အပိုင်း။ 3 ။

971 107 4
                                    

အပိုင်း (၃) လိမ္မော်သီးနံ့တော့ မဟုတ်ဘူးပဲ


   ကျန်းခေါ့ရဲ့ WeChat အကောင့်က အခိုးခံလိုက်ရတယ်။ သူ သူ့အကောင့်ကို ပြန်ရတဲ့အချိန်မှာ သူ့ရဲ့ ပရိုဖိုင်နဲ့ ကာဗာက ပွန်း Website ရဲ့ ကြော်ငြာတွေနဲ့တောင် ပြည့်နှက်နေပြီ။

သူက WeChat ကို သုံးခဲတယ် ဒါပေမယ့် သူက သူ့ရဲ့ WeChat သူငယ်ချင်းအသိုင်းအဝိုင်းကြားမှာ အမြဲ Active ဖြစ်နေတယ်။ ကျန်းခေါ့ သူ့ပရိုဖိုင်ပုံက ပွန်းကြော်ငြာပုံကြီးပြောင်းသွားတာကို မြင်လိုက်ရတုန်းက သူ့ဝမ်းကွဲညီမက သူ့ကို ဟားဟားဟားလို့ လာပို့ပြီးတောင် ဟားတိုက်လိုက်သေးတယ်။

ကျန်းယိနင်းက ကျန်းခေါ့ရဲ့ လိင်စိတ်တိမ်းညွန့်မှုကို သိနေပြီး ကျန်းခေါ့က ယဲ့ဟွိုင်ကို ကြိုက်နေတာကိုလည်း သိထားတယ်။ သူမက ယဲ့ဟွိုင်ကို လွန်ခဲ့တဲ့ ရက်အနည်းငယ်ကမှ အရင်းအမြစ်ဂရုထဲ ထည့်ပေးထားတာ။ သူမက ကျန်းခေါ့ရဲ့ ပရိုဖိုင်ပုံက ‘အထန်ဗီဒီယိုတွေကိုကြည့်ချင်ရင် 127*456 ကို အပ်ပါ’ ဆိုတာကို မြင်ပြီး :”ယဲ့ဟွိုင်ကို ဂေးပွန်းတွေပို့ပြီး အဆင့်တက်အောင်လုပ်ကြည့်ပါလား” လို့တောင် စလိုက်သေးတယ်။

ကျန်းခေါ့ : [အင်း]

ကျန်းယီနင်း : […တကယ်ကြီးလား?]

စနေနေ့မှာတော့ ကျန်းယိနင်းက ကျန်းခေါ့ဆီကနေ စာကြည့်တိုက်ကို လာဖို့ အခေါ်ခံလိုက်ရတယ်။ ကျန်းခေါ့က သူမဖုန်းကို သုံးပြီး ဂရုထဲကိုဝင် ယဲ့ဟွိုင်ရဲ့ ချက်ဘောက်ဆီကိုသွားပြီး ကျန်းခေါ့ဆီမှာ ဥအရင်းအမြစ်တွေရှိတယ်ဆိုပြီးသွားပြောနေတာကို ကျန်းယိနင်း ထိုင်ကြည့်နေရတယ်။

ကျန်းယိနင်းက ခေါင်းကိုငုံ့ပြီး အသည်းအသန် အာရုံစိုက် မက်ဆေ့ချ်ပို့နေတဲ့ ကျန်းခေါ့ကို မြင်တာနဲ့ ပျင်းပျင်းရိရိနဲ့ မေးကိုထောက်ပြီး စာအုပ်ထဲက စာရွက်တွေကို တစ်ရွက်ပြီးတစ်ရွက်လှန်နေလိုက်တယ်။

ကျန်းခေါ့က သူ့ဆီ ဖုန်းပြန်ပေးလာတဲ့အခါ ကျန်းယိနင်းက မေးမြန်းလိုက်တယ် “အဆင်ရောပြေရဲ့လား?”

ကျန်းခေါ့က “အင်း”လို့ ပြန်ဖြေလိုက်တယ်။

ကျန်းယိနင်းက သက်ပြင်းချလိုက်ပြီး “ပြီးတာပဲ၊ ကံကောင်းပါစေ”

ကျန်းယိနင်းက အဲ့ဒီ့ နောက်ပိုင်းကိစ္စတွေကို ဘာမှမသိတော့ဘဲ နှစ်ပတ်လောက်အချိန်ကုန်သွားခဲ့တယ်။ ပြီးတော့ ယဲ့ဟွိုင်က သူ့ကို WeChat မှာ လာမေးမြန်းတော့တယ် : [ကျန်းခေါ့ကို သိလား?]

