုပ်။ တစ်ခုခုဆိုလှမ်းတော့ပြောရမယ် ကြားလား"

"အင်းပါ"
* * *  * * * * * * * * * *

ဦးဧက္ကရာဇ်မိုးရှိရာအခန်းတွင်း သူ၏အတွင်းရေးမှူးဝင်လာလို့အရိုသေပေး၍အနားတွင်ရပ်လာ၏။

"အခြေနေတွေဘာထူးလဲ"

"မှောင်ခိုလုပ်ငန်းတွေမှာ မာန်ရိပ်သွေးရဲ့လုပ်ဆောင်ချက်တွေကသိသိသာသာနည်းသွားတယ်"

"အဓိကအပိုင်းတွေနဲ့ ပြဿနာဖြစ်မယ့်အပိုင်းတွေလောက်သာကိုင်တွယ်နေတာသိရတယ်"

"ဒါပေမယ့် ဒီဘက်အခြမ်းမှာတော့ Blood groupရဲ့လည်ပတ်မှုကအရင်လိုမဟုတ်တော့ဘူး။ နေရာတိုင်းနီးပါးသူတို့နဲ့ချိတ်ဆက်လာတယ်"

"အဲ့အပြင် Carအရောင်းဝယ်ပါတိုးလုပ်လာပြီးShowroonနဲ့Centarတွေ သူတို့နာမည်အောက်မှာအများကြီးဖွင့်ထားတာတွေ့ရတယ်"

"Companyရဲ့ရှယ်ယာ၇၀%လောက်ကသူ့အပိုင်တွေ အောင်မြင်မှုကလည်းကျွန်တော်တို့ရဲ့No1လုပ်ငန်းနီးနီးလောက်ရှိတယ်"

"တော်တော့"

"ဟာ့ ငါသူ့ကိုအထင်လည်းမသေးမိပါဘူး။ အမြဲစောင့်ကြည့်နေရက်နဲ့ ဒီလောက်အချိန်လေးအတွင်းကို တောက်စ်"

"စောင့်ကြည့်နေယုံနဲ့မရတော့ဘူး လှုပ်ရှားရတော့မယ်။ ငါခိုင်းထားတဲ့သူတွေကိုအခုဆက်သွယ်လိုက်"

ထိုအချိန် အခန်းတွင်းလူတစ်ယောက်အရေးတကြီးဝင်လာပြီး ယူလာသောဖုန်းအားကမ်းပေးလာသည်။

အတားအဆီးများနဲ့မောင့်ပင်လယ်(Complete)(Zaw+Uni)Where stories live. Discover now