3001 ခုနှစ်တွင် သမ္မတယင်မင်ကျန်းသည် အငြိမ်းစားယူခဲ့သည်။
3130 တွင် အင်းဆက်များကျူးကျော်ပြီးနောက် ပထမဆုံးနိုင်ငံတော်အကြီးအကဲဖြစ်လာခဲ့သော ယင်မင်ကျန်းသည် စက်ယန္တရားမျိုးနွယ်တော်ဝင်မိသားစုမှ သူ၏ချစ်ရသူ ရှီချင်းနှင့် နောက်ဆုံးထွက်သက်အား ရှုထုတ်ခဲ့သည်။
သူတို့ဆန္ဒအရ အတူတကွ မီးသဂြိုလ်ခဲ့ပါသည်။ ရှီချင်း၏စက်ပိုင်းဆိုင်ရာနှလုံးကြောင့် အနည်းငယ်ခက်ခဲခဲ့သော်လည်း ကံကောင်းထောက်မစွာပင် အစွမ်းထက်ဆုံးမီးစွမ်းရည်အသုံးပြုသူ လဲ့ယိုယွမ်သည် ထိုတာဝန်ကို အပြီးသတ်ပေးနိုင်ခဲ့သည်။
ပုံနှိပ်စာအုပ်များသည် ကမ္ဘာ၏အမှောင်မိုက်ဆုံးအချိန်၌ အကူအညီပေးခဲ့သော ငြိမ်းချမ်းရေးထိန်းသိမ်းသူများအဖြစ် စက်ယန္တရားမျိုးနွယ်ကို ထာဝရမှတ်တမ်းတင်ထားခဲ့သည်။ သူတို့၏ စက်ယန္တရားဘုရင်သည် ပထမဆုံးသမ္မတကို ချစ်မြတ်နိုးခဲ့ပြီး ကမ္ဘာမြေပေါ်တွင် ယနေ့တိုင်အောင် နေခဲ့ကြောင်းကိုလည်း ရေးသားထားခဲ့သည်။
သူ့ဘဝတစ်လျှောက်လုံး၏ ပထမဆုံးအချစ်ကို ယူဆောင်ခြင်းခံရကာ ယင်မင်ကျန်း၏ ခြောက်လှန့်ခြင်းကို ခံခဲ့ရသော အဘိုအိုလဲ့ယိုယွမ်သည် သူ၏အချစ်ဦးနှင့် သူ၏ပြိုင်ဘက်ကို မီးသဂြိုလ်ပေးပြီးနောက် လဲကျသွားခဲ့သည်။ အရေးအကြောင်းများဖြင့် ပြည့်နှက်နေသော မျက်နှာဖြင့် ယင်မင်ကျန်းအား အုတ်ဂူထဲဝင်သွားတာတောင် သူအားပြဿနာပေးခဲ့သည်ဟု ကျိန်ဆဲလိုက်ပါသေးသည်။ ဒီကိစ္စဟာလည်း စာအုပ်ထဲ ထည့်သွင်းအရေးခံခဲ့ရပါတယ်။
အလွန်ဝေးကွာသည့် စက်ယန္တရားဂြိုလ်မှ မိခင်သစ်ပင်သည် ရှီချင်း ထွက်ခွာသွားသည်ကို ခံစားမိပြီး မကြာခင်မှာပင် ဘဝသစ်တစ်ခုကို ဖန်တီးခဲ့ပါတယ်။
စက်ယန္တရားဘုရင်အသစ်သည် မှတ်ဉာဏ်အမွေကိုလက်ခံရန် မျက်စိမှိတ်ထားကာ သစ်ပင်အောက်တွင် လဲလျောင်းလိုက်သည်။
သူသည် စက်ယန္တရားမျိုးနွယ်ဝင်ဖြစ်သည်။
ဘုရင်လည်းဖြစ်သည်။
စက်ယန္တရားမျိုးနွယ်သည် ငြိမ်းချမ်းရေးကိုသာ ဦးတည်သော မျိုးနွယ်ပဲဖြစ်သည်။
DU LIEST GERADE
ကျွန်တော်ကလူကောင်းလေးဆိုတာကိုတစ်ကမ္ဘာလုံးကသိတယ်။
Science FictionAuthor(s) - Tang Wei Shuai 糖尾帅 Mm translator - Dora_lucy Total chapter - 176 Chapters + 1 Extra Start date - 18.10.2023 I don't own this novel. Credit to all Author and Translator.