𝐒𝐄𝐕𝐄𝐍 15

2.6K 190 6
                                    

Unicode........

"ကိုယ့်ကိုခွင့်ပြုပေးလို့မရဘူးလား~~~"

မျက်ဝန်းဝိုင်းဝိုင်းတို့ဟာ သူ့ကိုစိုက်ကြည့်၍ပြောလာတာကြောင့် ထယ်ယောင်းထိုလူရမ်းကားဘာကိုဆိုလိုတာလဲဆိုတာ သဘောပေါက်သွားတာမို့။

"မင်း‌!နော် ရမ်းကားဖို့စိတ်မကူးနဲ့ ဖယ်ပေး"

ထိုလူရမ်းကားရင်ဘတ်အား ထယ်ယောင်းအားသုံး၍တွန်းဖယ်နေပေမယ့် သူ့ကိုယ်ပေါ်က လူရမ်းကားခန္ဓာကိုယ်ကရွေ့မသွားသည့်အပြင် သူ့လက်အားဆုတ်ကိုင်လာသည့်လက်တစ်ဖက်က သူ့လက်အားလူရမ်းကားပါးပြင်သို့ထိုတွေ့စေနေတာမို့ ထယ်ယောင်းကြောင်နေမိသည်။

"ကိုယ့်အတ္တကတစ်‌ဖြေးဖြေးလောဘတတ်လာမိတယ် ကိုယ်ဘယ်လိုလုပ်ရမလဲ ယောင်းကိုအပိုင်လိုချင်လာမိလို့"

"ဘာတွေပြောနေတာလဲ လက်ကိုလွှတ်"

ထယ်ယောင်းစူးရှလွန်းတဲ့မျက်ဝန်းတွေကိုရှောင်ရှားဖို့ရာ မျက်နှာတစ်ဖက်သို့လှည့်လိုက်ပြီး သူ့ပါးပြင်ကိုထိတွေ့နေသည့်ထယ်ယောင်းလက်ကို သူ့လက်ထဲကအတွန်းရုန်းနေမိပေမယ့် လူရမ်းကားကောင်ကတော့ လွှတ်ပေးမသွား။

"ယောင်းကိုယ့်ကိုကြည့်"

ထယ်ယောင်းတကယ်ပင်သူ့ကိုစေ့စေ့မကြည့်နိုင် ဘာကြောင့်မှန်းမသိပေမယ့် သူ့ကိုကြည့်ဖို့ရာထယ်ယောင်းမျက်နှာပူလွန်းသည်။

ချက်ခြင်းဆိုသလို သူ့မျက်နှာအားလက်ဖြင့်ယူကာဆွဲလှည့်လိုက်သည့် လူရမ်းကားကြောင့် ထယ်ယောင်းမရုန်းထွက်နိုင် ဘာကြောင့်ဆို၊ သူ့မျက်နှာကထယ်ယောင်းနည်းနည်းလှုပ်တာနဲ့ ထယ်ယောင်းနဲ့ထိကပ်တော့မည့်အထိနီးကပ်လွန်းသည်။

နီးကပ်လွန်းသည့်အထိအတွေ့ကြောင့် ထယ်ယောင်းရင်ခုန်တာလား ကြောက်၍ရင်တုန်နေလားပင်မကွဲခြားတတ်တော့တာမို့ မျက်လုံးတွေကိုတင်းကြပ်စွာမှိတ်ထားမိပြီး နူတ်ခမ်းတစ်ခုလုံးအတွင်းသို့လိပ်သွင်းကာ တင်းကြပ်စွာစိထားမိတော့သည်။

ထိုအခါမှ သူ့နားထဲကြားရသည့်အသံသဲ့သဲ့လေးဟာ လူရမ်းကားရဲ့ရယ်သံသဲ့သဲ့သာဖြစ်ပြီး။

𝚂𝙴𝚅𝙴𝙽 {𝙲𝚘𝚖𝚙𝚕𝚎𝚝𝚎𝚍}Where stories live. Discover now