Old Love-12

3.4K 148 4
                                    

အရွယ်လွန် အချစ် 💓
Old Love -12

မနက်ဖြန်.. မနက်ဖြန် .. မှ စဉ်စားမယ်လို့ တွေးပြီ ခေါင်းထဲက အရူပ်တွေကို
ကျွန်တော် အချိန်ရွေ့ထားလိုက်ပြီ ခင်ခင်အနားမှာပဲ နေမိသည်..

အမြဲ ညိုမဲအုံးဆိုင်း နေတတ်သည့် ကောင်းကင်ကြီးကတောင်အခုတော့ သူမဟုတ်သလို   နေရောင်ခြည်ကလေး တွေသမ်းလို့ …

ခို တွေ ကျီး တွေက လည်း အုပ်စု လိုက် တောင်ပံ တဖျတ်ဖျတ် နှင့် အစာရှာထွက်ရင် အိမ်ခေါင်မိုးတွေပေါ် နားနေကြသည်မှာ တညံညံ..


ကျွန်တော်ကလည်း ၀ရန်တာ ဖက်မှာ နှစ်ယောက်တွဲ အသားထိုင်ခုံလေးချ
နေရောင်ခြည်နုနု ကလေးအောက်မှာ  ခင်ခင် နှင့် ယှဉ်တွဲ ထိုင်နေသည်..

ပတ်၀န်းကျင်ကို ငေးနေသည်.. ခင်ခင်ကို ကြည့်နေသည်..

ခင်ခင်ကိုကြည့်ရင် ကျွန်တော် မျက်လုံးတွေက အလိုလို တောက်ပလာသည်..
ကျွန်တော် နူတ်ခမ်းတွေ က အလိုလို ကွေးညွတ်လာသည်..

ကျွန်တော့် စိတ်နှလုံးတွေက အလိုလို ခုန်လာသည် …

ခုန်လာသော နှလုံးကို ဖိလျက် ကျွန်တော်က ဘေးနားက ခင်ခင် ပေါင်ပေါ် ခေါင်းမှီ လှဲချလိုက်သည်..

တစ်ပြိုင်နက်တည်းမှာပဲ ခင်ခင့်အသံ ချိုချိုလေး ထွက်ပေါ်လာသည်..

“ဪ …လန့်လိုက်တာ .. ကိုမျိုး ဘယ်လိုဖြစ်နေလဲ .. ဒီမှာ ချည်ထိုးတဲ့ တုတ်တံနဲ့ ခေါင်းထိုးမိတော့မှာပဲ ..”

“ထိုးမိလည်း ဘာမှမဖြစ်ပါဘူးကွာ .. အေးဆေး .. မနာပါဘူး ကိုယ့်မှာ  ဦးထုပ်ပါသားပဲ ..”

ခင်ခင်က ပြုံးလျက် သူမထိုးနေသည့် ချည်လုံးကို ကျွန်တော့်ရင်ဘက်ပေါ်တင်ပြီ  ကျွန်တော့် မျက်နှာကို သေချာစိုက်ကြည့်သည်…

စိုက်ကြည့်ရင်

“ကိုမျိုး..  ချမ်းလည်း မချမ်းဘဲ ..ဦးထုပ်ကြီးလည်း မချွတ်ဘူး ..”

“မချမ်းလည်း မိန်းမ ထိုးပေးတဲ့ သိုးမွေးဦးထုပ်ကလေးနဲ့ စတိုင်မိနေတာပဲကွာ … မချွတ်ပါဘူး..”

ပြန်ဖြေရင်  လက်ထဲက ဖုန်းကင်မရာဖွင့် ခေါင်းပေါ်က

သိုးမွေးဦးထုပ် လိမ္မော် အရောင်ကလေးကို  သူကျေနပ်စွာကိုင်ကြည့်လျက်

“ခင်ခင်က အရောင်ရွေးတာ တော်တယ်ကွာ ..”

