အပိုင်း (၅) - ဒွိလိင် တောင်နတ်ဘုရား၏ ကောင်းချီး (1)

11.9K 66 0
                                    

💗 မှောင်တဲ့အပိုင်းတွေချည်း ဖတ်ချင်ရင် အသည်းလေးတွေ ရှိတဲ့နေရာထိ ကျော်ဖတ်နော်။ 💗

warning -  Big d¡ck, Futanari , gay sex, Foot fetish

____
၃လ စစ်ဆေးမှုအား ကျော်ဖြတ်နိုင်သူမှာ လီယွဲ့နှင့် ပိုင်ဟူ အပါအဝင် ၆ယောက်သာ ရှိခဲ့သည်။ အပြင်လောကအကြောင်း သင်ကြားမှုများကို ၁၇နှစ်အထိ သင်ယူပြီးနောက် အသက် ၂၇ နှစ်အထိ ပြင်ပလောကတွင် တာဝန် ထမ်းဆောင် ရသည်။

အသက် ၃၀ မပြည့်ခင် ၃နှစ်တာ ကာလကမူ နတ်သခင်များ ဖြစ်လာရန် အရည်အချင်း စစ်ဆေးမှုများကို ကြမ်းတမ်းစွာ ကျော်ဖြတ်ရန်ပြန်သည်။

အသက် ၃၀ တင်းတင်း ပြည့်ပြီးသည့်နောက် နတ်သခင်များ ဖြစ်လာရန် တောင်နတ်ဘုရား၏ ကောင်းချီး မင်္ဂလာကို ရယူပြီး လိင်ကို စိတ်ကြိုက် ပြောင်းလဲ နိုင်သော အစွမ်းအစ အပြင် အခြားသော စွမ်းရည် အသစ် တစ်မျိုးစီကိုလဲ ရရှိခဲ့ရပြန်သည်။

ထိုသို့ အဆင့်ဆင့်ကျော်ဖြတ် ပြီးချိန်မှသာ သန်းခေါင်ယံနန်းဆောင်နှင့် သူတို့၏ ပတ်သက်မှုများကို နက်ရှိုင်းစွာ နားလည် လာခဲ့ပြီး တောင်နတ်ဘုရားအကြောင်း လျှို့ဝှက်ဇာတ်လမ်းများမှာ အမှန် ဖြစ်သည်ကို သိရှိခဲ့ရလေသည်။ အမှန်တွင်တော့ အစွမ်းများ မရရှိခင် အချိန်တွင် တောင်နတ်ဘုရား၏ စစ်ဆေးမှုကို အရင်ဆုံး ကျော်ဖြတ်ခဲ့ရခြင်း ဖြစ်ကာ တောင်နတ်ဘုရား၏ လူ့ဘဝ ဇာတ်ကြောင်းကို နှလုံးသားနှင့် နားလည် လက်ခံနိုင်မှသာ နတ်သခင်များ ဖြစ်ခွင့် ရခြင်း ဖြစ်ပေသည်။

သန်းခေါင်ယံ နန်းဆောင်သည် လွန်ခဲ့သော နှစ်ပေါင်း တစ်ထောင်ခန့်က မေတ္တာလျှိုမြောင် ဟူသော နာမည်နှင့် တည်ရှိခဲ့ပြီး ဝင်္ကပါများလဲ မရှိသေးဘဲ သွားလားရန် ခက်ခဲသော နေရာ တစ်ခု ဖြစ်ခဲ့သည်။

နန်းတော်ပျက်ကြီး တစ်ခုသာ ထိုနေရာတွင် ရှိခဲ့ပြီး တောတောင်ထဲ၌ ထူးဆန်းသားရဲများ ပေါလှသည့် အတွက် လူသူ အရောက် နည်းကာ အင်မတန် ခေါင်သော နေရာဟု သတ်မှတ်လို့ ရနိုင်လေသည်။

တောင်နတ်ဘုရားဟု လက်ရှိ အချိန်တွင် ခေါ်တွင်ကြသည့် ယိချင်း သည် ကလေးဘဝကပင် ထူးဆန်းသော အစွမ်းများစွာ ပိုင်ဆိုင်ထားသည့် အတွက် မိဘများက သူ့အား တောင်ထဲတွင် တိတ်တဆိတ်မွေးမြူကာ မသမာသူများ လက်ထဲ မရောက်စေရန် ကာကွယ်ခဲ့ကြသည်။

သန်းခေါင်ယံ နန်းဆောင် (21+) Where stories live. Discover now