𝐒𝐄𝐕𝐄𝐍 9

3K 206 5
                                    

Unicode.......

"မင်းဘယ်မှာအိပ်မှာလဲ"

ထယ်ယောင်းရေချိုးခန်းထဲကထွက်လာသည့် လူရမ်းကားကိုလိုက်ကြည့်ကာ မေးမိတော့သည်။

"ဟောကိုယ်အိမ်ပဲ ကိုယ့်အခန်းကိုအိပ်မှာပေါ့"

"ဒါဆိုတစ်ခြားအခန်းမရှိဘူးလား"

ထိုအခါမှအပေါ်ပိုင်းဗလာနဲ့သူ့ဆီကိုတည့်တည့်လျှောက်လာသည့် လူရမ်းကားက သူ့အနားတိုးကပ်လာကာ။

"ဘာလို့လဲမနေ့ကတောင်အတူတူအိပ်ပြီးနေပြီကို ယောင်းကကိုယ်ကခွဲအိပ်ချင်လို့လား"

"မင်း!အဲ့ဒါ...အဲ့ဒါကမူးနေဝာာလေမမှတ်မိလို့"

"ယောင်းမှတ်မိပါတယ်"

သူ့မျက်နှာအာ့စေ့စေ့ကြည့်ကာပြောလာသည့် လူရမ်းကားကြောင့် ထယ်ယောင်းမျက်နှာပူလာရသည်မို့ တစ်ဖက်ခြမ်းသို့သာလှည့်နေမိတော့ သူ့မေးစေ့အားကိုင်ကာ မျက်နှာခြင်းဆိုင်စေပြန်သည့်လူရမ်းကားက။

"ကိုယ့်ကိုတောင်လူရမ်းကားလို့ခေါ်သေးတယ်လေ"

ထယ်ယောင်းကိုယ်ပေါ်အုပ်‌မိုးထားသည့်ပုံစံကြောင့် ထယ်ယောင်းခန္ဓာကိုယ်အနောက်သို့သာယိုင်ထားရသည့်ပုံစံဖြင့်။

"မင်းနော်! ဖယ်ပေး"

"ကိုယ်ကဖယ်မပေးဘူးဆိုရင်ရော"

"အော်လိုက်မှာနော် မင်း!"

သူငုံ့ကြည့်နေမိသည့် မျက်နှာလေးဟာရှက်သွေးဖြာနေသကဲ့သို့ ခပ်ရဲရဲဖြစ်နေသလို သူ့အားစေ့စေ့ကြည့်နေသည့်ကိုယ့်မျက်ဝန်းတွေကိုရှောင်ဖယ်၍ ပြောလာသည့်စကားကြောင့် ဂျောင်ကုလစ်ခနဲပြုံးလိုက်မိတော့သည်။

"အော်လိုက်လေ ကိုယ့်အခန်းကအသံလုံတယ် မယုံရင်ယောင်းစမ်းကြည့်ချင်လား"

"ဟင့်အင်း မစမ်းကြည့်ချင်ဘူး ဖယ်ပေး"

ထိုအခါတွင်တော့ သွေးပျက်နေသည့် လူတစ်ယောက်နှယ့် သူ့အားကြည့်ကာ မာန်ဖီတတ်တဲ့မျက်ဝန်းတွေဟာ ယခင်ကဲ့သို့လားလားနည်းမှမသက်ဆိုင် သူ့အားငေးကြည့်လာသည့်မျက်ဝန်းတို့ကြောင့် ဂျောင်ကုဆက်မစရပ်ဝောာ့၊ဂျောင်ကုအုပ်မိုးထားရာမှ ဖယ်ခွာပေးပြီး သေချာမတ်တပ်ရပ်လိုက်ကာ။

𝚂𝙴𝚅𝙴𝙽 {𝙲𝚘𝚖𝚙𝚕𝚎𝚝𝚎𝚍}Where stories live. Discover now