Chapter 8

700 67 3
                                    

"ကော စိတ်ဆိုးပြေပြီလားဟင်"

ရှောင်းကျန့်အိပ်ခန်းထဲကထွက်လာတော့တွေ့လိုက်ရတာမျက်ကွင်းတွေညိုပြီးဆိုဖာပေါ်ထိုင်နေတဲ့သူ့ကလေးလေး။ တစ်ညလုံးကောင်းကောင်းမအိပ်နိုင်ဘူးထင်။ မျက်ကွင်းအနည်းငယ်ကျနေပြီး ပါးလေးတောင်ပိန်သွားသယောင်ယောင်။

"ရိပေါ်၊ ညကမအိပ်ဘူးလား"

"ကျန့်ကောကလည်းမေးရက်တယ်၊ ကျွန်တော်ကအမြဲကောကိုပဲဖက်အိပ်မှအိပ်ပျော်တာ၊ ညကကောမှဘေးမှာမရှိတာ"

ရင်ခွင်ထဲခေါင်းတိုးကာပွတ်သက်နေသောခွေးပေါက်လေးကိုရှောင်းကျန့်စိတ်မကောင်း။ သူမဟုတ်တာနဲ့သ၀န်တိုမိသွားလို့ခွေးပေါက်လေးပင်ပန်းရတာ။ ခွေးပေါက်လေးကသူကလွဲပြီးဘယ်သူ့ကိုမှမျက်လုံးထဲမထည့်တာသူသိပြီးသား၊ ဒါကိုဘာလို့သဘောထားသေးသိမ်မိတာပါလိမ့်။ ဒါပေမဲ့ရှောင်းကျန့်ကလည်းအများအမြင်မှာအပြုံးအချိုနဲ့တည်ငြိမ်ရင့်ကျက်သူဆိုပေမဲ့ ရိပေါ်နဲ့ပတ်သက်လာရင်ကလေးလိုဖြစ်သွားတတ်တာသူပဲအသိဆုံး။

"ကောတောင်းပန်ပါတယ်၊ ရိပေါ်ရယ်၊ ကောကြောင့်ရိပေါ်လေးပင်ပန်းရပြီ"

"ကောဘာကြောင့်စိတ်ဆိုးသွားလဲကျွန်တော်မသိပေမဲ့ ကျွန်တော်ကောကိုအရမ်းချစ်တာတော့သိပေးထား"

"သိပါတယ်၊ ခွေးပေါက်လေးရယ်၊ ကလေးလေးမှာဘာအပြစ်မှမရှိဘူး"

"အား၊ ကောရဲ့ကိုယ်သင်းနံ့လေး၊ လွမ်းလိုက်ရတာဗျာ"

ပိုပြီဒီကောင်လေးကတော့၊ ညကသူအခန်းထဲမ၀င်ခင်အထိသူ့ကိုလိုက်ဖက်တွယ်နေခဲ့သေးတာကိုခုတော့ တစ်နှစ်လောက်‌ေ၀းထားရသူကြီးအသံနဲ့။

"ကဲ၊ ဒီလောက်ပဲဖက်၊ ရှုတင်သွားရဦးမှာမလား"

ရင်ခွင်ထဲ၀င်ပြီးတိုး‌ေ၀ှ့နေရင်းကပါးကြီးဖောင်းပေးလာသောကလေးပေါက်လေးကြောင့်ရှောင်းကျန့်ကြည်နူးရပြန်သည်။ ထော်နေသောနှုတ်ခမ်းလေးကိုဖိကပ်နမ်းရှိုက်လိုက်ပြီး

"ကဲသွား၊ ရေချိုးတော့၊ မန်နေဂျာလာရင်စောင့်နေရဦးမယ်"

ဖိကပ်လာသောနှုတ်ခမ်းသားပါးပါးလေးကိုတရှိုက်မက်မက်ပြန်နမ်းရင်းနှုတ်ခမ်းအောက်ကမှဲ့လေးကိုပါရိုးရာမပျက်အနမ်းပေးပြီးမှကလေးပေါက်က‌ရေချိုးခန်းထဲ၀င်သွားသောကြောင့်ရှောင်းကျန့်ကြည်နူးခြင်းတစ်၀က်၊ ရှက်ပြုံးလေးတစ်၀က်နှင့်။

Yizhan's Diary💚❤️ Part -IOù les histoires vivent. Découvrez maintenant