9

5.3K 303 54
                                    

မျက်နှာခြင်းဆိုင်အခြေအနေမှာ နှစ်ယောက်သား တယောက်က ဂေါက်တံနဲ့ရွယ်လို့ထားသလို တယောက်က ကပ်ကြေးဖြင့်ရွယ်လို့ထားသည်..

တီးးးးးတောင်

" ရားးး ဘယ်သူလည်း "

" ဘယ်သိမှာလည်း "

နှစ်ယောက်သားလက်ထဲက ကိုင်ထားတာတွေကိုလည်းမချသေးသလို အတူတူ အိမ်ရဲ့တံခါးcctv ကိုပြေးကြည့်ကြသည်..cctv မှာပေါ်နေတဲ့သူကြောင့် နှစ်ယောာက်စလုံးမျက်လုံးပြူးမျက်စံပြူးနဲ့ပြိုင်တူအော်မိတော့သည်..

" အမေ!! "
" အမေ!! "

" ရားးဂျွန်ဂျောင်ဂု ဒါတွေဘယ်လိုလုပ်မလည်း "

" သိမ်းလေသိမ်းလေ မြန်မြန် "

ကြမ်းပြင်မှာပြန့်ကျဲနေတဲ့ ဖန်ကွဲစတွေကို သိမ်းဖို့လုပ်လိုက် စားပွဲခုံတွေရွဲ့စောင်းနေတာတွေကို
တည့်လိုက် ကမန်းကတန်းလုပ်နေကြချိန် ဒုတိယအကြိမ်ဘဲလ်သံကြောင့် မထူးတော့တဲ့အဆုံး လုပ်နေတာတွေပစ်ချပြီးအိမ်ရှေ့သို့ပြေးထွက်လာခဲ့ကြသည်.တံခါး ဖွင့်သံနဲ့အတူဝင်လာတဲ့ နှစ်ယောက်စလုံးရဲ့အမေနှစ်ယောက်နဲ့ အိမ်ဖော်အဒေါ်ကြီး..

ထယ်အမေ" ဘာလုပ်နေကြတာလည်းကြာလိုက်တာ ဟမ် မျက်နှာတွေကဘာဖြစ်ထားကြတာလည်း "

" ဟိုလေ အမေ "

ဂျောင်အမေ " နှစ်ယောက်စလုံးအိမ်ထဲဝင်ခဲ့ "

အမေနှစ်ယောက်က သားနှစ်ယောက်ရဲ့ နားရွက်ကိုလိမ်ဆွဲဲကာအိမ်ထဲသို့ဆွဲခေါ်လာခဲ့သည်..အိမ်ထဲရောက်ပြန်တော့ ထပ်မှန်မြင်တွေ့လိုက်ရတာတွေကြောင့် အမေနှစ်ယောက်မှာ နှလုံးရပ်လုမတက်

ဂျောင်အမေ " ဒါဘာတွေဖြစ်ထားကြတာလည်း ဟမ် ဘယ်လိုတွေဖြစ်နေကြတာလည်း "

ထယ်အမေ " လာခဲ့ နှစ်ယောက်စလုံး ငါတို့ရှေ့ ဒူးထောက်ထိုင်ကြစမ်း အဒေါ်ကြီး အဲ့မှာဖန်ကွဲစတွေသေချာလေးရှင်းလိုက်ပါ ကလေးတွေခြေထောက်တွေရှကုန်မယ် ဖုန်စုပ်စက်နဲ့ပါ အကုန်စုပ်ပြီးရှင်းလိုက် ကားဒါရိုက်ဘာကိုသွားခေါ်လာခဲ့ ကွဲနေတဲ့မှန်ဘီဒိုကိုဖြုတ်ခိုင်းလိုက်.. "

𝕄𝕣. 𝕄𝕣 Kde žijí příběhy. Začni objevovat