ယင်မင်ကျန်း ဘာမှထပ်မပြောတော့ပေ။
သူက လဲ့ယိုယွမ်ကို နှင်းခဲဖုံးနေသော အေးစက်သည့် အကြည့်များဖြင့် စိုက်ကြည့်ကာ ကားရှေ့ဖုံးပေါ်တွင် ဖိအားအနည်းငယ် တိုးလာခဲ့သည်။ အခုချိန်တွင်တော့ တန်ဖိုးကြီးတဲ့ ကားလေးတစ်စီးဟာ ကားရှေ့ဖုံးတွင် အရည်ဖျော်ခံရသဖြင့် ဖြစ်လာသော အပေါက်အကြီးကြီး လူတိုင်းမြင်ကြရမှာပဲဖြစ်သည်။
လဲ့ယိုယွမ်သည် ထိုတွင်းကို စိုက်ကြည့်ရင်း ထိတ်လန့်စွာ တံတွေးမျိုချလိုက်သည်။
ဒါက ခြိမ်းခြောက်တာ!
ဒါက ခြိမ်းခြောက်တာပဲဖြစ်ရမယ်!
ယင်မင်ကျန်း ခြိမ်းခြောက်တာကို သူကကြောက်မှာတဲ့လား?
သူက မောက်မောက်မာမာဖြင့် မေးစေ့ကို မြင့်မြင့်မြှောက်လိုက်ပြီး "ရှီချင်လေးအပေါ် ငါ့ရဲ့ခံစားချက်က စစ်မှန်တယ်။ အဲ့တာကြောင့် ငါသူ့ကိုလိုက်တာကို မင်းဘာမှလာပြီး ပိတ်ပင်တားဆီးတာ လုပ်လို့မရဘူး"
'လိုက်သည်' ဟူသော စကားလုံးသည် ငရဲတံခါးကို ဖွင့်လိုက်ပုံရသည်။ ထိုလူ၏မျက်နှာသည် ရုတ်တရက် မကောင်းဆိုးဝါးဆန်သွားခဲ့သည်။ သူ့ထံမှ တစ်စုံတစ်ရာ လှုပ်ရှားမှုမရှိပေမယ့် နောက်ထပ် ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာခဲ့ပြန်သည်။
ကားရှေ့ခန်းကတော့ လုံးဝကိုအငွေ့ပျံသွားပါပြီ။
ရှီချင်းမှာ သူ့ထိုင်ခုံခါးပတ်ကို ပတ်ထားသောကြောင့် ပိုအဆင်ပြေသွားခဲ့သည်။ သူကကားနဲ့ရှေ့ကို စောင်းကျသွားပေမယ့် သူ့တင်ပါးက ထိုင်ခုံပေါ်မှာ မြဲမြံနေပါသေးတယ်။
လဲ့ယိုယွမ်ကတော့ ထိုသို့မဟုတ်ပေ။
သူသည် ဘဝကို ခပ်မိုက်မိုက် ဖြတ်သန်းနေသောကြောင့် ထိုင်ခုံခါးပတ်ကို အဘယ်ကြောင့် ဝတ်ဆင်ပါမည်နည်း။ ကား၏ ရှေ့အစိတ်အပိုင်း ပျောက်သွားသဖြင့် မြေပြင်ပေါ်သို့ ငိုက်ဆိုက်ထိုးလဲကျသွားခဲ့သည်။ သူ့လက်ထဲမှာတော့ စတီယာရင်ဘီးကို ကိုင်ထားဆဲပါ။
လဲ့ယိုယွမ်သည် မထနိုင်မီ စတီယာရင်ဘီးကို ကိုင်ထားရင်း အကြိမ်ပေါင်းများစွာ လဲကျခဲ့သည်။ အနက်ရောင်လေကာအင်္ကျီဝတ်ထားသည့် အမျိုးသားသည် ထိုင်ခုံရှေ့သို့ လျှောက်သွားကာ လူငယ်လေး၏ထိုင်ခုံခါးပတ်ကို သော့ဖွင့်လိုက်သည်ကို သူမြင်လိုက်ရသည်။ ထိုသို့လုပ်လိုက်သဖြင့် လူငယ်လေးမှာ သူ့ရင်ခွင်ထဲသို့ ပြုတ်ကျသွားခဲ့သည်။
ŞİMDİ OKUDUĞUN
ကျွန်တော်ကလူကောင်းလေးဆိုတာကိုတစ်ကမ္ဘာလုံးကသိတယ်။
Bilim KurguAuthor(s) - Tang Wei Shuai 糖尾帅 Mm translator - Dora_lucy Total chapter - 176 Chapters + 1 Extra Start date - 18.10.2023 I don't own this novel. Credit to all Author and Translator.