“ကိုမျိုး ..သရေ ဂျာကင် လိမ္မော်အရောင်လေး ခဏခဏ ၀တ်တာမြင်ပြီ
ကျွန်မ ရွေးထားတာလေ …”

ခင်ခင်က တော့ သူမ စိတ်ထဲက အမြင်ကို ပြောလိုက်ပင်မယ့် အိုးမလုံသည့်ကျွန်တော်က  ငြိမ်သက်သွားရသည်..

ခဏအကြာမှ သတိ၀င်ပြီ  မာဖလာထိုးနေသည့် ခင်ခင်  နှာခေါင်းလေးကို ဆွဲလိမ်တော့ ခင်ခင်က မျက်စောင်းလေးထိုးသည်..

မျက်စောင်းထိုးသည့် ခင်ခင် ကို မော့ကြည့်ရင် ခင်ခင် လက်တွေကို ဆုပ်ကိုင်တော့

“ကိုမျိုး .. ချည်ထိုး နေတယ်လေ ..”
“မြင်တယ်လေ ..”

“မြင်ရင် ဘာလို့ လက်ကိုကိုင်ထား ..”
“ကိုယ့်မိန်းမ လက်မို့ ကိုင်တာကွာ ..”

“ကိုမျိုး ကလေးကလားနဲ့ ဘာဖြစ် .. ‌အိပ်ချင်ရင် အခန်းထဲသွားအိပ်..

ကိုမျိုး ကြည့်ရတာ အမြင်ကိုမတော်ဘူး ..

ခါးမှာ ၀တ်ထားတာက ပုဆိုး၊ အပေါ်မှာ ၀တ်ထားတာက တီရှပ်အင်္ကျီ ခေါင်းမှာဆောင်းထားတာက သိုးမွေးဦးထုပ်..

ခြေထောက်က ထိုင်ခုံနဲ့မဆန့်တာကြီးကို ဒူးကထောင်ထားသေး..”

ခင်ခင်က ဆူတော့ ကျွန်တော်က ရယ်လျက် ထောင်ထားတဲ့ ခြေထောက်ကိုဆင်း ခင်ခင် ပေါင်ပေါ်ကနေ ထ ခင်ခင်ပုခုံးကိုမှီလိုက်သည်..

ခင်ခင်ပါးကလေးကို နမ်း ပြီ ကျီစယ်တော့ ခင်ခင်က နီရဲသောမျက်နှာကလေးဖြင့် ခေါင်းရှောင် ရင်

“ကိုမျိုး .. ဘယ်လို ဖြစ်နေလဲ ..”
“ကိုမျိုး.. ဘယ်လိုဖြစ်နေလဲ ..”

“ဟော..”
“ဟော..”

“ကိုမျိုး..”
“ကိုမျိုး ..”

သူမစကားနောက်ကနေ လိုက်ပြောပြီ စတော့ သူမလက်ထဲက ချည်ထိုးတံ ကလေးဖြင့် လှမ်းရိုက်သည်…

“အား ..”
“မနာဘဲနဲ့ .. ပဲများနေလိုက်တာ ..”

ခင်ခင်က အပျိုဖြန်းမလေးလို  ချစ်စရာကောင်းအောင် မျက်နှာကလေးမဲ့
ပြီ ပြောတော့ ကျွန်တော်အူယားစွာ ခင်ခင် ခါးကလေးကို တိုးဖက် မိပါသည်..

ခင်ခင်ကတော့  ကျွန်တော့်ကို တံတောင်းနှင့် ပြန် တွတ်ပြီ

“ကိုမျိုး ..”
“ဗျ..”

“သွား..ပဲ ..သွားခွာ သွား ..”
“ဟာကွာ … ခင်ခင်ကရော .. “

“မအားဘူးလေ .. မြင်တဲ့အတိုင်းပဲ ..”
“ဟာကွာ ခင်ခင်ကလည်း … ဇတ်ကြော တက်လိမ့်မယ် .. မထိုးနဲ့တော့ ..”