ကျန်းယိနင်းက တုံ့ပြန်မှုတွေ နှေးကွေးစွာနဲ့ပဲ တိုက်ရိုက် ဖြေပေးလိုက်တယ် : [ငါ့ရဲ့ ဝမ်းကွဲအကိုလေ]

ယဲ့ဟွိုင် : [ဖာ့ခ် ????]

ကျန်းယိနင်းက ကြောင်အသွားပြီးမှ Screenshot မြန်မြန်ရိုက်ပြီး ကျန်းခေါ့ဆီ ပို့ပေးလိုက်တယ် : [ဘာတွေဖြစ်ကုန်တာလဲ? လျှို့ဝှက်ချက်ကို ချပြလိုက်တာလား?]
ပြီးတာနဲ့ ယဲ့ဟွိုင်ဆီကို စာထပ်ပို့လိုက်တယ် : [ခဏလေး၊ နင်က ဘယ်ကျန်းခေါ့ကို ပြောနေတာလဲ? ဗိသုကာမေဂျာမှာလဲ ကျန်းခေါ့ဆိုတဲ့ နာမည်နဲ့လူရှိသေးတယ်။ ငါတို့မေဂျာမှာလည်း ကျန်းခေါ့လို့ ခေါ်တဲ့ ကောင်မလေးတစ်ယောက်လည်း ရှိသေးတယ်။ ငါ့ဝမ်းကွဲအကိုကလည်း ကျန်းခေါ့ပဲ]
ကျန်းယိနင်းက သူ့ရဲ့ လျှင်မြန်တဲ့ ဉာဏ်စွမ်းလေးကြောင့် သက်သာရာရသွားတယ်။

ယဲ့ဟွိုင် : [နင် ဗီဒီယိုတွေပို့ပေးတဲ့လူကို သိလား?]

ကျန်းယိနင်းက မထိန်းနိုင်တော့ဘဲ ထရယ်လိုက်တော့တယ်။ သူ့ဝမ်းကွဲအကိုကတော့ နှစ်ပတ်အတွင်း အသေအကြေကြိုးစားနေပေမယ့် ယဲ့ဟွိုင်ရဲ့မျက်စိထဲမှာတော့ သူ့အကိုက ဗီဒီယိုဖြန့်တဲ့လူအဆင့်ကနေ တက်မလာသေးဘူး။

ကျန်းယိနင်းက ရူးချင်ယောင်ဆောင်လိုက်တယ် : [????]

ယဲ့ဟွိုင်က စာပြန်ဖို့ အချိန်နည်းနည်းလောက်ယူလိုက်ရပြီး : [ဘာမှမဟုတ်တော့ဘူး၊ နင် နားတော့လေ]

ကျန်းခေါ့က ကျန်းယိနင်းကို နေ့လည်ရောက်မှသာ စာပြန်လာတယ် : [ဘာမှမဖြစ်ဘူး]

ကျန်းယိနင် : [ဘာဖြစ်လို့လဲ?]

ကျန်းခေါ့ : [ငါတို့ လှေကားမှာတွေ့ခဲ့တာ]

ကျန်းခေါ့ : [လွတ်သွားတယ်]

***********

ဒီမနက် ယဲ့ဟွိုင်ဆီကို ကျန်းခေါ့ပို့ပေးတဲ့ ဗီဒီယိုရောက်လာတယ်။ ဗီဒီယိုရောက်တာနဲ့ သူ ကျန်းခေါ့ကို ပြောနေကျအတိုင်း “ကျေးဇူးပါရှောင်ကောကော” လို့ပြောပြီး အတန်းသွားတက်တော့တယ်။

ယဲ့ဟွိုင်ရဲ့ တက္ကသိုလ်ထဲမှာ စွန့်ပစ်ထားတဲ့ လှေကားခွင်ရှိတယ်။ ဘယ်သူမှ အဲ့ဒီ့နေရာကနေ ဖြတ်မသွားပေမယ့် ကျောင်းကတော့ သန့်ရှင်းရေးလုပ်ဖို့ လူတွေလွှတ်တုန်းပဲ။ ဘာကြောင့်ဆို အဲ့ဒီနေရာမှာ စောင့်ကြပ်တဲ့သူမရှိတော့ ယောင်္ကျားလေးတွေက အတန်းပြီးတာနဲ့ ဒီမှာလာပြီး ဆေးလိပ်လာသောက်ကြလို့လေ။

