အပိုင်း ၂၁

305 35 12
                                    


"ဗုန်းးးးးး"

"အဲ့တာတွေကဘာတွေလဲ ဒီလိုအသုံးမကျတာတွေတင်ပြဖို့ မင်းရဲ့အချိန်တွေကိုအကုန်ခံနေတာလား"

စားပွဲပေါ်ပစ်တင်လိုက်တဲ့ဖိုင်တွဲကြောင့် အားလုံးခေါင်းမမော့ရဲကြ။တိတ်ဆိတ်နေတဲ့ Meeting Roomက သူ့ဒေါသတွေကိုသာ ပိုတိုးလာစေသည်။

"နောက်တစ်ပါတ်မှာ ပိုကောင်းတဲ့ရလာဒ်ကိုလိုချင်တယ် မလုပ်နိုင်ဘူးထင်ရင် အကုန်ထွက်ကြ"

ပြောရင်းထိုအခန်းမှထွက်လာခဲ့တော့ ကျောက်စက်ကနောက်မှပါလာသည်။ခြေလှမ်းကျယ်ကြီးတွေနောက် အပြေးအလွှားလိုက်နေသူက သူ့ဒေါသကိုသိ၍ ဘာမှပြောမလာ။

အခန်းထဲပြန်ရောက်တော့ အပေါ် Coatကိုချွတ်ကာ Sofaထက်ပစ်တင်ပစ်သည်။လူပါဝင်ထိုင်လိုက်ရင်း Shirtအင်္ကျီကြယ်သီးအ​ပေါ်နှစ်လုံးဖြုတ်ပစ်လိုက်မှ စိတ်ကျဥ်းကြပ်မှုကအနည်းငယ်သက်သာသွားသည်။

"ကိုCean စားချင်တာတစ်ခုခုရှိလား နေ့လည်စာမစားရသေးဘူးမှတ်လား"

"ဘာမှမစားချင်ဘူး ခဏနေHorizon ဆီသွားမှာ သူနဲ့စားလိုက်မယ်"

"ညနေ Dinnerကိုရော ကိုCeanတက်ဖြစ်မှာလား"

"မတက်ဖြစ်လောက်ဘူး ငါ့အစားမင်းပဲသွားလိုက်တော့ ငါသွားစရာရှိသေးလို့ "

"ဟုတ်ကဲ့ အဲ့တာဆို ကျွန်တော်သွားတော့မယ်နော်"

"OK"

တစ်ယောက်တည်းကျန်ခဲ့တဲ့အခန်းထဲ တိတ်ဆိတ်ခြင်းတွေသာ ပြည့်နှက်နေသည်။တိတ်ဆိတ်မှုဆိုတာ အတွေးများစေဖို့အတွက် တွန်းအားတွေပါပဲ။

စိတ်ထဲအလိုမကျခြင်းတွေက ဘာကိုဘယ်လိုဖြစ်စေချင်နေသည်မသိ။အိပ်ယာထတဲ့အချိန်မှစကာ အိပ်ယာဝင်ချိန်အထိ သူ့စိတ်ထဲတစ်ခုခုလိုအပ်နေသလိုမျိုး။

ဖုန်းထဲရှိခဲ့ဖူးသည့်နံပါတ်ဟောင်းလေးတစ်ခုကတောင် အမည်မသိဒဏ်ရာတစ်ခုလို။အမည်မတပ်ထားမိတဲ့ ထိုဂဏာန်းလေးတွေ စိတ်ထဲမှာစွဲထင်နေတာ သူဉာဏ်သိပ်ကောင်းလို့ဖြစ်မှာ။

အပြင်ဘက်ရာသီဥတုကသိပ်ပူနေမှာ။ Airconခန်းထဲထိုင်နေတဲ့ သူရင်တွေပူနေတာသာကြည့်။နွေရာသီနဲ့အတူ အရည်တွေပျော်ကျခမန်း။

OCEAN (or)သမုဒ္ဒရာပိုင်တဲ့လခြမ်းငယ်ငယ် OCEAN (or)သမုဒ္ဒရာပိုင်တဲ့လခြမ်းငယ်ငယ်Där berättelser lever. Upptäck nu