Chapter 29

500 27 0
                                    

Please Vote and comment💗💗to make me Happy😚

Wiscreh Mansion,Italy,

''သခင်လေး Albert ! သတိထားပါဦး!''

''သခင်လေး Albert သစ္စာဖောက်တစ်ယောက်သတ်ပြီးတာတောင် စိတ်လွတ်နေတုန်းပဲ!''

''သခင်လေး Albert နားမသွားနဲ့ သတိထားကြ!''

''အစေခံတစ်ယောက်ကို သတ်လိုက်ပြီ!''

စံအိမ်ကြီးတစ်ခုလုံးမှာ Albert ဆိုသောသခင်လေးကြောင့် ကြောက်လန့်ဆူညံနေလျက်။

Albert ဆိုသောမိစ္ဆာဆိုးကြီးသွေးဆာနေလျှင်ထိန်းချုပ်၍ ဘယ်သူမှမရ။

သစ္စာဖောက်တွေ၊ခွေးကောင်တွေကိုပဲအများဆုံး သတ်တဲ့သူဟာ ယခုမှာတော့အိမ်တော်တွင်းကသူတွေကို အထိန်းအကွပ်မရှိလိုက်သတ်နေလေပြီ။

သူ၏မူးရစ်ဖွယ်မျက်နှာလေးက သွေးတို့အပြည့်နှင့်။ နက်မှောင်လှသော ဆံနွယ်တို့မှာလည်း သွေးရောင်တို့ဖြင့် တောက်ပနေတယ်။

ထိုသူရဲ့မျက်နှာမှာ အရူးတစ်ယောက်လို
ပြုံးနေပြီး သွေးဆာနေသောမျက်နှာမှာ
မျက်ရည်တို့ဖြင့်။
သူ၏ နှုတ်ခမ်းပါးလေးမှ
အရူးတစ်ယောက်လိုမျိုး စကားများ
တတွတ်တွတ်ဆိုလျက် တိတ်ဆိတ်နေသော
လျှောက်လမ်းကို သွေးစက်တို့ဖြင့်
လမ်းခင်းနေလေသည်။

''Marie~~~~Marie~~~~~မင်းကိုယ့်စီက ထွက်ပြေးတယ်~~~မင်းဘယ်မှာပုန်းနေလဲ~~~~~ဘယ်သူမင်းကိုဖွက်ထားတယ်~~~~~ငါ့စီကနေဘယ်သူလုရဲတယ်!ဟား!ဟားဟား!ဟား ဟား!''

လက်ထဲမှာကိုယ်ထားတဲ့ ခေါင်းပြတ်တစ်ခုကိုဘယ်ညာရမ်းကာ ညင်သာစွာ ကခုန်နေလျက်။

ဒါပေမယ့်မျက်ရည်တို့ကတော့ ကျဆင်းနေစဲ။

လျှေက်လမ်းမှာဆက်လက်လျှောက်နေရင်း ခြေခေါက်ကာလဲကျနေသော အစေခံတစ်ယောက်အားတွေ့လေ၏။

ထိုတစ်ယောက်မှာငိုယိုလျက် သူ၏အသက်အတွက်တောင်းပန်နေလေသည်။

သို့သော်ထိုသွေးဆာနေသောသူမှာ..

''မင်းလား။ မင်း Marie ကိုငါ့ဆီက ခေါ်သွားတာလား? မင်းက Marie နားမှာကပ်နေတဲ့ အဆင့်အတန်းမရှိတဲ့ပိုးဟပ်မဟုတ်လား''

Dear my foreigner husband (ချစ်ရပါသောပင်လယ်ရောင်မျက်လုံးပိုင်ရှင်လေး)Where stories live. Discover now