ယဲ့ဟွိုင်နဲ့ သူ့ရဲ့ အတန်းထဲက အတန်းဖော်နှစ်ယောက်က အဲ့ဒီကို သွားပြီး သန့်ရှင်းရေးလုပ်ကြရတယ်။ အတန်းဖော်တွေကတော့ ရောက်တာနဲ့ ဆေးလိပ်မီးညှိပြီး အလောသုံးဆယ်လုပ်စရာမလိုတဲ့အတွက် သူတို့ နောက်မှသာ သန့်ရှင်းရေးလုပ်မယ်လို့ ပြောလာတယ်။ ယဲ့ဟွိုင်က ဆေးလိပ်မသောက်ချင်ဘူး၊ အဲ့ဒါနဲ့ သူလည်း အပေါ်ထပ်မှာ သန့်ရှင်းရေးသွားလုပ်ဖို့ လုပ်လိုက်တယ်။ အဲ့ဒီ့အချိန်မှာပဲ သူ လက်တွေ့စမ်းသပ်ဆောင်ကနေထွက်လာကြတဲ့ တခြားမေဂျာက ကျောင်းသားတွေနဲ့ တိုးတော့တယ်။

သူက အပေါ်ထပ်ကို တက်ဖို့အတွက် အဲ့ဒီ့ကျောင်းသားတွေအကုန် ဆင်းလာပြီးတဲ့အထိ စောင့်နေဖို့ စဉ်းစားလိုက်တယ်။ အကုန်လုံးနီးပါး ဆင်းသွားတာနဲ့ သူ လှေကားပေါ်စတက်လိုက်တယ်၊ အဲ့ဒီ့အချိန်မှာပဲ လှေကားပေါ်က ဆင်းလာတဲ့အဖွဲ့ထဲက နောက်ဆုံးကလူက လမ်းလျှောက်နေရင်း သူ့ဘေးမှာ ရပ်လိုက်ပြီး သူနားရွက်ဆီကို ဖြည်းဖြည်းချင်းကိုင်းချလိုက်တယ်။ ယဲ့ဟွိုင်က လန့်ဖျပ်သွားပြီး အဲ့ဒီလူက ပြောလာတယ် “လိမ္မော်သီးနံ့တော့ မဟုတ်ဘူးပဲ”

ယဲ့ဟွိုင်က နားမလည်လိုက်ဘူး။

“ကျန်းခေါ့! မင်း ဘာလုပ်နေတာလဲ? အဲ့ဒီမှာ ဘာလို့ ပိတ်နေတာလဲ?”

ယဲ့ဟွိုင်က ရုတ်တရက် ခေါင်းကို မော့ကြည့်လိုက်ပြီး တစ်ချိန်ထဲမှာပဲ သူ့အရှေ့က လူကို ကြည့်ဖို့ နောက်ကို ခြေနှစ်လှမ်းလောက်ဆုတ်လိုက်တယ်။

ကျန်းခေါ့က သူ့လက်တွေကို အိတ်ကပ်ထဲထည့်ထားပြီး သူ့မျက်နှာက တည်တန့်နေတယ်။ သူ့အခန်းဖော်က သူ့ကို ခေါ်လိုက်တဲ့အခါ သူကပြန်ဖြေလိုက်ပြီး ယဲ့ဟွိုင်ကို ပြန်ကြည့်လာကာ “မင်္ဂလာနံနက်ခင်းပါ”

ဘောပဲ၊ ယဲ့ဟွိုင် သူ့ရဲ့ ဦးရေပြားတွေ ပေါက်ကွဲထွက်သွားပြီလို့ကို ခံစားလိုက်ရတယ်။

ယဲ့ဟွိုင် : “မင်းရဲ့ အတန်းဖော်ခေါ်နေတယ်လေ”

