1. Address (noun) လိပ်စာ။
What's your home address? အိမ်လိပ်စာကဘာလဲ။
I sent the letter to her work address. အလုပ်လုပ်တဲ့နေရာကို စာ ပို့လိုက်တယ်။
My business address is on my card. ကျနော့်ရဲ့ လုပ်ငန်းလိပ်စာက ကဒ်မှာ ပါပါတယ်။
They need the full address, including the postcode. Postcode အပါအဝင် လိပ်စာအပြည့်အစုံလိုပါတယ်။
He gave the police a false address. လိပ်စာအမှားကြီးပေးတယ်။
I've only got his old address. သူ့ရဲ့ လိပ်စာအဟောင်းပဲ ငါ့မှာရှိတယ်။
What's your new address? လိပ်စာအသစ်က ဘာလဲ။
She refused to give me her address. သူ့လိပ်စာကို မပေးဘူး။
Do you know Helen's address? ဟယ်လင့်ရဲ့ လိပ်စာကို သိသလား။
I wanted to write to him, but I've lost his address. စာရေးချင်ပေမဲ့ သူ့လိပ်စာပျောက်သွားပြီ။
We'll need your full name and address. နာမည်နဲ့ လိပ်စာ အပြည့်အစုံ လိုပါတယ်။
You need to inform your bank if there's been a change of address. လိပ်စာပြောင်းရင် ဘဏ်ကို အကြောင်းကြားဖို့ လိုပါတယ်။
2. Address (verb) လိပ်စာတပ်သည်။
The letter was correctly addressed, but delivered to the wrong house. လိပ်စာတပ်ထားတာကမှန်ပေမဲ့ အိမ်မှားပို့လိုက်တယ်။
Address your application to the Personnel Manager. လျှောက်လွှာကို Personnel Manager ဆီပို့ လိပ်မူပို့ပေးပါ။
YOU ARE READING
Oxford 3000
RandomOxford dictionary က ရွေးချယ်ထားတဲ့ အသုံးအများဆုံး၊ အသုံးဝင်ဆုံး စကားလုံး ၃၀၀၀ ကို ရေးသွားမှာ ဖြစ်ပါတယ်။ ဥပမာများကို Oxford အပြင် Cambridge, Longman, Merriam-Webster နဲ့ Collins တို့ကနေ အဓိက ယူမှာ ဖြစ်ပါတယ်။