Alpha!!!

33 5 0
                                    

Alpha-!!!

ပထမဆုံးအနေနဲ့Alphaပေါ့နော်။
Alphaဟာ AOB verseထဲမှာတော့ အင်အားအကြီးဆုံးဖြစ်တည်မှုမျိုးပါ။
သူတို့တွေက ရက်စက်တယ်၊ အင်အားကြီးတယ်၊ စိုးမိုးချင်စိတ်ကြီးမားကြတယ် ၊သွေးအေးကြတယ် ၊ပိုင်ဆိုင်လိုစိတ်ပြင်းပြကြတယ်။ ပြောရရင် possessive typeမျိုးပါ။
Alphaတွေထဲမှာ female Alphaဆိုတာတော်တော်ကို ရှားပါတယ်။
100%မှာ 35%လောက်ပါပဲ။

=======
Pheromones-
သူတို့မှာကိုယ်ပိုင် pheromone(ဖယ်ရိုမုန်း)
အနံ့တွေရှိကြပါတယ်။(Pheromonesနဲ့ပက်သတ်ပြီးက အရင်အပိုင်းမှာရှင်းပြထားပါတယ်နော်)
Alphaဖြစ်တဲ့အတွက် အနံ့တွေကအစstrongဖြစ်ကြတာမျိုးပါ။
အနံ့တွေက တမျိုးထဲမဟုတ်ပါဘူးနော်…တယောက်က ဘီယာနံ့မျိုးဖြစ်နိုင်ပြီး တခြားတ‌ယောက်ကလဲ စူးရှရှအနံ့ ၊ သန္တာနံ့ ၊ လာဗန်ဒါ အစသဖြင့်ပေါ့နော်။
ဒါကလဲ စာရေးသူအပေါ်ပဲမူတည်တာပါ…ကိုယ်ဖော်ကြူးတဲ့ ဇာတ်ကောင်ပေါ်မူတည်ပြီး ကိုယ့်စိတ်ကြိုက်ပုံဖော်နိုင်ပါ‌တယ်။

ပြီးတော့ သူတို့ရဲ့ ရနံ့တွေကလဲ သူတို့ရဲ့စိတ်အခြေအနေပေါ်မူတည်ပြီး အမျိုးမျိုးပြောင်းလဲတတ်ကြတာမျိုးပါ။
ပုံမှန်စိတ်ကြည်နေတဲ့အချိန်ဆိုရင် သူတို့ရဲ့ကိုယ်ပိုင်အနံ့လေးတွေက သင်းသင်းလေးထုတ်လွှင့်တတ်ကြပီး…ဒေါသထွက်နေတဲ့အချိန်မျိုးဆိုရင်တော့ သူတို့ရဲ့ကိုယ်ပိုင်အနံ့က အရမ်းကိုမှစူးရှနေပြီး ဘေးနားက လူတွေကိုတောင်မှ ခေါက်ကနဲ လဲကျစေနိုင်တဲ့အထိ ပြင်းကြပါတယ်။

=======
Type-
နောက်ပြီးAlphaမှာမှ အမျိုးအစားတွေကွဲပြားပါသေးတယ်။
ရိုးရိုးAlpha
Dominant Alpha
True Blood Alpha
ဆိုပြီးပါ။

ရိုးရိုးAlphaကတော့ ရိုးရိုးဆိုတဲ့အတိုင်းသာမန်အင်အားပါပဲ။အင်အားကြီးပေမဲ့ Dominant Alphaတွေနဲ့ယှဉ်ရင်ကျ အားနည်းပါတယ်။ပြီးတော့ ထိန်းချုပ်နိုင်စွမ်းလဲ Dominantတွေထက် လျော့နည်းကြပါတယ်။
Dominantနဲ့True Bloodကတော့ ဘယ်လိုကွဲလဲဆိုတာ ဗန်'လဲသေချာမသိပါဘူး။
ဒါမဲ့ True Blood Alphaမျိုးက werewolf ficတွေမှာ ပိုမြင်ရတွေ့ရပါတယ်။
True Bloodဆိုတာက werewolfနဲ့သက်ဆိုင်မယ်ထင်ပါတယ်။
werewolfဆိုတာမျိုးကကျနားလည်အောင်အလွယ်ပြောရရင် လူဖြစ်ပေမဲ့ ဝံပုလွေ/မြေခွေး ပုံစံပြောင်းလို့ရကြတာပါ။

 AOBverseအကြောင်း ရှင်းပြခြင်းOn viuen les histories. Descobreix ara