ကျန်းခေါ့က “အင်း”လို့ပြောလိုက်ပေမယ့် တုတ်တုတ်မလှုပ်ဘူး။ ယဲ့ဟွိုင်က ‘ရန်သူဘက်ကမလှုပ်ရင် ငါလည်း မလှုပ်ဘူး’ဆိုပြီး သတိတွေဘာတွေထားမနေဘူး။ သူ အချိန်ကောင်းကို ကြုံတာနဲ့ လှေကားပေါ်ကို ခုန်တက်သွားတော့တယ်။ ကျန်းခေါ့က လှေကားနှစ်ဆင့်လောက်ကို တစ်ခါထဲခုန်ကျော်ပြီး ထွက်ပြေးသွားတဲ့ ယဲ့ဟွိုင်ရဲ့အနောက်ကို မလိုက်ပါဘဲ ကြည့်နေလိုက်တယ်။ သူ့အခန်းဖော်က သူ့ကို ထပ်ခေါ်လာတဲ့ အချိန်ရောက်မှသာ သူက ခေါင်းကို ငုံ့ပြီး လှေကားကနေ ဆင်းသွားတော့တယ်။

ယဲ့ဟွိုင်ရဲ့ ခန္ဓာကိုယ်က လိမ္မော်သီးနံ့မရပေမယ့် အလွန်ကောင်းမွန်တဲ့ ချိုမြမြအနံ့လေးရနေတယ်။ သူ ဘယ်ရေချိုးဆပ်ပြာကိုများ သုံးထားတာပါလိမ့်? ကျန်းခေါ့က လမ်းလျှောက်နေရင်းနဲ့ အပေါ်ထပ်ကို ထပ်ကြည့်လိုက်တယ်။ လှေကားမှာ ဘယ်သူမှမရှိတော့ဘူး။ သူ ယဲ့ဟွိုင်ရဲ့ ကြောက်နေတဲ့ရုပ်လေးနဲ့ နှုတ်ခမ်းကိုတင်းတင်းဖိထားတာလေးကို တွေးလိုက်မိတယ်။

ယဲ့ဟွိုင်က လှေကားထိပ်မှာရပ်ပြီး သူ့ကို ဂရုထဲထည့်ပေးလိုက်တဲ့ ကောင်မလေးကိုစာပို့လိုက်တော့တယ်။ နည်းနည်းပါးပါး စကားပြောပြီးသွားတော့ သူ စိတ်တည်ငြိမ်သွားပြီ။

ဘယ်လိုတောင် တိုက်ဆိုင်ရတာလဲ? ကျန်းခေါ့က ကျန်းယိနင်းရဲ့ ဝမ်းကွဲအကိုတဲ့ ပြေးမလွတ်တော့ဘူး။ ယဲ့ဟွိုင်က သူ့ရဲ့ လိင်စိတ်တိမ်းညွှန့်မှုကို တမင်ဖုံးကွယ်ဖို့ ရည်ရွယ်ချက်မရှိဘူး၊ မဟုတ်ရင် ကျန်းယိနင်းက သူဂေးနေမှန်း သိမှာတောင်မဟုတ်ဘူး။

ဒါပေမယ့်… ယဲ့ဟွိုင်က သူ့ဖုန်းကိုပြန်ဖွင့်လိုက်ပြီး သူနဲ့ ကျန်းခေါ့ရဲ့ ပြောထားတဲ့ စကားတွေကို ဝင်ကြည့်လိုက်တဲ့အခါ — —

[ကျေးဇူးပါ ရှောင်ကောကော!]

[အရမ်းချစ်တာပဲ]

[ရှောင်ကောကော ရှိနေလား?]

……

စာ လေး၊ငါးကြောင်းလောက် ဖတ်ပြီးသွားတော့ ယဲ့ဟွိုင် သူ့ဖုန်းကို ပြန်ပိတ်လိုက်တယ်။ ခဏကြာတော့ သူဖုန်းကို ထပ်ဖွင့်လိုက်ပြီး ကျန်းခေါ့ရဲ့ WeChat ကို ဖျက်ပစ်လိုက်တော့တယ်။ ဖျက်နေတဲ့ အချိန်မှာ ယဲ့ဟွိုင်က တိုးတိုး တိုးတိုးနဲ့ “ကျန်းခေါ့ ရှောင်ကောကော၊ ငါတို့ တစ်ယောက်နဲ့ တစ်ယောက် ဘယ်တော့မှ ထပ်မတွေ့ကြရအောင်”

