Final

7.2K 291 13
                                    

I think I Love You💞

Part 17(final)

Unicode

ဘာလိုလိုနဲ့ Xiao zhanနဲ့Wang yiboလက်ထပ်ခဲ့တာ နှစ်နှစ်နီးပါးရှိနေပြီလေ

နှစ်နှစ်သာရှိနေတာ Xiao zhanနဲ့Yiboအခြေအနေကအရင်အတိုင်းပင်..

တစ်ယောက်နဲ့တစ်ယောက် ချစ်နေကြပေမဲ့ နှစ်ယောက်လုံး ဖွင့်မပြောခဲ့ကြ

ဒီတိုင်းလေးပဲ တစ်ယောက်အိပ်ချိန်တစ်ယောက်ငေးကြည့်လိုက် ခိုးနမ်းလိုက် ရန်ဖြစ်လိုက်နဲ့ ပေါ့...

Xiao zhanလည်းလိမ်မာလာပြီလေ။အရင်ကလို လျှောက်သွား မနေတော့ပဲ သူဝါသနာပါတာကို သိသွားပြီဖြစ်တဲ့အတွက် ဝါသနာပါတဲ့ ဒီဇိုင်းဆွဲတာကိုပဲ လုပ်နေတော့သည်...

တစ်ခါတရံ Wang company အတွက် ဒီဇိုင်းဆွဲပေးတယ်လေ။

Wang yibo လား။သူကတော့ စီးပွားရေး လုပ်ငန်း ရှင်တွေရဲ့ အထင်ကြီးလေးစားခြင်းကို ခံနေရတဲ့ သူတစ်ယောက်ပေါ့...

ဘေးနားမှာလဲ မိန်းကလေး တွေ ဝိုင်းဝိုင်းလည် လို့။

ဒါပေမဲ့ Xiao zhan အံသြမိတာက Wang yibo က မိန်းကလေးတွေကို တစ်စက်မှ စိတ်ဝင်စားတဲ့ပုံမပေါ်တာကြောင့်ပင်။

ဘယ်လောက်ချောချော Wang yiboကအရေးမစိုက်ဘူးလေ။

Wang yibo က လက်ထပ်ပြီးသားမှန်းသိတာတောင် Wang yibo ဘေးနားက ထွက်မသွားကြတဲ့ မိန်းကလေး တွေ။

ကျန်းချန်တို့ကတော့ အဆင်ပြေနေတယ်လေ။

ယွီပင်းရဲ့ကူညီမှုတွေကြောင့် ဝမ်ချင် နဲ့ အဆင်ပြေနေပြီ။ ယွီပင်းနဲ့သတင်းတွေထွက်နေတာတွေကတော့ မရပ်သေး။

ထွက်မယ်ဆိုလဲထွက်ချင်စရာပဲလေ..
နှစ်ယောက်ကအမြဲတူတူသွားနေကြတာကိုး။

ရှင်းချန်နဲ့ရွယ်ယမ်ကတော့ မကြာခင်လက်ထပ်တော့မာလေ ။ သူတို့က Wang company,ကနေအလုပ်ထွက်ပြီး ကိုယ်ပိုင်companyတည်ထောင်ထားကြတယ်လေ။

သူတို့ မင်္ဂလာပွဲ အတွက်စီစဥ်နေကြတယ် လို့ကြားမိတယ်။Xiao zhan သူငယ်ချင်းတွေနဲ့ ဖုန်းပဲပြောဖြစ်တော့တယ်လေ။

မသွားဖြစ်တော့။ ဒီဇိုင်းဆွဲတာဘက် အာရုံရောက်နေလို့ရယ် သူအားတော့ သူငယ်ချင်း တွေက မအားတာကြောင့်ရယ် နဲ့ မတွေဖြစ်။

I think I love you💞(Uni+Zawgyi)Where stories live. Discover now