Part 13

4.3K 217 11
                                    

I think I love You💞

Part 13

Unicode

ကစားကွင်းမှာ ကစားပြီးတော့ ဝမ်ချင်ရဲ့ ဆိုင်ဆီသို့ သွားဖို့ ကားကို ဦးတည်လိုက်ကြတယ်...

ရိပေါ်နဲ့ Xiao zhan တို့ကားထဲ ကျိုးချန်က လိုက်ပါလာပြီး..ရွယ်ယမ်နဲ့ရှင်းချန်တို့ကားထဲ ယွီပင်းက လိုက်လာလေသည်..

ကျင်းလင်က အိမ်ကဖုန်းဆက်ခေါ်တာကြောင့် ပြန်သွားတော့..စစ်ကျွေးကလည်း ကျင်းလင်နဲ့တစ်ခါတည်း ပြန်လိုက်သွားလိုက်တယ်..

အတွဲတွေကြား Fa တစ်ယောက်စီ ပါနေတယ်လေ..😁

ကျန်းချန်က Xiao zhan တို့ကားနဲ့ပါလာ တာက Xiao zhan ကြောင့်ပေါ့..

Xiao zhan က ကျန်းချန် ကို အတင်းခေါ်လာတာလေ..

သူနဲ့ဝမ်ရိပေါ်နှစ်ယောက်ထဲ သွားရင် သူ့နှလုံးသားက ခုန်နေတာကြောင့် နေရခက်တယ် မဟုတ်လား..😁

ကျန်းချန်ပါတော့ စကားပြောဖော်လေးဘာလေး ရအောင်ဆိုပြီး ဆွဲခေါ်လာတာ..

အဲ့တာကို ကျန်းချန်က ကားပေါ်လဲရောက်ရော စကားတစ်ခွန်းမှမပြောဘဲ ဖုန်းပွတ်နေသည့် အပြင်..ဖုန်းပွတ်လို့ဝတော့ အိပ်နေလေရဲ့...

*တော်တော် အားကိုးရတဲ့ ကျန်းချန်*
Xiao zhan စိတ်ထဲက တွေးလိုက်မိသည်..

Xiao zhan လည်း ပျင်းတာနဲ့ ပြတင်းပေါက် အပြင်ဘက်ကို ကြည့်နေလိုက်တယ်..

ကြည့်ရင်းနဲ့ အိပ်ချင်လာတာနဲ့ ဖုန်းကို ဖွင့်ပြီး သီချင်းဖွင့်လိုက်တယ်..

အိပ်ပျော်သွားရင် နိုးမှာမဟုတ်တော့ဘူး..😐
ဆိုင်ကို ရောက်ဖို့ကလဲ တစ်နာရီလောက် ကျန်သေးတယ်..အိပ်ရင်လဲ တစ်နာရီထဲနဲ့မဝ..

အိပ်ချင်နေတဲ့ မျက်စိကိုသာ အတင်းပြူးထားရသည်..

သီချင်းဖွင့်လိုက်တော့..Wang yibo က ကားမောင်းရင်း ကျနော့်ကို ကြည့်လာတယ်..

ကျနော်လဲ မသိချင်ယောင်ဆောင်ကာ နေလိုက်တော့သည်..

လာနေတဲ့ သီချင်းလေးက Wuji တဲ့... သီချင်းဆိုနေတဲ့အသံလေးတွေက အရမ်းကို ချိုသာတယ်..ကျနော် အကြိုက်ဆုံး အဆိုတော်နှစ်ယောက် ဆိုထားတာလေ..

I think I love you💞(Uni+Zawgyi)Where stories live. Discover now