8

6.6K 353 118
                                    

ရေချိုးခန်းထဲ ဝင်ပြီး ဒဏ်ရာတွေကို မှန်ထဲကြည့်ကာ ဂွမ်းတံလေးဖြင့်ဆေးလိမ်းနေတဲ့ ထယ်ဟျောင်း..မှန်နားကို တိုးလို့ ပခုံးက ဂျောင်ဂုကိုက်ထားတဲ့ ပေါက်ရာကို ဆေးထည့်တော့စပ်လို့မျက်နှာလေးကရှုံ့မဲ့လို့နေသည်..

" ခွေးကိုက်ထားတာ ခွေးကိုက်ထားတာ စပ်လိုက်တာ"

အနောက်ကနေ ရေချိုးခန်းထဲ အပေါ့သွားဖို့ဝင်လာတဲ့ ဂျောင်ဂု..ထယ်ဟျောင်းဆေးလိမ်းရင်းသူကိုကျိမ်ဆဲနေတာကိုကြားတော့..

" အဲ့ခွေးက မင်းယောကျားလေ "

" လန့်လိုက်တာ ဘာလို့ဝင်လာတာလည်း!! "

" သေးပေါက်မလို့ "

တဖက်ကိုလှည့်လို့သေးပေါက်နေတဲ့ ဂျောင်ဂု..
ထယ်ဟျောင်းလည်း သူဆေးထည့်စရာရှိတာသာပြန်ထည့်နေလိုက်သည်..သေးပေါက်ပြီးလို့သူ့နားရောက်လာပြန်တဲ့ ဂျောင်ဂုဟာ မှန်နားကိုယ်လုံးလေးတိုးလို့ဆေးထည့်နေတာက အရှေ့ကဘေစင်ခံနေတာကြောင့် တင်ပါးလေးကအနောက်သို့ကော့ထားသလိုဖြစ်နေတာကို အနားသို့ရောက် လာပြီး တင်းပါးကို သူ့ရဲ့ကြီးမားလှတဲ့လက်ဝါး
ဖြင့်အုပ်ကိုင်ကာညစ်လိုက်သည်..

" အားးးဘာဖြစ်နေတာလည်း!! "

ထယ်ဟျောင်းလည်း ဆေးထည့်နေရင်းသူတင်ပါးကိုအညစ်ခံလိုက်ရတာကြောင့် ဆေးထည့်တန်းလန်း ဂျောင်ဂုကိုလှည့်အော်လိုက်သည်..

" ညစ်ချင်စရာကောင်းနေလို့လေ "

မျက်နှာခြင်းဆိုင် အနေအထားမှာ ထယ်ဟျောင်းက ဂျောင်ဂုကိုမော့ကြည့်ပြီး မျက်မှောက်ကျုတ်ပြကာ ဆေးပြန်ထည့်ဖို့လုပ်တော့ သူ့လက်ထဲကဆေးဘူးနဲ့ဂွမ်းတန်လေးကို ဆွဲယူလိုက်တဲ့ ဂျောင်ဂု..

" ရားးဘာလုပ်တာလည်း "

" ငါလိမ်းပေးမယ် ငြိမ်ငြိမ်နေ "

သူလိမ်းပေးမည်ဟာဆိုကာ ဆေးဘူးထဲကဆေးကိုအနည်းငယ်ထပ်တို့လိုက်ပြီး ပခုံးပေါ်က သူ့ကိုက်ရာကိုဆေးထည့်ပေးနေသည်..ထယ်ဟျောင်းလည်း သေချာထည့်ပေးနေတော့ ခေါင်းလေးစောင်းပေးထားကာ ငြိမ်ငြိမ်လေးနေနေလိုက်ပြီး တချက်တချက်စပ်လို့ ကိုယ်လုံးလေးတွန့်ကာ မျက်နှာလေးမဲ့သွားရင် အစပ်သက်သာအောင်လေနဲ့မှုတ်ပေးနေသေးတဲ့ ဂျောင်ဂု..

𝕄𝕣. 𝕄𝕣 Where stories live. Discover now