AOBဆိုတာဘာလဲ?

41 4 0
                                    

ပထမဆုံးအနေနဲ့ AOBဆိုတာလေးကို အရင်ရှင်းပြပေးပါမယ် နောက်ထပ်အသေးစိတ်ကျတာတွေကတော့ နောက်ထပ်'ထပ်ပီးတင်ပေးပါ့မယ်

=======
AOBဆိုတာလေးက Alpha,Omega,Beta ဆိုတာလေးကို အစ'စာလုံးလေးတွေယူပြီး verseတစ်ခုရဲ့ အမည်နာမအနေနဲ့ ခေါင်းစဉ်တပ်လိုက်တဲ့သဘောပါ ပြောရရင် အတိုကောက်စကားစုတစ်ခုပေါ့။
အဲ့ဒီလိုပဲAOBဆိုတာဟာလဲ Alpha,Omega,Beta ဆိုတဲ့မျိုးနွယ်စု3ခုနဲ့ဖွဲ့စည်းထားတာပါ။

ဒါပေမဲ့ "AOB verse"ကိုပဲ "Omegaverse"ဆိုပြီး ခေါ်ကြပါသေးတယ်။
Omegaverseဟာလဲ AOBနဲ့မခြားပါဘူးနော်
အခေါ်အဝေါ်လေးပဲကွာတာပါ။
တချို့အာသာတွေ ရီဒါတွေကAOBလို့ခေါ်ပြီး…တချို့တွေကျတော့ Omegaverseလို့ခေါ်ကြပါတယ်။

ပြီးတော့ ဒီuniverseလေးက စာရေးသူတွေဖန်တီးထားတဲ့ စိတ်ကူးယဉ်verseလေးတစ်ခုသက်သက်ပါ။
အပြင်မှာတကယ်မရှိပါဘူးနော်။
တချို့တွေကတော့ တကယ်ရှိတယ်လို့
ယုံကြပါတယ်။
ဗန်'ဆိုလဲ AOBလေးတွေဖတ်ပြီးရင် အဲ့ဒီuniverseထဲကို ရောက်သွားချင်စိတ်တွေ
အဲ့ဒီကမ္ဘာထဲမှာ ရှင်သန်ချင်စိတ်လေးတွေဖြစ်လာတတ်တာပါ။
စိတ်ရဲ့တဝက်ကတော့ မရှိနိုင်ဘူးလို့ထင်ပေမယ့်...တခြားတဖက်မှာကျတော့လဲ အဲ့ဒီလို လူမှုနေထိုင်မှုမျိုးဟာ ဗန်'တို့ကမ္ဘာနဲ့မတူနဲ့
"ဂြိုလ်"တစ်ခုအနေနဲ့ တည်ရှိနေမယ်လို့ ယုံကြည်နေပါသေးတယ်။
ဒါကတော့ လူအမျိုးမျိုးရဲ့ယုံကြည်မှုတွေအလိုက် ရှိကြမှာပေါ့နော်။

=======

Pheromones(ဖယ်ရိုမုန်းစ်)-
Pheromonesဆိုတာက သူတို့ရဲ့ လည်ပင်းအနောက်ဘက်ဂုတ်မှာ gland(ဂလင်း)ဆိုတဲ့နေရာလေးရှိပါတယ်…အဲ့ဒီနေရာကနေ သူတို့ရဲ့ကိုယ်ပိုင်အနံ့ကိုထုတ်လွှတ်ကြတာပါ။

=======
MarK(အမှတ်အသားပြုလုပ်ခြင်း)
Markတဲ့အခါမှာလဲ အဲ့ဒီGlandမှာပါပဲ။
Markတယ်ဆိုတာက ကိုယ်တကယ်ချစ်တဲ့ ကိုယ့်ရဲ့Mateဖြစ်စေချင်တဲ့Omega ၊ Alpha ၊ Betaကို အတူနေတဲ့အချိန်မှာ ကိုယ့်ရဲ့အပိုင်အဖြစ်တံဆိပ်ခတ်လိုက်တဲ့သဘောပါ။
Markတယ်ဆိုတာကလဲ Glandကိုကိုက်တာမျိုးမို့ markခံရတဲ့ခံစားချက်ကလဲ အရမ်းကိုမှနာကျင်လွန်းပါတယ်။
ဘာလို့ဆို Omegaအနေနဲ့ဆို ကိုယ့်mate Alphaရဲ့ pheromonesတွေက ကိုယ့်ရဲ့သွေးကြောတွေထဲအထိစီးဝင်စေပြီး Alphaရဲ့ရနံ့တွေနဲ့ လွှမ်းခြုံသွားမှာပါ။

