🔥အပိုင်း ၁ - ထူးဆန်းသောနန်းဆောင်

19.5K 113 1
                                    

မှောင်မိုက်အေးစက်သော တောင်များ ဝင်္ကပါနှယ် ရှိနေသည့် နယ်မြေကြီး၏ အလယ် နတ်ဘုံနတ်နန်းသဖွယ် လှပ ခမ်းနားသော နယ်မြေ တစ်ခု ရှိနေလေသည်။

အမျိုးသားများ ဝင်ခွင့်မရှိသော ထိုနယ်မြေတွင် အမျိုးသမီးများသာ ကြီးစိုးကြသည်။

သို့သော် လှပချောမောသော အမျိုးသမီးများ အပြည့်ရှိသည့် ထိုကြွယ်ဝသော နယ်မြေကို မသိမ်းပိုက်လိုသော ယောကျာ်းသား အဘယ်မှာ ရှိမည်နည်း။

ထို့ကြောင့် ပြင်ပရန်များအား ကာကွယ်နိုင်ရန်နှင့် သတင်းအချက်အလက်များအား စုံစမ်းရန် အိမ်တော်ကြီး တစ်ခုကို ထိုနယ်မြေမှ ခွဲထုတ်လိုက်လေသည်။

အတွေ့အကြုံရှိသော ယောကျာ်းများကို ကိုင်တွယ်နိုင်သည့် အမျိုးသမီးများ အစွမ်းထက် ထူးချွန်သော အမျိုးသမီးများသည် (ရွှေအိပ်မက်)အိမ်တော်နှင့် (ရွှေအိပ်မက်)ကုန်သွယ်ရေးကို ဦးစီးကြသည်။

အပျိုစင်များကမူ သန်းခေါင်ယံ နန်းဆောင်တွင် နေထိုင်၍ သတင်းအချက်အလက်များအား ထိန်းသိမ်းလေသည်။

ထိုအိမ်တော်နှင့် နန်းဆောင်တို့တွင် အုပ်ချုပ်သူ သခင်မများ အသီးသီးရှိကြသည့်အပြင် သခင်မများသည် အတိအလင်း လက်ထပ်ထားသော ချစ်သူများပင်တည်း။

သို့သော် လောဘသားများရန်မှ သန်းခေါင်ယံ နန်းတော်အား ကာကွယ်ရန် လျှို့ဝှက်အဖွဲ့အစည်းတစ်ခုလဲ ရှိပေသည်။ ရုပ်ပြောင်းရုပ်လွှဲ ခန္ဒာကိုယ်အပြောင်းအလဲများ ကျွမ်းကျင်ကာ လူများကို လက်ခုပ်ထဲမှ ရေသဖွယ် ကစားနိုင်သည့် နတ်သခင်များ။

နတ်သခင်များ၏ နာမည်အရင်းကို မည်သူမှ မသိကြပေ။ ၇ယောက်ရှိကြောင်းသာ သိရပြီး သူတို့၏ အစွမ်းအစ ရုပ်သွင်နှင့် နာမည်များကို နန်းဆောင်သခင်မနှင့် အိမ်တော်ငခင်မမှ အပ အခြားသူများ သိခွင့်မရှိချေ။

သန်းခေါင်ယံနန်းတော်နှင့် ဆက်နွယ်သော ရွှေအိပ်မက်အိမ်တော်ကမူ တွေး ထားနိုင်သည်ထက်ပင် နိုင်ငံ့အနှံ့ကို လက်တံရှည်များနှင့် ထိန်းချုပ်ကာ ချယ်လှယ်နိုင်သူများ ဖြစ်လေသည်။ လူများ၏ ပျော့ကွက်ဖြစ်သော ချစ်ခြင်းမေတ္တာကို လှပသော ရုပ်ရည် ဆွဲဆောင်ညှို့ငင်နိုင်စွမ်း မငြင်းပယ်နိုင်သော စကားပရိယာယ်များဖြင့် ယောကျာ်းများ မိန်းမများကို စကပ်အောက်တွင် ဖိထားနိုင်လေသည်။

သန်းခေါင်ယံ နန်းဆောင် (21+) Where stories live. Discover now