1. တယောက်တည်း။
I don't like going out alone at night. ညဆို တယောက်တည်း အပြင်ထွက်ရတာမျိုးမကြိုက်ဘူး။
He lives alone. တယောက်တည်း နေတယ်။
Finally the two of us were alone together . နောက်ဆုံးတော့ ဒို့နှစ်ယောက်တည်း အတူတူရှိတော့တယ်။
She was sitting all alone in the hall. တယောက်တည်းထိုင်နေတာ။
Tom is not alone in finding Rick hard to work with. ရစ်နဲ့ အလုပ်လုပ်ရတာ အဆင်မပြေတာ တွမ်တယောက်တည်း မဟုတ်။2. အကူအညီမပါပဲ။
It's hard bringing up children alone. ဘယ်သူ့အကူအညီမှမပါဘဲ ကလေးတွေကို ပျိုးထောင်ရတာ မလွယ်လှဘူး။
The assassin said he had acted alone. လုပ်ကြံသူက သူတယောက်တည်း ဘယ်သူ့အကူအညီမှမပါဘဲ လုပ်ခဲ့တာလို့ ပြောတယ်။3. အထီးကျန်သော။
Carol felt all alone in the world. တယောက်တည်း အထီးကျန်သလို ခံစားရတယ်။
I've been so alone since you went away. မင်းထွက်သွားပြီးကတည်းက ငါ့မယ် တယောက်တည်း အထီးကျန်။
YOU ARE READING
Oxford 3000
RandomOxford dictionary က ရွေးချယ်ထားတဲ့ အသုံးအများဆုံး၊ အသုံးဝင်ဆုံး စကားလုံး ၃၀၀၀ ကို ရေးသွားမှာ ဖြစ်ပါတယ်။ ဥပမာများကို Oxford အပြင် Cambridge, Longman, Merriam-Webster နဲ့ Collins တို့ကနေ အဓိက ယူမှာ ဖြစ်ပါတယ်။