အပိုင်း ( 1821 )ငါတို့ အရင်နောက်ဆုတ်သင့်သလား

116 12 0
                                    

အပိုင်း ( 1821 )

တန်းချုံကျန်းက အလွန် တည်ငြိမ်တဲ့သူပါ။ ဒါပေမဲ့ ဒီတစ်ခါတော့ သူ နည်းနည်း စိတ်ဆိုးသွားပါပြီ။

အထူးသဖြင့်၊ တန်းဇိရှမ်းနဲ့ ပတ်သက်ရင် သူပိုပြီးတော့ အတိမ်းအစောင်းမခံပါဘူး။

တန်းဇီရှမ်းက သူ အချစ်ဆုံး သမီးတစ်ယောက်ပါ။ သူဟာ တန်းဟွာရန်ကို နည်းနည်း စည်းကမ်းကြပ်မတ်ပေမဲ့ သူ့သမီးကိုတော့ လေသံမာမာနဲ့တောင် ပြောခဲပါတယ်။

ဒါပေမဲ့ ဒီတစ်ခါတော့ သူ ဒေါသထွက်ခဲ့တယ်။

ကမ္ဘာခြားတွင်းနက်က ရောက်လာတာနဲ့ ရဲ့လန်ကြယ်စက်ဝိုင်းကို ဝါးမျိုသွားတော့မှာ။ မင်းက မြန်မြန်မရှောင်တိမ်းသွားဘဲ ဒီမှာ ဘာလုပ်နေတာလဲ။

သေချင်လို့လား။

မင်းတောင်မှ မသွားရင် ချူးယွန်ရဲ့ မိသားစုနဲ့ သူငယ်ချင်းတစ်ယောက်မှ ထွက်သွားမှာမဟုတ်ဘူး။

ဒါဆိုရင် တွင်းနက်ကြီးရဲ့ ဝါးမျိုမှုနဲ့ အားလုံးအတူတူသေကြလိမ့်မယ်။

တန်းဇီရှမ်းက အနည်းငယ် ခေါင်းမာနေသေးပြီး ပြောလိုက်တယ်။
"အဖေ၊ သမီး မသွားချင်ဘူး။ ချူးယွန်က အထဲမှာ ရှိနေတုန်းပဲ၊ သူ့ရဲ့ ဘေးကင်းမှုကိုတောင် မသိနိုင်ဘူး၊ ဒီအခြေအနေကြီးနဲ့ သမီးမသွားချင်ဘူး။ သူ့ကို အဖော်ပြုပြီး စောင့်နေချင်တယ်"

"တိတ်စမ်း"
တန်းချုံကျန်းက ဒေါသတကြီး အော်ဟစ်လိုက်ပါတယ်။

ဒါပေမဲ့ သူက လွန်စွာ အသက်ကြီးနေပြီမို့ စိတ်လှုပ်ရှားမှုဒဏ်ကို သ်ပ်မခံနိုင်တော့ပါဘူး။ သူ့ရဲ့ ခန္ဓာကိုယ်က တုန်လှုပ်ပြီး ချောင်းတဟွတ်ဟွတ် ဆိုးလိုက်ရပါတယ်။

"အဖေ"
တန်းဇီရှမ်းလည်း အမြန် ဖေးမလိုက်ပါပြီ။

တန်းချုံကျန်းက လက်ကာပြပြီး သက်ပြင်းချကာ ပြောလိုက်တယ်။
"ချူးယွန် မသေသေးပါဘူး၊ သူက တွင်းနက်ကို ရပ်တန့်အောင် ကြိုးစားနေတာ။ သူ ​​အောင်မြင်ရင် ရဲ့လန်ကြယ်စက်ဝိုင်းနဲ့ အဆုံးမဲ့ ကြယ်ကောင်းကင်ကို ကယ်တင်နိုင်လိမ့်မယ်။ သူကျရှုံးရင်တောင် သူ့အသက်အန္တရာယ်ရှိမှာ မဟုတ်ဘူးလေ။ ဘာမှစိတ်ပူစရာမလိုပါဘူး"

ကောင်းကင်စစ်ဝိညာဉ်(ချူးယွန်)အတွဲ-၅ Uni & Zawgyi ကောင်းကင်စစ်ဝိညာဉ် အတွဲ-၅Where stories live. Discover now