“ကျွန်မ ဇာတ်ကြောတက်တော့ ကိုမျိုး နှိပ်ပေးလေ ..”

“ခင်ခင် ကလဲကွာ ..”

“ခင်ခင်က မလဲနဲ့  ..ပဲ ခွံသွားခွာ … ပြီရင်  ပဲဟင်းအိုးကပ် ချက်ကျွေးမယ် သွား..”

“ခင်ခင် ရောလိုက်ခဲ့ ကွာ.. “

“မလိုက်တော့ဘူး  ဒီမာဖလာ ပြီးအောင် ထိုးလိုက်အုံးမယ် ..”

“ကိုယ်နဲ့ အတူတူ အောက်ထပ်ဆင်းပြီ .. ခင်ခင်က ချည်ထိုး ကိုယ်က ပဲအခွံခွာမယ်ကွာ  ..”

သူက ကလေးကလား ဂျီကျတော့လည်း ကျွန်မက ကျေနပ်စွာ ဧည့်ခန်းထဲမှာ ချည်ထိုင်ထိုးသည်..

ဒါတောင် သူက မီးဖိုခန်းထဲက အမိူက်ခြင်းယူပြီ ဧည့်ခန်း က ထိုင်ခုံမှာ ကျွန်မ နှင့် မျက်နှာချင်းဆိုင် ပဲ ခွံ ခွာသည်…

ခွာရင် နဲ့ ပဲက ဒီလို အခွံခွာရတာ ဟုတ်ရဲ့လား ခင်ခင် ..

ကိုယ်လုပ်တာ မှန်ရလား ခင်ခင် ..
ဘယ်လိုချက်မှာလဲ ခင်ခင် …

ခင်ခင် ဆိုသည့် နာမည် ကို မမောနိုင်မပန်းနိုင် သူခေါ်နေတာ ကြာတော့ ကျွန်မမှာ နာကြားမြင်းပါကတ်လာသည်..

ဒါ့ကြောင့်  စကားပြောရင် ခင်ခင် လို့ထည့်မခေါ်ပါနဲ့ ဆူတော့

သူက ပြောင်းခေါ်တယ် .. မိန်းမ တဲ့ ..

ကိုမျိုးကို တော့ တကယ်မနိုင်ဘူး .. လူပျိုပေါက်စကလေးသာဆို သူဘယ်လောက် နန့်နန့်လူးနေမလဲ မသိ ..

လူပျိုပေါက် နန့်နန့်လူးဆိုမှ.. ကိုမျိုးလေ အခုတလော အရင်ကနှင့်မတူဘူး..

ခြေငြိမ်ပြီ အိမ်မှာ ကုပ်နေတာ ..
ဆိုင်ကိုလည်း မသွား ..
ကျောက်၀ယ်လည်းမဆင်း.. တစ်နေကုန်အိမ်မှာပဲ နံနက်မိုးလင်းကနေ မိုးချုပ် ..

ဈေးသွားရင် အတူလိုက်ပေး ..ပြန်လာရင် ဟင်းချက်ကူ .. ဆွမ်းအတူလောင်း .. တီဗီအတူထိုင်ကြည့်..

ချည်ထိုးတော့လည်း အနား မှာ တဝဲဝဲလည်လည် နဲ့ သူ့ဖုန်းကိုတောင် ကောင်းကောင်းမကြည့် …

သူထူးတော့ ထူးနေမှန်း ကျွန်မ သတိထားမိပါသည်..

ဒါပင်မယ့်လည်း သူထူးနေကြောင်း သူက မ၀န်ခံချင်တော့လည်း
ကျွန်မလည်း ဇွတ်အတင်း မမေးတော့ပါ ..

ကျွန်မအတွေးနဲ့ ကျွန်မ သူ့ကိုကြည့်ရင် ချည် ဆက်ထိုးနေလိုက်သည်..

