Chapter 26

340 39 2
                                    

"ရီပေါ် ကောချုံချင်းကိုရိုက်ကူးရေးသွားရမယ်"

"ဘယ်လောက်ကြာမှာလဲကော"

"တစ်ပတ်လောက်ဖြစ်မလားမသိဘူး'

"ကျွန်တော်လဲလိုက်ချင်လိုက်တာ၊ မားတို့ဆီလဲမရောက်တာကြာပြီ၊ မားတို့ပဲကျွန်တော်တို့ဆီလာနေတာ၊ ကျွန်တော်တို့ကတစ်ခါမှမသွားရဘူး"

"ဒါပေမယ့် ရီပေါ်အလုပ်တွေရှိသေးတယ်မလား၊ ‌ကောမားတို့အိမ်မှာပဲတည်းတော့မလို့၊ ကျင်းကော်ကိုလည်းတစ်ခါတည်းခေါ်သွားမယ်လေ"

"အင်းပါ၊ ဟိုရောက်ရင်ကျွန်‌တော့်ကိုဖုန်းဆက်ဦးနော်"

"ဟုတ်ပါပြီကွာ"

ကုတင်ဘေးတွင် luggage ထဲအင်္ကျီတွေထည့်နေသည့်ရှောင်းကျန့်ကို ရီပေါ်နောက်မှသိုင်းဖက်လိုက်သည်။

"ခွဲရဦးမယ်ကောရာ"

"ကောအားရင်ခွေးပေါက်လေးဆီပြန်လာပါ့မယ်၊ ဟုတ်ပြီလား"

"ကော ကိုယ်နံ့လေးကမွှေးနေတာပဲ"

ရှောင်းကျန့်လည်ဂုတ်ကိုနှာခေါင်းနှစ်ကာနမ်းရှုံ့နေပြန်သည့်ရီပေါ်ခေါင်းကိုလက်နောက်ပြန်ပုတ်ပေးလိုက်သည်။

"ချွဲမနေနဲ့တော့ခွေးပေါက်လေး၊ ကောညစာသွားပြင်ဦးမယ်၊ လိုက်ကူမလား မကူရင်လည်းအိမ်ရှေ့မှာတီဗီကြည့်ပြီးစောင့်နေ"

"ကူမှာ ကူမှာ"

ရှောင်းကျန့်ညစာကိုပေါ့ပေါ့ပါးပါးခေါက်ဆွဲလေးပဲလုပ်စားလိုက်မယ်စဥ်းစားသည်။ လက်လုပ်ခေါက်ဆွဲလုပ်ဖို့ပြင်နေတုန်း ရီပေါ်ကစကိတ်တစ်စီးနှင့်အနားရောက်လာသည်။

"ရီပေါ် မင်းအိမ်ထဲမှာနေတုန်းစကိတ်မစီးပါနဲ့လား၊ ကြမ်းပြင်တွေအစင်းရာထင်ကုန်မယ်"

"ကောကလဲ ကျွန်တော်ကအကျင့်ပါနေလို့ကို"

အောက်နှုတ်ခမ်းကိုထော်ကာမျက်လုံးအ၀ိုင်းသားလုပ်ပြနေရီပေါ်ကြောင့်ရှောင်းကျန့်ပြောမယ့်စကားများလည်ချောင်းတွင်ပြန်လည်လျှောကျသွားသည်။

"ထားတော့ ထားတော့၊ မင်းအသီးအရွက်ဆေးပေး"

"ပေး ပေး ကျွန်‌တော်ဆေးပေးမယ်"

Yizhan's Diary💚❤️ Part -IOù les histoires vivent. Découvrez maintenant