အပိုင်း ။ 4 ။

1K 96 7
                                    

အပိုင်း (၄) လိမ္မော်အရသာ

အဲ့ဒီ့နောက်ပိုင်းမှာတော့ နှစ်ယောက်သားရဲ့ ဆက်ဆံရေးက ပြောင်းပြန်လန်သွားတော့တယ်။ ကျန်းခေါ့က Emoji တွေကို ကြိုက်တဲ့သူဖြစ်လာတယ် ဒါပေမယ့် သူက အဲ့ဒီ ရုပ်နှစ်ခုကိုပဲ အပြန်ပြန်အလှန်လှန်သုံးတယ်။

ယဲ့ဟွိုင် : [ညစာထွက်စားကြမလား?]

ကျန်းခေါ့ : [ကောင်းပြီ o(^▽^)o]

ယဲ့ဟွိုင် : [ကော ငါ မြောက်ဘက်ပေါက်မှာ စောင့်နေမယ်နော်]

ကျန်းခေါ့ : [အင်း o(^▽^)o]

ယဲ့ဟွိုင် : [ကော ငါရောက်ဖို့ နည်းနည်းကြာဦးမယ်၊ အရင်ရောက်နေရင် အထဲဝင်နှင့်လိုက်နော်]

ကျန်းခေါ့ : [မင်းကို စောင့်မှာ (/ω\)]

ယဲ့ဟွိုင် : [ကော၊ စကားကို ကောင်းကောင်းပြောလေ]

ကျန်းခေါ့က အသံမက်ဆေ့ချ်ကနေ ပြောလိုက်တယ်: "ကိုယ်မင်းကို တံခါးဝမှာစောင့်နေမယ်"

ယဲ့ဟွိုင် : [စာရိုက်ပြောလဲရရဲ့သားနဲ့။ ကော ဘာလို့ ကောပို့ပေးတဲ့ ပွန်းဗီဒီယိုထဲက လူလိုမျိုး စကားကို အရမ်းထန်နေတဲ့ အသံနဲ့ပြောနေတာလဲ?]

ကျန်းခေါ့က လမ်းလျှောက်နေတာကနေ ရပ်သွားပြီး သူ့ဖုန်းရဲ့ အလင်းရောင်စူးစူးတို့က သူ့မျက်လုံးတို့နဲ့ သူ့ပါးပြင်တစ်ဝက်ကို အလင်းပြန်ဟပ်နေတယ်၊ ကျန်းခေါ့က စာရိုက်လိုက်တယ် : [အင်း o(^▽^)o]

အပိုင်း (၄)

ယဲ့ဟွိုင်က ကျန်းခေါ့ပို့ပေးတဲ့ ဗီဒီယိုကို ကြည့်လိုက်ပြီး ကျန်းခေါ့ပို့ပေးလာတဲ့ အသံမက်ဆေ့ချ်ကို နားထောင်ဖို့ နှိပ်ကြည့်လိုက်တယ်။ သူ ဘယ်နှကြိမ်ပဲ အဲ့ဒါကို နားထောင်နားထောင် ဗီဒီယိုထဲကလူရဲ့အသံက ကျန်းခေါ့နဲ့ အရမ်းတူနေတယ်လို့ ခံစားနေရတယ်။

သူက ကျန်းခေါ့ကို အမြဲအိပ်မက်မက်ဖြစ်နေတယ်။ အိပ်မက်ထဲမှာ ကျန်းခေါ့နဲ့ ဗီဒီယိုထဲကလူက တစ်ထပ်တည်းပဲ။ ကျန်းခေါ့က သူ့ရဲ့ နားနားကိုကပ်ပြီး သူ့ရဲ့နာမည်ကို အသံအက်ရှရှနဲ့ ခေါ်တတ်တယ်။ ကျန်းခေါ့က သူ့ရဲ့ နားသီးလေးကို သူ့လျှာနဲ့လျက်လိုက်ပြီး လေပူတွေကို သူ့ရဲ့ လည်တိုင်ကို မှုတ်ထုတ်တတ်ပြန်တယ်...

ရှောင်ကောကော ဥလေး လင်းပါဦးWhere stories live. Discover now