သူ ဒီမနက်က ပို့ပေးလိုက်တဲ့ ဗီဒီယိုကို မသိမ်းလိုက်ရတာ နှမြောပေမယ့်လည်း အနည်းဆုံးတော့ သူ့မှာ အရင်ကပို့ထားတဲ့ ဗီဒီယိုတွေ အကုန်လုံးကို သိမ်းထားတာရှိသေးတယ်လေ။ ယဲ့ဟွိုင်က အရင်းအမြစ်ဂရုထဲကနေပါ ထွက်ပစ်လိုက်ပြီး သူ့စိတ်ကိုပြောင်း ဘဝသစ်စဖို့ ဆုံးဖြတ်လိုက်တော့တယ်။

အကျိုးဆက်ကတော့ အဲ့ဒီ့ နေ့လည်ခင်းမှာပဲ ကျန်းခေါ့က သူ့တို့အတန်းရဲ့ တံခါးမှာ သူ့ကို ပိတ်ထားပြီး WeChat မှာ ပြန်အပ်ခိုင်းတော့တယ်။

“မင်း ကိုယ့်ကို ဖျက်လိုက်တယ်” ကျန်းခေါ့က သူ့ရဲ့ ရှည်လျားလှတဲ့ အရပ်ကြီးနဲ့ တံခါးအပြင်ဘက်မှာ ရပ်နေခဲ့တယ်။

ယဲ့ဟွိုင်က ဘယ်လိုအပေးအယူ လုပ်ရမယ်မှန်းကိုမသိတော့ဘူး “…ဒါဆို ငါ မင်းကို ပြန်အပ်ရမှာလားဟင်?”

ကျန်းခေါ့ : “အင်း”

ယဲ့ဟွိုင် သူ့ရဲ့ ဖုန်းကို တစ်နေ့လည်လုံး ဖွင့်တောင်မကြည့်ရဲခဲ့ဘူး။ သူ အိမ်လည်းပြန်ရောက်ရော သူ့ရဲ့ဖုန်းက ဝိုင်ဖိုင်နဲ့ အော်တိုချိတ်ဆက်သွားပြီး WeChat ကနေ တစ်ခါတည်းနဲ့ သုံးကြိမ်လောက် တုန်ခါသွားတော့တယ်။

ကျန်းခေါ့ : [ချန်ဇစ်]

ကျန်းခေါ့ : [ချန်ဇစ်]

ကျန်းခေါ့ : [ချန်ဇစ် QAQ]

ယဲ့ဟွိုင် အသက်ရှူတောင်မှားသွားပြီး စာပြန်ရိုက်လိုက်တယ် : [ကော၊ ငါ မှားသွားပါတယ်၊ ဒီလိုကြီး မလုပ်ပါနဲ့]

ကျန်းခေါ့ : [အင်း o(^▽^)o]

ယဲ့ဟွိုင် : ……

ကျန်းခေါ့ : [မင်းကိုယ့်ကို လျစ်လျူရှုတယ်]

ယဲ့ဟွိုင်က ချက်ချင်းပြန်ပြောလိုက်တယ် : [တောင်းပန်ပါတယ်၊ ငါမှားသွားခဲ့ပါတယ်]
အဲ့ဒီ့နောက် သူမေးလိုက်တယ် :[ကော မင်း ငါက ယောင်္ကျားလေးဆိုတာကို အစတည်းက သိနေခဲ့တာလား?]

ကျန်းခေါ့ : [အင်း]

ယဲ့ဟွိုင် ကုတင်ပေါ်ကို လဲကျသွားတယ်။ ဘယ်လိုဖြစ်ဖြစ် ဒီလိုပဲဖြစ်လာမယ့်ဟာကို သူထင်ပြီးသားပဲလေ၊ အဲ့ဒါနဲ့ သူ ပြောလိုက်တယ် : [ကော၊ မနက်တုန်းက ပို့ပေးတဲ့ ဗီဒီယိုလေးကို ပြန်ပို့ပေးလို့မရဘူးလားဟင်၊ မသိမ်းလိုက်ရလို့]

ကျန်းခေါ့က ပြန်ပို့ပေးလိုက်ပြီး ယဲ့ဟွိုင်က ရရှိကြောင်းကို ပြန်ပြောလိုက်တယ်။

နောက်တစ်နေ့ နံနက်ခင်းမှာ ယဲ့ဟွိုင်က ကျန်းခေါ့နဲ့ ကန်တင်းမှာ တွေ့လိုက်ရတဲ့အခါ သူတို့နှစ်ယောက်က ကျောင်းထဲမှာ ခဏခဏတွေ့နေကြဖြစ်နေတာကို ထိတ်လန့်စွာနဲ့ပဲ သဘောပေါက်သွားတော့တယ်။ အရင်က ယဲ့ဟွိုင်က ကျန်းခေါ့က ဘယ်သူမှန်း လုံးဝမသိခဲ့တာဖြစ်ပြီး အခုတော့ သူသိသွားပြီ ပြီးတော့ ကျန်းခေါ့က အရင်းအမြစ်ဘုရင်ကြီးဆိုတာကိုလည်း သူ သိထားသေးတယ်။

