အပိုင်း ( 1789 ) ကံကြမ္မာကိုဆန့်ကျင်တဲ့သူ

117 12 0
                                    

အပိုင်း ( 1789 ) ကံကြမ္မာကိုဆန့်ကျင်တဲ့သူ။

"အရှိန်အဝါလား"
ဒါကိုကြားတော့ ချူးယွန်ရဲ့ မျက်လုံးထဲမှာ အံ့အားသင့်မှုတွေ ယှက်သန်းသွားခဲ့ပါပြီ။

ဒီရေခဲပြင်အပျက်အယွင်းရဲ့ ဆိုးရွားတဲ့ ပတ်ဝန်းကျင်ကြောင့် လူတစ်ယောက် ရောက်လာဖို့တောင် မလွယ်ပါဘူး။ ဒီနေ့မှာတော့ အမှန်တကယ် အရှိန်အဝါတစ်ခု ရှိနေတယ်။ တန်းလီလည်း သူ့ရဲ့ နှလုံးသားထဲမှာ လှုပ်ခတ်သွားသလို ခံစားလိုက်ရပါတော့တယ်။

"စိတ်မပူပါနဲ့၊ သေချာခံစားကြည့်ရအောင်"
တန်းလီက ချူးယွန်ရဲ့ အရှိန်အဝါကို ထိန်းချုပ်ထားဖို့ အချက်ပြလိုက်ပါတယ်။ အဲဒီနောက် ရေခဲပြင်အပျက်အယွင်းကို ဂရုတစိုက် ခံစားကြည့်လိုက်ပါပြီ။

သေချာစူးစမ်းကြည့်မှ မှုန်ဝါးပြီး ပျောက်ကွယ်နေသလို အရှိန်အဝါကို ခံစားရတာပါ။ တန်းလီရဲ့ ဝိညာဉ်အသိသာ အားမကောင်းရင် ဒါကို ခံစားနိုင်မှာတောင် မဟုတ်ပါဘူး။

ချူးယွန်လည်း သတိထားတဲ့ မျက်လုံးတွေနဲ့ ရေခဲပြင်အပျက်အယွင်းကိုကြည့်ကာ ခြေတစ်လှမ်း အနောက်ပြန်ဆုတ်လိုက်ပါတော့တယ်။

ဒါက ပြင်ပမိစ္ဆာလား၊ ဒါမှမဟုတ် နတ်ဆိုးမျိုးနွယ်ပဲလား။

တန်းလီကိုတောင် သတိထားစေတာက ကျူဝမ်ငါးဆယ်အဆင့်ပဲလား။

ခဏအကြာမှာ တန်းလီက အဝေးကိုလှမ်းကြည့်ပြီး မျက်မှောင်ကြုတ်ကာ ပြောလိုက်ပါတယ်။
"ဒီနေရာမှာ ငါနဲ့ ယှဉ်နိုင်တဲ့ ရောင်ဝါတစ်ခုရှိတယ်။ ဒါက လူသားမဟုတ်ပေမဲ့ ငါ့ကို အရမ်းဆိုးရွားတဲ့ ခံစားချက်မျိုး ပေးနေတယ်။ ငါကိုယ်တိုင်လည်း ပြင်ပမိစ္ဆာလား၊ နတ်ဆိုးမျိုးနွယ်လားဆိုတာ သေချာ မသိဘူး"

"ရေခဲပြင် အပျက်အယွင်းထဲမှာလား"
ချူးယွန် လက်သီးဆုပ်လိုက်ပါတယ်။ အရင်က ဒီမှာ ဖီးနစ်ဧကရာဇ်စစ်ကမ္ဘာရဲ့ အစောင့်အကြပ် ရှိခဲ့ပေမဲ့ အခုတော့ ကျူဝမ်ငါးဆယ်ရှိတဲ့ မျိုးနွယ်ခြားက အစားထိုးသွားခဲ့ပါပြီ။

"ဟုတ်တယ်၊ ဒီမှာဘဲ။ အခြေအနေတွေက ထူးခြားနေတယ်၊ ငါ သေချာ စုံစမ်းရလိမ့်မယ်"

ကောင်းကင်စစ်ဝိညာဉ်(ချူးယွန်)အတွဲ-၅ Uni & Zawgyi ကောင်းကင်စစ်ဝိညာဉ် အတွဲ-၅Where stories live. Discover now