ခဏအကြာ သူ ပဲ ခွံခွာပြီလို့  မီးဖိုခန်းထဲ သွားထားနေစဉ် အိမ်ရှေ့က ခေါင်းလောင်းသံကြားလို့ ကျွန်မ ထွက်ကြည့်လိုက်သည်…

@@@

မီးဖိုခန်းထဲကနေ

“မိန်းမ ရေဆေး ထားလိုက်ရမလား ..”
လှမ်းမေးနေတာ  လေး ငါးကြိမ်မြောက်ထိ ခင်ခင်မဖြေလို့  ကျွန်တော် ဧည့်ခန်းဖက် ထွက်ကြည့်လိုက်သည် ..

“ခင်ခင် ..”
ထိတ်လန့်သော အသံဖြင့် ကျွန်တော်ခေါ်မိသည်..

လက်ထဲက ကျွန်တော့် သရေ ဂျာကင် ကို ကိုင်ထားလျက် ခင်ခင်က မက်တပ်‌ရပ်နေသည်..

ကျွန်တော်ကို မြင်တော့ ခင်ခင်က  ဂျာကင်ကို ထိုင်ခုံပေါ် လှမ်းပစ်ပြီ

“၀တ်မူန် လာပေးသွားတာ ..”

ထိုစကားတစ်ခွန်းသာ ပြောပြီ သူမခြေလှမ်းတွေကို လှေကားပေါ် လှမ်းဖို့ ရှေ့ဆက်သည်…

ကျွန်တော်စိုးရိမ်တကြီး ခင်ခင် လက်ကို လှမ်းဆွဲမိသည် ..

ခင်ခင်က ကျွန်တော့် လက်ကို စိမ်းစိမ်းကားကားခါသည်..

ခင်ခင် ခါနေသည့် ကျွန်တော့် လက်တွေက အလျော့မပေးသော ဇွဲဖြင့် မရမက ဆွဲထားသည် ..

ဆွဲထားရင်
“ခင်ခင် .. ကိုယ် ပြောတာ နားထောင်ပေး .. နားထောင် ပေး..

နားထောင် ပေးပါကွာ .. ကျေးဇူးပြုပြီ …”

ကျွန်တော်က စိုးရိမ်ဒေါသ သံဖြင့်  တောင်းဆိုတော့ ခင်ခင်က  စူးစူးဝါးဝါးစိုက်ကြည့်လျက်

“ပြဿနာတွေ ဘူး လို ပေါ်ခါနီးမှ  အကြောင်းပြချက် တွေလာမပေးနဲ့ ..”

“ခင်ခင် ..”
“မခေါ် နဲ့ .. မခေါ်နဲ့ ..”

ပြောရင် သူမက အဆွဲခံထားရသည့် သူမလက်တွေကို ဆောင့်ရုန်းပြီ သူ့ရင်ဘက်ကို ပစ်ထုသည် …

“ထု .. ထု .. ခင်ခင် ကြိုက်သလောက်ထု .. ပါးရိုက်ချင်လည်း ရိုက် ..

နားရင် အုပ်ချင်လည်း အုပ် ..ကိုယ့်ကို ခင်ခင် ကြိုက်သလို လုပ် ..

ကိုယ့်ကို ကြိုက်သလို လုပ်ပြီရင် ခင်ခင်  ကိုယ်ပြောတာကိုတော့ နားထောင်ပေး …”

@@@
တစ်နေ့ မဟုတ် တစ်နေ့ ခင်ခင် သိမယ်ဆိုတာ ကျွန်တော်ကောင်းကောင်းသိပါသည်…

ဒါ့ကြောင့်လည်း  ခင်ခင် သိသွားရင် ငါ ဘာလုပ်မလဲ ဆိုတာ ကျွန်တော့် ခေါင်းထဲမှာ အကြိမ်တစ်ရာမက စဉ်စား ဖူးသည်…

ဘယ်ကနေ စပြောရမလဲဆိုတာကိုတော့  ကျွန်တော့် နေ့ ညရွေ့ပြီ မနက်ဖြန် ..

Old Love ( အရွယ်လွန် အချစ် )Where stories live. Discover now