ကျန်းခေါ့က သူ့အခန်းဖော်နဲ့ လာတာဖြစ်ပြီးတော့ ယဲ့ဟွိုင်ကတော့ တစ်ယောက်ထဲပဲ။ သူ နေရာတစ်နေရာကို ရှာထိုင်လိုက်ပြီး သူ ခေါင်းလည်းမော့လိုက်ရော ကျန်းခေါ့က သူနဲ့ မျက်နှာချင်းဆိုင်မှာ လာထိုင်နေတာကို တွေ့လိုက်ရတော့တယ်။

ယဲ့ဟွိုင်က မေးမြန်းလိုက်တယ် : “အခန်းဖော်နဲ့အတူ သွားမစားဘူးလား?”

ကျန်းခေါ့က သူ့ခေါင်းကို ယမ်းလိုက်ပြီး “မင်းနဲ့စားမှာ”

ဒါက အရင်းအမြစ်တွေဝေမျှပေးတာကနေ ဖြစ်လာတဲ့ ခင်မင်ရင်းနှီးမှုများလား? ယဲ့ဟွိုင်က ထမင်းတွေကို သူ့ပါးစပ်ထဲ ထိုးသိပ်နေရင်း ကျန်းခေါ့ကို ဖျက်ခနဲ ခိုးကြည့်လိုက်တယ်။

ကျန်းခေါ့ : “မင်း ကိုယ့်ကို ကြည့်လိုက်တယ်”

ယဲ့ဟွိုင်က သူ့ခေါင်းကို မြန်မြန်ဆန်ဆန် ငုံ့လိုက်ပြီး : “အဟမ်း……”

“ကြည့်လေ”

နောက်ပိုင်းမှာတော့ ယဲ့ဟွိုင်က စားနေတဲ့ တစ်လျှောက်လုံး သူ့ ခေါင်းကို ဖွက်ထားတော့တယ်။ ကျန်းခေါ့က သူ့ထက် မြန်မြန်စားပြီးသွားတယ်။ စားပြီးသွားတာနဲ့ ကျန်းခေါ့က ယဲ့ဟွိုင်ရဲ့ မျက်နှာချင်းဆိုင်မှာ တိတ်တိတ်လေး ထိုင်စောင့်နေတယ်။

နှစ်ယောက်သားက အဆောက်အဦးတစ်ခုထဲမှာ စာသင်ကြရတာမဟုတ်တော့ ကန်တင်းကနေ ထွက်လာတာနဲ့ ကိုယ့်လမ်းကိုယ်သွားကြရတော့တယ်။ သူတို့ ခွဲပြီးသွားကြတာမှ မကြာသေးဘူး ယဲ့ဟွိုင်က ကျန်းခေါ့ဆီကနေ မက်ဆေ့ချ် တစ်စောင်ရလိုက်တယ်။

ကျန်းခေါ့ : [ကိုယ်တို့ မနက်ဖြန် ညစာ အတူတူသွားစားကြမလား? o(^▽^)o]

ယဲ့ဟွိုင်က ကျန်းခေါ့ရဲ့ ခပ်တည်တည် မျက်နှာကြီးကို တွေးမိသွားပြီး ချောင်းဆိုးလိုက်ကာ သူ့လက်ဖမိုးနဲ့ ပါးစပ်ကို အုပ်ပြီး ရယ်တော့တယ်။

ယဲ့ဟွိုင် : [ကောင်းပြီလေ]




နောက်လာမည့်အပိုင်း ခေါင်းစဉ် - “လိမ္မော်အရသာ”


TN Note: မြန်မာဘာသာပြန်က တရုတ်ကနေ တိုက်ရိုက်ပြန်တာကြောင့် E tran နဲ့ အနည်းငယ်ကွဲနိုင်ပါတယ်။
ဖတ်ပေးကြလို့ ကျေးဇူးပါ ~\(≧▽≦)/~

ရှောင်ကောကော ဥလေး လင်းပါဦးWhere stories live. Discover now