Chapter 28

404 26 0
                                    

Please Click😊
အရှေ့မှာရှိတဲ့ ရွှေနွယ်ရောင်ဆံနွယ်ပိုင်ရှင်
ကောင်မလေးကြောင့် လေထုကြီးကတိတ်ဆိတ်နေလေရဲ့။

သူမဟာ နတ်သားသဖွယ်
ရှုမောဖို့ကောင်းလွန်းလှတဲ့ ပင်လယ်ပြာ
မျက်ဝန်းပိုင်ရှင်ရဲ့ အနီးကပ်ဆုံးနေရာမှာ....။

သူမရဲ့ မျက်လုံးတို့မှာလည်း
ကြည်ပြာလဲ့နေ၍ မီးရောင်ဖျော့ဖျော့လေးက
သူမရဲ့ အလှတရားကို မိန်းမောဖွယ်
တောက်ပအောင်လုပ်ဆောင်နေလေသည်။

ထိုနတ်သမီးလေးကို အမြဲတမ်းအေးစက်တဲ့
အငွေ့တွေပဲ ထုတ်လွှင့်တတ်တဲ့နတ်ဘုရား
ဖန်တီးထားတဲ့ လှပချောမောတဲ့
ကြွေရုပ်လေးက စွဲမက်ဖွယ်အပြုံးတစ်ပွင့် ပြုံးပြလိုက်သည်။

အဲ့ဒီအပြုံးက ခိုင်တစ်ခါသာ ခက်ခက်ခဲခဲမြင်ဖူးချင်းပင်။

ဒါပေမယ့် ထိုလှပတဲ့ကောင်မလေးရှေ့မှာတော့ သူဟာ.......

''Back off ,Leonia So Jran''

သူပြောလိုက်တာနဲ့ သူမရဲ့ခန္ဓာကိုယ်ကို အကွာအဝေးတစ်ခုမှာ ခွာလိုက်သည်။

ပြီးတော့ Leonia က သူမနောက်မှာ
ကျောက်ရုပ်လိုမျိုး အခြေအနေကို
မခန့်မှန်းတတ်ဖြစ်နေတဲ့ကောင်မလေးကို
တစ်ချက်လှည့်ကြည့်ကာ ပြုံးပြလိုက်သည်။

''အသည်းလေး မင်းရဲ့ လူဆိုးလေးကို ခနခေါ်သွားမယ်နော်''

''......''

''ငါခနနေပြန်လာမယ် ဒီမှာစောင့်နေ ။Joseph မင်းသခင်မလေးကို ဒီမှာစောင့်ကြည့်နေ''

''ဟုတ်ကဲ့ သခင်လေး''

Alex က အခုလိုသာ ယတိတုန်း
ပြောပြီး ထိုမိန်းမလှလေးနဲ့
ထွက်သွားလေရဲ့။ ဒါကိုလည်း သူမကြည့်နေရုံသာ။

သူ့လိုမျိုးနတ်သားက ဒီလိုအလှလေးရှိတာပုံမှန်ပါပဲ။ဆန်းတာတော့ မဟုတ်။

ခိုင့်လိုမျိုး သာမန်သူကို ဘေးနားမှာထားတာကမှ ဆန်းကြယ်နေတာပင်။

ဒါကအမှန်တကယ်ပဲ ခိုင့်ကိုဟန်ပြလက်ထပ်ထားတာပဲလေ။ ကြည့်ရတာ သူမတို့မိသားစုက
သူတို့နှစ်ယောက်ကို သဘောမတူလို့ပဲ
Alex တွေးမိတွေးရာ လုပ်လိုက်တာလား။

Dear my foreigner husband (ချစ်ရပါသောပင်လယ်ရောင်မျက်လုံးပိုင်ရှင်လေး)Hikayelerin yaşadığı yer. Şimdi keşfedin