Old Love-5

3.6K 137 7
                                    

အရွယ်လွန်အချစ် 💓
Old Love -5

ဘုန်းကြီး ဆွမ်းကပ် ပြီး မိသားစုလိုက်ဓါတ်ပုံရိုက်ပြီးသည်အထိ ကျွန်မ အိန္ဒြေရရလေး နေနိုင်ပါသေးရဲ့ ..

အမေ့အိမ်ပေါက်၀လည်း ရောက်ရော မျက်ရည်တွေက ဘယ်လောက်ထိန်းထိန်းစကျလာပါပြီ ..

အမေက နားနားကပ် တိုးတိုးလေး ညည်းအဖေ အခန်းထဲမှာ လို့လာပြောတော့ ကတန်းမန်းတန်း အဖေ့အခန်းထဲ၀င်တော့ အဖေက
တိုက်ပုံကလေးချွတ်ပြီ ဘေးနားချ အိပ်ရာကုတင် ဖျားမှာ နံရံကမိသားစုဓါတ်ပုံဖက်ကြည့်လျက်  ငူငူကလေးထိုင် နေပါရော ..

ကျွန်မလည်း အဖေ့ကိုကြည့် ငိုလျက် အဖေ့ ခြေသလုံးနား ဒူးတုပ်ထိုင်လိုက်သည်နှင့် အဖေက

“ငါ့သမီး ခြေကျင်နေပါ့မယ် … လာအဖေ့နား ထိုင် ..”

အဖေက ခေါ်နေတော့ ကျွန်မက သုံးနှစ်သမီးလေးလို အဖေ့ကိုဖက် တဟင့်ဟင့် ငိုမိပါရော ..

အဖေက ကျွန်မခေါင်းကလေးကို ပုတ်ပြီ တဖွဖွ မှာရှာတယ်

"ငါ့သမီးကြီးက အအေးမိလွယ်တယ် .. ဟိုက ရာသီဥတုကအေးတော့နွေးနွေးထွေးထွေးနေ နော် တဲ့ .."

ကျွန်မမှာ ငိုရင် ဟုတ်ကဲ့ အဖေ ဟုတ်ကဲ့ လိုက်ရင် အဖေကိုလည်း ပြန်မှာရသည် …

လက်ဖက်ရည်တွေ  တစ်နေ့ တစ်ခွက် လောက်သာသောက်ဖို့..

နံနက်စာစားပြီးမှ လက်ဖက်ရည်ဆိုင် ထွက်ဖို့ ..

ည‌ကျရင် ဖြည့်စွက်စာ အန်ရူဝါး သောက်ဖို့ ကိုလည်း မမေ့ဖို့ ..

အဖေက ညကျရင် ဗိုက်ဆာတတ်မှန်းကျွန်မသိလို့  သံပုံး မုန့် ဘူးလို့အဖေခေါ်တဲ့ဘီစကွတ်မုန့်ပုံးလည်း မီးဖိုခန်းထဲက ကြောင်အိမ်ထဲထည့်ထားကြောင်း..

ကျွန်မက ဒီလိုတွေ မှာတော့ အဖေက မျက်ရည်တွေဝဲတဲ့ကြားက ပြုံးရှာတယ်..

ကျွန်မကလည်း အဖေ့အပြုံးတွေမြင်မှ  နှပ်တွေညှစ်ချရင် အဖေ့ကို ပြန်ဦးချကန်တော့ရင် နူတ်ဆက်နိုင်သည်..

အဖေ့ကို နူတ်ဆက်ပြီ အမေ့ကို လိုက်ရှာတော့ အမေက လက်ဖွဲ့ ပစ္စည်းတွေကို  ဆိုင်က ကောင်လေးတွေကိုသူ့ကားပေါ်တင်ခိုင်း နေလျက် ..

Old Love ( အရွယ်လွန် အချစ် )Wo Geschichten leben. Entdecke jetzt