Markမှာမှ ယာယီအမှတ်အသားဆိုတာရှိပါသေးတယ်…ဒါကတော့Alphaအနေနဲ့ heatဝင်နေတဲ့Omegaကတစ်ယောက်ကိုတွေ့တဲ့အခါ ဒါမှမဟုတ်အကြောင်းတစ်ခုခုကြောင့်ပေါ့...အဲ့လိုအခြေအနေမျိုးတွေမှာ တဖက်ကို ကူညီပေးတဲ့အနေနဲ့ ယာယီအမှတ်အသားပေးလိုက်တဲ့သဘောပါ။
ယာယီအမှတ်အသားကလဲ တသက်တာအမှတ်အသားနဲ့လုပ်ဆောင်ပုံခြင်းမကွာပေမဲ့
ယာယီအမှတ်အသားဆိုတဲ့အတိုင်း အမှတ်အသားက အနည်းဆုံး1လ
အများဆုံး2လပဲ ကြာရှည်ခံတာမျိုးပါ။

=======

Rejectedလုပ်ခြင်း-
(ဒီမှာက ဥပမာအနေနဲ့Alpha နဲ့ Omegaကိုပဲသုံးလိုက်ပါမယ်။
တကယ်က အခြားမျိုးနွယ်စုအတွဲတွေလဲရှိကောင်းရှိနိုင်ပါတယ်)

rejectedလုပ်တယ်ဆိုတာက နှစ်ဦးနှစ်ဖက်လုံး အမှတ်အသားပေးပြီးသား Alpha နဲ့ Omegaကြားမှာ မချစ်ကြတော့တာမျိုးပဲဖြစ်ဖြစ် ဒါမှမဟုတ် အခြားအကြောင်းအရင်း အခြေအနေတွေကြောင့်ပဲဖြစ်ဖြစ် ဒီဆက်ဆံရေးကနေရုန်းထွက်ချင်လာရင်…ဒီmateဆိုတဲ့ဆက်ဆံရေးကို ဖျက်ပစ်ချင်တဲ့သဘောပါ။
ကိုယ့်ရဲ့ပါးစပ်ကပဲဖြစ်ဖြစ် စိတ်ထဲကပဲဖြစ်ဖြစ် သူ့ကို rejected လုပ်တယ်လို့ပြောလိုက်တာနဲ့ rejectedလုပ်တာဟာပြီးမြောက်သွားပါပြီ။
ဒီကမ္ဘာမှာဆိုရင် ချစ်သူ/ရည်းစားတွေ လမ်းခွဲကြတဲ့သဘောပါ။
ဒါပေမဲ့ အဲ့ဒီလောက်မလွယ်ကူပါဘူးနော်။

AOBမှာဆိုရင် rejectedလုပ်လိုက်ပြီဆိုတာနဲ့
အဲ့ဒီ Alpha နဲ့ Omegaဟာ အရမ်းကိုမှ သေမတတ်နာကျင်ခံစားကြရပါတယ်။
သူတို့ရဲ့ ခန္ဓာကိုယ်ဟာအချင်းချင်းပေါင်းစပ်ထားပြီး pheromonesရနံ့တွေက သွေးကြောတွေထဲအထိစိမ့်ဝင်စီးဆင်းနေကြတာဖြစ်လို့ rejectedလုပ်တဲ့အခါမှာလဲ သေမတတ်နာကျင်မှုမျိုးကိုခံစားကြရတာပါ။
ဒါပေမဲ့ Alpha နဲ့ Omegaမှာ rejectedလုပ်ခံရတဲ့ လူက ပိုပြီးနာကျင်ကြရတာပါ။

ဒါပေမဲ့လဲ rejectedလုပ်တဲ့mateတွေဆိုတာ 100%မှာ 3% ရှားပါးကြပါတယ်။

=======
Thanks for reading 💗🌷
Vote,comment,RL,Follow,feedback
အားလုံးအတွက် ကျေးဇူးပါဒါ"တို့ရေ။
အမှားပါရင်လဲ ခွင့်လွှတ်ပါနော်

Alpha, Omega,Betaတွေရဲ့ ဖစ်တည်မှုပုံစံတွေကတော့ နောက်တပိုင်းပေါ့နော်။

 AOBverseအကြောင်း ရှင်းပြခြင်းTahanan ng mga kuwento. Tumuklas ngayon